• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြောင်းလဲ ကောက်ခံမည့် မီတာခ နှုန်းထားသစ် ထုတ်ပြန်ရန်ရှိ

by မိုးမိုး
12 October 2018
in သတင်း
A A
ရန်ကုန်မြို့ သာကေတ သီတာ ၂ ဓာတ်အားလိုင်း ပြုပြင်မှုများ ပြုလုပ်နေစဉ်  / YESC

ရန်ကုန်မြို့ သာကေတ သီတာ ၂ ဓာတ်အားလိုင်း ပြုပြင်မှုများ ပြုလုပ်နေစဉ် / YESC

22.7k
VIEWS
Share on FacebookShare on Twitter

လျှပ်စစ် မီတာခ ပြောင်းလဲ ကောက်ခံရန်အတွက် နှုန်းထားသစ်ကို အစိုးရက ချိန်ဆ နေရသည့် အတွက် မကြာခင် ထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။

ဝန်ကြီးဌာန၏ ဒုတိယ အမြဲတမ်း အတွင်းဝန် (လျှပ်စစ်) မှ ဦးစိုးမြင့်က“အကြမ်းဖျင်းတော့ လျာထားပြီးသားပါ။ သို့ သော် ထုတ်ပြန်သင့်တဲ့ အချိန်ကျရင် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ အကုန်လုပ်ပြီး သွားပါ ပြီ။ ဒီ အစိုးရ သက်တမ်း အတွင်းမှာ ဖြစ်နိုင်ပါတယ်”ဟု အောက်တိုဘာ ၁၀ ရက်က မီဒီယာများအား ပြော သည်။

RelatedPosts

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
0
ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
173
သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
154

လျှပ်စစ် မီတာခ နှုန်းထားများ အသစ်ပြန်လည် ပြင်ဆင်၍ ကောက်ခံမည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံအတွင်းရှိ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစ ရှိသည်များနှင့် ကိုက်ညီမှု ရှိရန် အတွက် ချင့်ချိန်နေရ သဖြင့် ထိုကဲ့သို့ အချိန် ကြာမြင့်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်သူ လူထုအား လက်ရှိနှင့် မတူသည့် လျှပ်စစ် ဝန်ဆောင်မှုများ တိုးမြှင့်ပေးရန် အထူး ကြိုးစားနေကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် (စွမ်းအင်) မှ ဦးဌေးအောင်ကလည်း ဧရာဝတီသို့ ပြောကြား ထားသည်။

“လျှပ်စစ်မီတာခ ပြောင်းလဲ ကောက်ခံမည့် ပုံစံမှာ လျှပ်စစ် သုံးစွဲမှု ယူနစ်နှုန်းနဲ့ ကောက်ခံမလား၊ လူတန်းစား အလိုက် အလွှာနှုန်းနဲ့ ကောက်ခံမလား ဆိုတာ ဒါတွေကို ကျနော်တို့ အများကြီး စဉ်းစားနေပါတယ်။ ခရီးရောက်နေတဲ့ အတွက် မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်”ဟု ဦးဌေးအောင်က ပြောသည်။

လက်ရှိတွင် အိမ်သုံး အတွက် ၁ ယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ် ငန်းသုံး အတွက် တယူနစ်လျှင် အနိမ့်ဆုံး ငွေကျပ် ၅၀ မှ အမြင့်ဆုံး ၁၅၀ ကျပ် အထိ အလွှာအလိုက် သတ်မှတ် ကောက်ခံ လျက် ရှိသည်။

လှှိုင်သာယာ စက်မှုဇုန်၏ နာယက ဖြစ်သူ ဦးမြတ်သင်းအောင်က အစိုးရ အနေဖြင့် လျှပ်စစ်ကဏ္ဍ အတွက် စိုက်ထုတ် အသုံးပြုနေရခြင်းမှာ အိမ်သုံး တယူနစ် ၃၅ ကျပ်နှုန်းဖြင့် ဖြန့်ဝေနေမှုမှာ မီးထွန်းရုံမကဘဲ လေအေးပေးစက်များ၊ ရေခဲ သေတ္တာ အသုံးပြုခြင်းကို ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံနေသဖြင့် အရှုံးပေါ်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဇိမ်ခံ ပစ္စည်းများ အသုံးပြုမှု အတွက် နှုန်းထား တမျိုး ကောက်ခံခြင်းဖြင့် အရှုံးကို ကာမိနိုင်ကြောင်း သုံးသပ် ပြောဆိုသည်။

