သတင်း

စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု ANP လူငယ်တဦး ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တဦးသေဆုံး သည့်အမှုနှင့်ပတ် သက်ပြီး ရခိုင်အမျိုး သား ပါတီ (ANP) ပါတီမှ လူငယ်တဦးဖြစ်သူ ကိုမေယုထွန်း(ခ) ဇော်ဝင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ကိုမေယုထွန်း (ခ) ဇော်ဝင်းကို ယနေ့နေ့လည်က လောကနန္ဒာ ဘုရားကြီး အနီးတွင် စစ်တွေ နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၏ လာရောက် ဖမ်းဆီးခြင်းဖြစ်သည်။

စစ်တွေနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ် အေးကျော်က “ မေယုထွန်း(ခ) ဇော်ဝင်းကို ဒီနေ့ ၁၂ နာရီ ၃၀ မှာ ဖမ်း လိုက်ပါတယ်။ ဖမ်းတာကတော့ ကိုဖိုးလုံးသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ ရရှိ ထားတဲ့ အချက်အလက်ရပါ ခေါ်ယူ စစ်ဆေးဖို့ ဖမ်းတာပါ ” ဟု သတင်းထောက်များကို ပြောသည်။

ကိုမေယုထွန်း (ခ) ဇော်ဝင်းသည် ရသေ့တောင်မြို့နယ် ဦးကာကျေးရွာမှ ဖြစ်ပြီး ရခိုင်အမျိုးသား (ရန်ကုန်)ရုံးတွင် ယခုနှစ် အတွင်းက ပါတီဝင်အဖြစ် ဝင်ရောက်ကာ ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ်မှ ပါတီ အောင်နိုင်ရေး လုပ် ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသူ တဦးဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဌ ဖြစ်သူ ဦးခိုင်ပြည်စိုးကတော့ စဖရ တပ်ဖွဲ့ဝင် ကိုဖိုးလုံး(ခ) ဝင်းထိုက် သေဆုံးမှုနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ လုံးဝ အဓိပ္ပါယ် မရှိကြောင်း ပြောသည်။

ဦးခိုင်ပြည်စိုးက “ကိုဖိုးလုံး သေဆုံးတာနဲ့ပတ်သက်လို့ အားလုံးလည်း ဝမ်းနည်းကြပါတယ်။ ဒါပေမဲ့ ကိုဖိုးလုံးသေဆုံးတဲ့ အမှုနဲ့ဖမ်းတယ် ဆိုတာကတော့ လုံးဝ အဓိပ္ပါယ်မရှိဘူး ။ ကိုဖိုးလုံး သေဆုံးတဲ့နေ့ က မေယုထွန်းဟာ ရသေ့တောင် မူစဲကမ်း မှာ မဲဆွယ်စည်းရုံးရေး သွားနေတာ” ဟု ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ANP လူငယ် ကိုမေယုထွန်း (ခ)ဇော်ဝင်းကို စစ်တွေနယ်မြေရဲစခန်းမှ အမှုဖွင့် ကာ လက်ရှိအချိန် တွင် စစ်တွေမြို့မ ရဲစခန်းတွင် စစ်ဆေးနေကြောင်းလည်း သိရသည်။

ကိုမေယုထွန်းအား ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး စစ်တွေနယ်မြေရဲစခန်းက ပ / ၉၀ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ပြီး စစ်တွေမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၂၂ ရက်နေ့ထိ ချုပ်ရမန်ယူထားကြောင်း ရဲအုပ်အေးကျော်က ဆိုသည်။

အဆိုပါ ကိုဖိုးလုံးသေဆုံး အမှုနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၉ ရက်ကလည်း စစ်တွေအဝေးသင် တက္ကသိုလ် ကျောင်းသားတဦးဖြစ်သူ ကိုအောင်ချေ (ခ) အောင်ဇော်လင်း ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး လက်ရှိအချိန်အတွင် ယင်းအမှုကြောင့် ဖမ်းဆီးခံရသူမှာ လူ ၇ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့လယ် ဝင်္ကဘာကွင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၉ နာရီ အချိန်ခန့်က စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့တွင် တပ်ကြပ်အဆင့် ရှိသူ ကိုဖိုးလုံး(ခ)ဝင်းထိုက် မှာ ပစ်သတ်ခံရ၍ သေဆုံးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading