သတင်း

လူမှုကွန်ရက်မှာ Unfollow လုပ်ထားသင့်တဲ့သူ အမျိုးအစား ၇ မျိုး

Want create site? Find Free WordPress Themes and plugins.

ဆိုရှယ်မီဒီယာ ကျယ်ပြန့်လာတဲ့ခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်ပိုင်အကောင့်တခုစီတော့ အနည်းဆုံး ရှိကြမှာပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေမလို့ သင့်ရဲ့လူမှုကွန်ရက် စာမျက်နှာမှာလည်း မျိုးစုံတွေ့နေရမှာပါ။

ဒါဆိုရင် သင့်ကို စိတ်အနှောင့်အယှက်၊ စိတ်ဖိစီးမှုတွေ ပေးနိုင်တဲ့သူတွေကိုလည်း ကြုံရနိုင်ပါတယ်။ သူတို့တွေကို ရှောင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Unfollow လုပ်ထားတာပါပဲ။ ဒါဆိုရင် ဘယ်လို လူမျိုးတွေကို Unfollow လုပ်သင့်သလဲ ပြောပြပေးပါမယ်။

(၁) Troller

သူများတွေရဲ့အားနည်းချက်၊ snap ပုံတွေကိုမှ ရွေးပြီး ဟာသအဖြစ် လုပ်တတ်တဲ့သူတွေ သင့်အကောင့်မှ ာရှိနေနိုင်ပါတယ်။ လူတွေဝိုင်းပြီးဟားကြ နောက်ပြောင်ခံနေရတဲ့သူနေရာမှာ သင်သာဆိုရင် ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။ ဒီအရာတွေနဲ့ ဝေးနိုင်မယ့် အကောင်းဆုံးနည်းက လျစ်လျူရှုခြင်းပါပဲ။ လူမှုကွန်ရက်မှာ ဘယ်သူနဲ့မှ ပြိုင်ငြင်းမနေပါနဲ့။ သင့်အတွက် အကျိုးမရှိပါဘူး။

(၂) ရည်းစားဟောင်း

ကိုယ်နဲ့ ရေစက်ဆုံးသွားတဲ့ သူတယောက်ကို ဘာလို့ ခဏခဏကြည့်နေဦးမှာလဲ။ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ အတွက် သူ့ကိုမေ့ထားလိုက်တာက အကောင်းဆုံးနည်းလမ်းပါ။ သူနဲ့ ရည်းစားအသစ် ပလူးပလဲနေတာကို ကြည့်ရင် သင်ပို ခံစားရနိုင်ပါတယ်။ သူငယ်ချင်းစာရင်းက မဖြုတ်ချင်ရင်တောင် unfollow ထားလိုက်ပါ။

(၃) အမြဲထိခိုက် ခံစားလွယ်တဲ့သူ

ကိုယ့်ခံစားချက်တွေ တင်တာတော့ ဟုတ်ပါပြီ။ တနေ့လာလည်း အသည်းကွဲ နောက်တနေ့လာလည်း ကံဆိုး မိုးမှောင်ကျတဲ့အကြောင်း စိတ်ညစ်စရာ ပိုစ့်တွေကို တနေ့ ၄ ခုလောက် မျှဝေနေတဲ့သူရဲ့အကောင့်ကိုလည်း unfollow လုပ်ပါ။ လူတိုင်းမှာ စိတ်ညစ်စရာရှိတာကို အထူးတလည်နဲ့ အမြဲတမ်းလိုလို ပိုစ့်တင်နေတဲ့သူကို ကြည့်ရင်း သင်ပါ စိတ်ဓာတ်ကျသွား နိုင်ပါတယ်။

(၄) ကြော်ငြာသူတွေ

ခင်တဲ့သူမို့လို့ တခါတလေ သူ့ရဲ့ကြော်ငြာတွေအားပေးတာက အကြောင်း မဟုတ်ပါဘူး။ သူကအမြဲလိုလို ကုန်ပစ္စည်းတွေ ကြော်ငြာမယ်၊ သူဘယ်လောက် တော်ကြောင်း အမြဲလိုလို ကြွားနေတဲ့သူတွေကိုလည်း မမြင်ချင်ယောင် ဆောင်ထားသင့်ပါတယ်။

(၅) တက်ကြွလှုပ်ရှားသူ

လူမှုကွန်ရက်မှာ တခုခုဖြစ်ပြီ ဆိုတာနဲ့ ပိုစ့်တွေရှဲပြီး ဆရာကြီးလုပ်တဲ့ သူမျိုးတွေပါ။ သူတို့တွေက အားနေရင် ပရဟိတလုပ်သလိုလို၊ လူမှုရေးအသင်းဖွဲ့တွေမှာ လုပ်အားပေးသလိုနဲ့ လူကောင်းယောင်ဆောင်နေသူတွေပေ့ါ။

(၆) Fisher

တနည်းအားဖြင့်ပြောရင်တော့ အထာပေးတဲ့သူတွေပေ့ါ။ သဘာဝအလှ (natural beauty) ဆိုပြီး မိတ်ကပ်လိမ်းတဲ့ ပုံတွေရိုက်တင်လေ့ ရှိပါတယ်။ ပိုစ့်တွေပေး၊ ပုံတွေအလန်းစားနေ့တိုင်းလိုလို တင်ပြီး အီစီကလီလုပ်ဖို့ လမ်းစ ဖွင့်ပေးသူတွေပါ။

သူတို့ဟာ အမြဲလှနေအောင် ပြုပြင်ထားတာကြောင့် သင့်အကောင့် မျက်နှာစာမှာ သူတို့ပုံတွေမြင်ရတဲ့အခါ ကိုယ့်ကိုယ်ကို မလှဘူူးလို့ အားငယ်စိတ်ဝင်တတ်ပါတယ်။ ဒါကြောင့် ပကာသနတွေနဲ့ ဟန်ဆောင်တဲ့သူတွေကိုလည်း မမြင်ချင်ယောင် ဆောင်တာအကောင်းဆုံးပါ။

(၇) ခရီးအမြဲထွက်နေသူ

ခရီးသွားဘလော့ဂါတွေကို အပြစ် မဆိုသာပေမယ့် သူသူကိုယ်ကိုယ်ထဲမှာမှ မင်းသမီးသဖွယ် ဇိမ်ခံကားကြီးစီးလို့ အကျီအမိုက်စားဝတ်ပြီး ပုံတင်လေ့ရှိသူတွေကိုလည်း မမြင်ချင်ယောင်ဆောင်သင့်ပါတယ်။

ကိုယ်ပိုင်အလုပ်ရယ်လို့ တိတိကျကျလုပ်တာမျိုးကို မတင်ဘဲ အမြဲလိုလို ဓာတ်ပုံဆရာနဲ့ ခရီးထွက်ပြီး ပုံကောင်းကောင်း တင်လေ့ရှိသူတွေကို ကြည့်ရင်း သင်ဟာ လက်ရှိဘဝကို စိတ်ပျက်လာနိုင်ပါတယ်။ ငွေကိုလည်း မတရားသုံးချင်ဖြုန်း ချင်စိတ်ဖြစ်အောင် လှုံ့ဆော်နေတာကြောင့် unfollow သင့်တယ်လို့ The Talko က အကြံပြုထားပါတယ်။

Ref ; www.thetalko.com

Did you find apk for android? You can find new Free Android Games and apps.
Loading