“တိုးကောက်မယ် ဆိုရင်တော့ မပေးနိုင်ရင်လည်း ပိတ်တဲ့ စက်ရုံက ပိတ်ရမှာပေါ့။ ယှဉ်ပြိုင်မှု အားနည်းလာရင် မပိတ် ရင် တောင် ထုတ်လုပ်မှု ကျသွားတာပဲ။ အခုတောင် လုပ်အားခ တက်လာတော့ ထုတ်လုပ်မှု လျှော့ထုတ်လာကြတာ ရှိတယ်။ မီးလည်း အဲဒီလိုပဲ ဈေးများရင် လျှော့ထုတ်လာကြမှာပေါ့လေ”ဟု ၎င်းက ပြောသည်။

စီးပွားဖြစ် ထုတ်လုပ်နေသည့် စက်ရုံများ အနေဖြင့် လက်ရှိ ကောက်ခံနေသည့် နှုန်းထားထက် တိုးမြှင့် ကောက်ခံမှုများ ရှိ လာမည်ဆိုပါက အခက်ခဲများ ရှိလာနိုင်ကြောင်း လုပ်ငန်းရှင် တချို့ထံမှ သိရသည်။

ပြောင်းလဲ ကောက်ခံမည့် နှုန်းထား အသစ်မှာ အခြေခံ လူတန်းစားများ အသုံးပြုနေသည့် နှုန်းထားများ တိုးမြှင့် ပြောင်း လဲ ခြင်း မရှိဘဲ၊ လုပ်ငန်းသုံးနှင့် ဇိမ်ခံ အသုံးပြုသည့် လျှပ်စစ်နှုန်းထားများကိုသာ တိုးမြှင့် သတ်မှတ်မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

နေပြည်တော် ဘောဂသီရိ ကားကွင်းရှိ ကားဝပ်ရှော့ တည်ထောင်ထားသည့် လုပ်ငန်းရှင် ဦးရန်နိုင်က“တိုးကောက် လည်း ပြဿနာ မရှိဘူး။ အဓိက စီးပွားလုပ်ငန်း လည်ပတ်နေဖို့ အရေးကြီးတယ်။ အဓိက မီးမှန်မှန်နဲ့ လျှပ်စစ် ပြည့် ပြည့် ဝဝ ရရင် အဆင်ပြေပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်မီးသုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်း တိုးတက်လျက် ရှိပြီး၊ ရန်ကုန်တိုင်း တခုတည်း၏ လျှပ်စစ် သုံးစွဲမှုသည် စုစုပေါင်း ထုတ်လုပ်မှု၏ ထက်ဝက်ကျော် (တနေ့လျှင် ၁၂၀၀ မှ ၁၄၀၀ မီဂ္ဂါဝပ် အတွင်း) အသုံး ပြုမှု ရှိနေ ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။

ထို့ကြောင့် လက်ရှိ အသုံးပြုနေသည့် မီတာခ နှုန်းထားကို ပြောင်းလဲ ကောက်ခံရမည့် အနေအထားရှိကြောင်း၊ ကောက်ခံရ သည့် အကြောင်းအရင်းမှာ အစိုးရ အရှုံးပေါ်နေခြင်းကြောင့်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြီးခဲ့သည့် နဝမ အကြိမ် လွှတ်တော် အစည်းအဝေး အပြီးတွင် ဧရာဝတီသို့ ပြောသည်။

ကမ္ဘာ့ဘဏ်၏ ကွင်းဆင်းလေ့လာမှုများ အရ မြန်မာနိုင်ငံအတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက်လျှင် အနည်းဆုံး လျှပ်စစ်မီး ၂ နာရီခန့်သာ အသုံးပြုခွင့်ရနေပြီး အာဆီယံ ဒေသတွင် လျှပ်စစ်မီး အနည်းဆုံးရရှိသည့် နိုင်ငံ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့်က ပြောဆိုထားသည်။

Your Thoughts …
Tags: လျှပ်စစ်မီတာခ နှုန်းထားသစ်
မိုးမိုး

မိုးမိုး

...

Similar Picks:

No Content Available
Next Post
ဇနီးလောင်း Hailey Baldwin နဲ့ အပြင်ထွက်ချိန်မှာ ငိုကြွေးနေတဲ့ Justin Bieber

ချစ်သူဟောင်း Selena Gomez ဆေးရုံတက်နေရလို့ ငိုကြွေးခဲ့တဲ့ Justin Bieber

အောက်တိုဘာလ ၁၁ ရက်နေ့က တပ်သိမ်းမြေ ပြန်လည် ပေးအပ်သည့် အခမ်းအနား  / သမ္မတရုံး

ရခိုင်ပြည်နယ်ရှိ တပ်သိမ်းမြေ ဧက ၃၀၀ ကျော်ကို ပြန်ပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate