သတင်း

တပ်မတော်ကို အကြီးအကျယ် တိုက်ခိုက်ရန် ARSA ပြင်ဆင်နေဟု အိန္ဒိယ ဆို

ဘင်္ဂါလီ အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာအပေါ် အနောက်နိုင်ငံများ၏ ဖိအား ပြင်းထန်နေချိန် မြန်မာ့ တပ်မတော် ကို ဘင်္ဂါလီ အကြမ်းဖက်များက အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အိန္ဒိယ ထောက်လှမ်း ရေး အစီရင်ခံစာကို ကိုးကား၍ အိန္ဒိယသတင်းဌာန DNA ကဆိုသည်။

ယင်းသတင်းတွင် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အကြမ်းဖက် အဖွဲ့သည် မြန်မာစစ်သားများကို လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ရန် ကြံစည်နေသည်ဟု ယူဆရပြီး အကြမ်းဖက်သမား ၃၀၀ ခန့်သည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ တမ်ဘလူ နယ်စပ်ဒေသတွင် ဘင်္ဂါလီများနှင့် ရောနှော ရောက်ရှိနေပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

“ARSA က ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဂျီဟတ်ဝါဒီတွေဆီက လက်လုပ်လက်နက်အများအပြားကို စုဆောင်းနေပြီး အသေခံ ဖောက်ခွဲရေး အင်္ကျီတွေလည်း ရထားတယ်။ အာဆာတပ်မှူး နူရူမီယာက ဒီအကြံအစည် နောက်ကွယ်က အဓိကလူပဲ” ဟု ထောက်လှမ်းရေးဌာနမှ အဆင့်မြင့်သတင်းရင်းမြစ်တခုကို ကိုးကား၍ Zee News ကလည်း ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့ ထုတ်ပြန်သည့် ARSA ၏ ကြေညာချက်တွင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများ ခံစားနေ ရ သော ဒုက္ခများအတွက် စိုးရိမ်ကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်သော စစ်တပ်နှင့် အကြမ်းဖက် မြန်မာ အစိုးရ၏ရန်မှ ၎င်းတို့ ၏ အသိုင်းအဝန်းကို ကာကွယ်ရေး ဘုံရည်မှန်းချက် အောက်တွင် ညီညွတ်ကြရန် တိုက်တွန်းထားသည်။

ARSA က ထွက်ပြေး ဘင်္ဂါလီများကို ညှဉ်းပန်းနှိပ်စက်မှုမှ ကာကွယ်ရန် ၎င်း၏ တရားဝင် အခွင့်အရေး၊ ဘိုးဘွားပိုင် နေရာ သို့ လုံခြုံသိက္ခာရှိစွာ ပြန်နိုင်ရေးတို့ကိုလည်း ထိုစာတွင်ဖော်ပြထားပြီး မူးယစ်ဆေးဝါး၊ လူကုန်ကူးခြင်းနှင့် အကြမ်း ဖက်ခြင်းများ ကို ခွင့်မပြုရန်လည်း ရိုဟင်ဂျာများကို တိုက်တွန်းသည်။

ARSA သည် မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နိုင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ လူသစ်များ စုဆောင်းနေကြောင်း၊ ၎င်းတို့သည် ရိုဟင်ဂျာများကို အစွန်းရောက်အောင် စည်းရုံးသိမ်းသွင်းပြီး လက်နက်များ ပေးနေကြောင်း နယူးဒေလီ ရှိ ပြည်ထဲရေး ဝန်ကြီးဌာန သတင်း ရင်းမြစ်တခုက ပြောသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက် အဖွဲ့သည် မြန်မာ အစိုးရ၏ နယ်စပ်ကင်းစခန်းများကို တိုက်ခိုက် ကာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခဲ့ပြီး၏ တပ်မတော်မှ နယ်မြေ ရှင်းလင်းမှုများကြောင့် ဘင်္ဂါလီများ ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။

ထို အစွန်းရောက်အကြမ်းဖက်သမားများသည် ဟိန္ဒူဘာသာဝင် အမျိုးသား၊ အမျိုးသမီး၊ ကလေး စုစုပေါင်း ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှု ဒါဇင်ပေါင်းများစွာ၊ သေမှုသေခင်း စစ်ဆေးသူများက ရိုက်ကူးထားသော ဓာတ်ပုံများကို အခြေခံ၍ ARSA တိုက်ခိုက်ရေးသမားများသည် ထိုတိုက်ခိုက်မှု ဖြင့် ဟိန္ဒူ ဘာသာဝင်များနှင့် အခြားလူမျိုးစုများကြားတွင် ထိတ်လန့်အောင် လုပ်ဆောင်ခဲ့သည်ဟု AI ကဖော်ပြသည်။

ပါကစ္စတန်ထောက်လှမ်းရေးဌာန Inter Services Intelligence (ISI) သည် မြန်မာတပ်များကို တိုက်ခိုက်နိုင်ရန် ARSA သို့ လိုအပ်သော ပစ္စည်းများနှင် ငွေကြေးများ ပံ့ပိုးပေးနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

Lashkar အကြမ်းဖက်သမား များသည်လည်း ARSA အကြမ်းဖက်သမားများကို ၎င်းတို့စခန်းများတွင် လေ့ကျင့်ပေးနေ သည်ဟု အချို့သတင်းများက ဆိုသည်။

Loading