• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြွေဆိပ်ဖြေဆေး ကျေးလက်အထိ ချပေးမည်

by မိုးမိုး
15 October 2018
in သတင်း
A A
မြွေဆိပ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများအား တွေ့ရစဉ် / BPI

မြွေဆိပ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများအား တွေ့ရစဉ် / BPI

7.8k
VIEWS
Share on FacebookShare on Twitter

ဘီပီအိုင် ဟု လူသိများသည့် ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်သည့် မြန်မာ့ မြွေဆိပ်ဖြေဆေးများ ကို ကျေးလက်ဒေသ ကျန်းမာရေးဌာန ၁၇၀၀ ကျော်သို့ လာမည့်နှစ်အတွင်း အခမဲ့ ပေးအပ်တော့ မည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ သတင်းရရှိသည်။

ဘီပီအိုင်ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က “မြန်မာနိုင်ငံ အတွင်းမှာ တောင်သူ လယ်သမားများ မြွေကိုက်ခံရမှု အများဆုံးဖြစ်တာကြောင့် ကျေးလက်ကျန်းမာ ရေးဌာန ၁၇၆၀ အထိကို မြွေဆိပ်ဖြေဆေး လက်လှမ်းမီစေဖို့နဲ့ မြွေဆိပ်ဖြေဆေး ရရှိအောင် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
751
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.8k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
899

အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ မြွေဆိပ်ဖြေ စီမံကိန်း၏ ရလဒ်များ ဆက်လက်အကျိုးဖြစ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနား ခေတ္တရပ်နားချိန်တွင် မီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အဆိပ်ရှိ မြွေပွေးနှင့် မြွေဟောက် အကိုက်ခံရမှုမှာ နှစ်စဉ် ၁ တသောင်းခန့် ရှိပြီး အများစုမှာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြောင်း၊ မြွေဆိပ်ဖြေဆေးကို မြို့နယ်အဆင့် ဆေးရုံများ တွင်သာ ထားရှိသဖြင့် ပြည်သူများ အသက်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် ကျေးလက် ကျန်းမာ ရေးဌာနများအထိ ထားရှိပေးရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ပြင် ကျေးလက်ဒေသရှိ ကျန်းမာရေးမှူးများနှင့် လက်ထောက် ကျန်းမာရေးမှူးများကို မြွေဆိပ် ဖြေဆေး ထိုးနည်း လေ့ကျင့်သင်ကြားပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန (မကူးစက်) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက “အရင်တုန်းက မြွေ ဆိပ်ဖြေဆေးကို အရည်ပုံစံနဲ့ပဲ ရရှိတာ။ အခု နောက်ပိုင်းကျတော့ မြွေဆိပ်ဖြေဆေး ကို စက်မှုဝန်ကြီးဌာနကလည်း အေးခဲ ခေတ်မီစက်ကြီးတွေနဲ့ ထုတ်လုပ်နေပါပြီ” ဟု ဆိုသည်။

ကျေးလက် ကျန်းမာရေးဌာနများသို့ ပေးအပ်မည့် မြွေဆိပ်ဖြေဆေးကို စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး ဌာနချင်း ချိတ်ဆက် ဝယ်ယူ ဖြန့်ဝေသွားမည်ဖြစ်ကာ မြွေဆိပ်ဖြေဆေးကို အရည်(20 ML) တပုလင်း လျှင် ၃၈၀၀၀ ကျပ်နှင့် အေးခဲခြောက်မှာ ၄၈၀၀၀ ကျပ်တို့ဖြင့် အရှုံးခံ ရောင်းချပေးနေကြောင်းလည်း ဦးကိုကိုအောင်ထံမှ သိရသည်။

“အဲဒီလိုပေးနိုင်ပြီ ဆိုရင် မြွေကိုက်ခံရတဲ့ လူနာကို ချက်ချင်း ထိုးပြီးတော့ ဆေးရုံကို ချက်ချင်းလွှဲနိုင် တာပေါ့။ ဖြစ်ဖြစ်ချင်း ထိုးပေးနိုင်တယ်။ အချိန်မှီ ထိုးပေးနိုင်တယ်ဆိုရင် မြွေအန္တရာယ်ကြောင့် သေဆုံး သူတွေ အများကြီး လျော့ကျနိုင်မှာပေါ့” ဟု ရေတာရှည် မြို့နယ်၊ အမတ်ကြီးခုံ ကျေးလက်ကျန်းမာ ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမြင့်ကိုက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်ပြီး မြို့နယ်အဆင့် ဆေးရုံများတွင် မြွေဆိပ်ဖြေဆေး ထားရှိခြင်းကြောင့် အသက်ဆုံး ရှုံးမှု နည်းပါးလာ ကြောင်း၊ ဒေသ အယူစွဲဖြစ်သည့် မြွေကိုက်လူနာများ မန်းမှုတ်ခြင်း၊ မလိုအပ်သည့် တိုင်းရင်းဆေး တိုက်ကျွေးခြင်း ကဲ့သို့ သော အချို့သော အယူမှားများကြောင့်သာ သေဆုံးနေရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်က ဘီပီအိုင်မှ မြွေဆိပ်ဖြေဆေး ၁၂၀၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ထိုအရေအတွက်ထက် တသောင်းခန့် ပိုမို ထုတ် လုပ်မည် ဖြစ်ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်မှစ၍ လာအိုနှင့် ကမ္ဘောဒီးယားသို့ တနှစ်ကို အလုံးရေ ၁၀၀၀ နီးပါး တင်ပို့နိုင် ခဲ့ကြောင်း ဘီပီအိုင် ဆေးရုံ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ဆိုသည်။

၎င်းနိုင်ငံများသို့ တင်ပို့ရခြင်းမှာ မြန်မာနိုင်ငံရှိ မြွေပွေးမျိုးစိတ်များ ရှိနေခြင်းကြောင့် ဖြစ်ပြီး မြွေဆိပ်ဖြေဆေး မတူညီသည့် ဥရောပနိုင်ငံများသို့ တင်ပို့၍ မရကြောင်း သိရသည်။

“အရင်ကဆို မြွေတွေ တအားပေါတာ။ အဲဒီတော့ အကိုက်ခံရတဲ့သူလည်း များတယ်။ ဟိုရွာက အကိုက်ခံရပြန်ပြီ။ ဒီရွာက အကိုက်ခံရပြန်ပြီ၊ မကြာခဏ ကြားရတယ်။ အခု နောက်ပိုင်းကျတော့ လည်ရှည်ဖိနပ် တွေ စီးလာတာတယ်။ အကိုက် ခံရတဲ့သူ နည်းသွားပြီ” ဟု ရေတာရှည်မြို့နယ်၊ ခင်တန်းကျေးရွာမှာ တောင်သူ ဦးဝင်းမြင့်က ပြောသည်။

ဘီပီအိုင်ထုတ် မြွေဆိပ်ဖြေဆေးကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနထံ အဓိက ဖြန့်ဖြူးပေး မည်ဖြစ်ကာ ပြည်တွင်းရှိ ဘီပီအိုင် ဆေးဝါးအရောင်းဆိုင် ၂၈ ဆိုင်၊ City Mart နှင့် Orange ဈေးဝယ်စင်တာများ၌ ဖွင့်လှစ်ထားသော ဘီပီအိုင်ဆေး ဆိုင်များသို့လည်း ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

၁၉၅၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ဘီပီအိုင် ဆေးဝါးစက်ရုံ (အင်းစိန်) တွင် မြွေဆိပ်ဖြေဆေး အပါအဝင် အခြားရောဂါ များနှင့် ဆက်စပ်သည့် ဆေးပြား၊ ဆေးတောင့်၊ ဆေးဆီ၊ ဆေးရည်၊ ထိုးဆေး စသည့် ထုတ်ကုန် ၂၀၀ ကျော် ထုတ်လုပ် လျက် ရှိသည်။

ပြီးခဲ့သည့်နှစ်ကလည်း ဆေးဝါး အသစ် ၁၁ မျိုး ထုတ်လုပ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၉ ဘီလီယံ တန်ဖိုးရှိ ဆေးဝါးများ ထုတ်လုပ်ခဲ့သည်ဟု သိရသည်။

Your Thoughts …
Tags: မြွေဆိပ်ဖြေဆေး
မိုးမိုး

မိုးမိုး

...

Similar Picks:

မြွေကို ပြန်ကိုက်သတ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား (ရုပ်/သံ)

မြွေကို ပြန်ကိုက်သတ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား (ရုပ်/သံ)

by အေမီ
11 July 2024
1.3k

အိန္ဒိယနိုင်ငံ ဘဟာပြည်နယ်မှာ မီးရထားဝန်ထမ်းက သူ့ကိုပေါက်တဲ့ မြွေကို ပြန်ကိုက်သတ်ခဲ့ပါတယ်။

"မြွေတွေက မလှည့်စားတတ်လို့ ကျမ သူတို့ကိုသဘောကျတယ်" ဟု မရွှေလဲ့က ပြောသည် / AFP

မြွေတွေ့လျှင် ‘မြွေမင်းသမီး’ ကို ခေါ်ပါ

by ဧရာဝတီ
11 May 2023
9.9k

"အဆိပ်ပြင်းတဲ့မြွေကို ဖမ်းတဲ့အခါ ၉၀/၁၀ ပဲ။ မြွေကိုက်ခံရမယ့်အလားအလာက ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်" ဟု ၎င်းကပြောသည်။

ဘီပီအိုင်ထုတ် မြွေဆိပ်ဖြေဆေးများ / Dr Khin Maung Lwin၏ facebook မှ ကူးယူဖော်ပြသည်

ကန့်ဘလူစစ်ရှောင်များ မြွေဆိပ်ဖြေဆေး ရရန် ခက်ခဲနေ

by ဧရာဝတီ
11 October 2022
2.4k

အများစုမှာ မြွေပွေးကိုက်ခံရခြင်း ဖြစ်ပြီး ယခုနှစ် ဇွန်လမှ အောက်တိုဘာလ အထိ ၄လကျော်အတွင်း မြွေကိုက်ခံရသူ ၃၀ ဦးထက်မနည်း ရှိရာ ၄ ဦး သေဆုံးခဲ့သည်။ ယခု အောက်တိုဘာ ၉ ရက် နှင့်...

ကန့်ဘလူမြို့နယ်အတွင်းမှ စစ်ရှောင်များ (ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများ)

ကန့်ဘလူဒေသခံများ စစ်ရှောင်ရင်း မြွေကိုက်ခံရမှုဖြစ်စဉ် များလာ

by ဧရာဝတီ
20 June 2023
4k

ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ကိုးတောင်ဘို့၊ ထန်းကုန်းတိုက်နယ်များတွင် ရာသီဥတုပူပြင်းမှုကြောင့် မြွေဆိုး ကိုက်ခံရမှုများဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီစစ်ကြောင်းများ ဝင်ခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ မှစ၍ ၂၀၂၃ မေလကုန် အထိ အကိုက်ခံရသူ ၇၃ ဦးရှိပြီး

မြွေဆိပ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများအား တွေ့ရစဉ်  / BPI

ကျေးလက်၌ ထားရှိနိုင်ရန် မြွေဆိပ်ဖြေဆေး အေးခဲခြောက် ထုတ်လုပ် ဖြန့်ဖြူးမည်

by ကျော်မျိုး
18 December 2018
5.1k

မြွေကိုက်ခံရသူ လူနာများကို အချိန်မီ အသက် ကယ်တင်နိုင်ရန် အတွက် မြွေဆိပ်ဖြေဆေး အေးခဲခြောက် များ ထုတ်လုပ် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း

မြန်မာ့မြွေဆိပ်ဖြေဆေး လာအို၊ ကမ္ဘောဒီးယားသို့ ရောင်းချမည်

မြန်မာ့မြွေဆိပ်ဖြေဆေး လာအို၊ ကမ္ဘောဒီးယားသို့ ရောင်းချမည်

by ထက်နိုင်ဇော်
15 December 2017
15.2k

နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့် မြွေဆိပ်ဖြေဆေး အလုံးရေ ၈ သောင်း သာမကပဲ မြန်မာ့ ဆေးဝါးလုပ်ငန်းက အလုံးရေ ၁ သိန်း၊ ၂ သိန်းအထိ ထုတ်လုပ်နိုင်လာ၍ မြန်မာနှင့် ရေမြေသဘာဝ တူညီသည့် ဒေသတွင်းနိုင်ငံများသို့ ဈေးကွက်ရရှိရန်...

Next Post
Miss Myanmar World အလှမယ် ဟန်တီ  / ယုဖြူဟန် / ဧရာဝတီ

Miss World 2018 ပွဲမှာ ကရင်ဒုံးယိမ်းအကနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် ဟန်တီ

မြေပုံဒေတာအတွက် Apple က ဆန်ဆာပါ ကျောပိုးအိတ်တွေနဲ့ ခြေလျင်ကောက်ယူနေတာပါ

မြေပုံဒေတာကို ဆန်ဆာပါ ကျောပိုးအိတ်တွေနဲ့ ခြေလျင်ကောက်ယူနေပြီဖြစ်တဲ့ Apple

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate