• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတွင် မူးယစ်ဆေး လက်ဝယ်တွေ့မှုဖြင့် သံဃာနှစ်ပါး ဖမ်းဆီးခံရ

by ဇာနည်မာန်
18 October 2018
in သတင်း
A A
မန္တလေးမြို့တွင် မူးယစ်ဆေးနှင့် ဖမ်းဆီးထားသည့် သံဃာ နှင့်လူများ / မန္တလေး မူးယစ်ဆေး တိုက်ဖျက်ရေး ရဲအဖွဲ့

မန္တလေးမြို့တွင် မူးယစ်ဆေးနှင့် ဖမ်းဆီးထားသည့် သံဃာ နှင့်လူများ / မန္တလေး မူးယစ်ဆေး တိုက်ဖျက်ရေး ရဲအဖွဲ့

18.5k
VIEWS
Share on FacebookShare on Twitter

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့ရှိ ဘုန်းကြီးကျောင်း ၂ကျောင်း၌ မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် သံဃာ နှစ်ပါးအပါအဝင် လူ ၄ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်သည်။

ထိုဖမ်းဆီးမှုမှာ ပြီးခဲ့သည့် တနင်္ဂနွေနှင့် တနင်္လာနေ့တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပြည်ကြီးတံခွန် ရဲတပ် ဖွဲ့က ချမ်းမြသာစည် ရိပ်သာသို့ ဝင်ရောက် ရှာဖွေရာ ဆောင်းဘောက်စ် တခုနှင့် စာအုပ်တွင် ဝှက်ထားသည့် ကျပ်ငွေ ၄၁.၉ သန်းကျော် တန်ဖိုး ရှိ မက်သာဖက်တမင်း ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး၊ လက်ဝယ်တွေ့ရှိမှုဖြင့် အရှင်အာစိဏ (ဦးအေးကျော်) ကို လူဝတ်လဲ၍ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
66
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
528
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
340

“သူက ၁၃ ဝါရှိပြီ၊ သင်္ကန်းကို အကာအကွယ်ယူပြီး မူးယစ်ဆေးရောင်းဝယ် ဖောက်ကားနေတယ်လို့ ကျနော်တို့ သံသယ ရှိပါတယ်။ သူ့ကို ဖမ်းဆီးစစ်ဆေးနေပြီး မူးယစ်ဆေးဝါး ဥပဒေနဲ့ အမှုဖွင့် အရေး ယူထားတယ်” ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးအောင်က ဗုဒ္ဓဟူးနေ့က သတင်းထောက်များကို ရှင်းပြသည်။

ယင်းဖမ်းဆီးမှုဖြစ်စဉ်မှာ အဆိုပါတရားရိပ်သာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသည်ကို အရေးယူရန် သမ္မတရုံး၏ အိတ်ပိတ်အကြောင်းကြားစာ ရရှိခဲ့ပြီးနောက် အရေးယူမှုပြုခဲ့ခြင်းဖြစ်သည် ဟု ရဲက ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းသည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်နေမှုများ သိရှိပါက သမ္မတရုံး (သို့မဟုတ်) ဒေသ ဆိုင်ရာ အာဏာပိုင်များထံ တိကျခိုင်လုံသော အချက်အလက်များဖြင့် သတင်းပေး ပို့တိုင်ကြားရန် သမ္မတ ဦးဝင်းမြင့်၏ ကမ်းလှမ်းမှုကြောင့် ရရှိလာသော တိုင်ကြားစာများ အရ ဖမ်းဆီးရမိသည့် အမှုတခုလည်း ဖြစ်သည်။

တနင်္လာနေ့က ဖြစ်ပွားခဲ့သော အခြားဖမ်းဆီးရမိမှု တခုမှာ ရန်ကင်းတောင်ခြေရှိ သတိပဋ္ဌာန်ကျောင်း တိုက်အတွင်း ကျပ် ငွေ ၆သန်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့်အခြားမူးယစ်ဆေးဝါးများဖြင့် ရဟန်းတပါး နှင့်အခြား လူ ၂ ဦးကို ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် အရှင်စန္ဒောဘာသာ(လူအမည် ဦးစိုးမိုး) အသက် ၄၉ နှစ်၊ ရဟန်းဝါ ၁၈ ဝါနှင့် အားချမ်း(ခ) မျိုးမြင့် (၄၉ နှစ်)၊ အောင်လတ်(၂၈ နှစ်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။ ယင်းအမှုဆက်စပ်၍ အခြားသူများ ကိုလည်း ဆက်လက်စုံစမ်းနေကြောင်း ရဲက ပြောသည်။

“ဒီအမှုမှာတော့ ဒေသခံပြည်သူတွေက ကျနော်တို့ကို တိုက်ရိုက် သတင်းပေးတဲ့ အတွက် သူတို့ကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က မသိသေးတဲ့ တခြား မူးယစ်ဆေးဝါး အမှုတွေ အများကြီး ရှိပါသေးတယ်။ မူးယစ်ဆေးဝါး အမှုတွေ သမ္မတရုံး (ဒါမှမဟုတ်) တာဝန်ရှိတဲ့ဌာန (ဒါမှမဟုတ်) ဒေသ အာဏာပိုင်တွေဆီကို တိုက်ရိုက် သတင်းပို့ဖို့ ကမ်းလှမ်းခဲ့တဲ့ သမ္မတကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလို သတင်းပေး တိုင်ကြားမှုတွေ ရှိလာလို့လည်း ဒီမူးယစ်ဆေးဝါး ရောင်းတဲ့သူတွေကို ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ရဲမှူးမျိုးအောင်က ပြောသည်။

မူးယစ်ဆေးရောင်းသူများ သင်္ကန်း အရေခြုံ၍ ဘုန်းကြီးကျောင်းထဲနေထိုင်ခြင်း၊ သင်္ကန်းဝတ်များမှ ရာဇဝတ်မှုများ ကျူးလွန် နေခြင်းများကို ယခုမှမဟုတ်ပဲ ယခင်ကလည်း အရေးယူခဲ့ရမှုများ ရှိခဲ့ ကြောင်း၊ ပြည်သူလူထုထံမှ ပေးပို့လာမည့် သတင်း အချက်အလက်များကိုလည်း ကြိုဆိုကြောင်း ရဲက ပြောသည်။

“အရင်ကလည်း ဒီလိုလူစားမျိုးတွေကို ကျနော်တို့ဖမ်းခဲ့ဖူးပါတယ်။ သင်္ကန်းအရေခြုံပြီး ပြစ်မှုကျူး လွန်တာဟာ ကျနော်တို့ နိုင်ငံနဲ့ ဗုဒ္ဒဘာသာဝင်အသိုင်းအဝိုင်းတခုလုံးကို ရုပ်ဆိုးအကျည်းတန်စေ ပါတယ်။ ဒါတွေတိုက်ဖျက်ဖို့ ပြည်သူလူထု ပူးပေါင်း ပါဝင်ဖို့ ကျနော်တို့ ရဲတပ်ဖွဲ့မှာ လိုအပ်နေပါ တယ်။ ဘာလို့ဆို ကျနော်တို့လည်း အရာရာတိုင်းကို မသိနိုင်ဘူးလေ” ဟု သူက ပြောသည်။

ဧရာဝတီအင်္ဂလိပ်ပိုင်းမှ သတင်းထောက် ဇာနည်မာန်ရေးသားသည့် Two Monks Arrested in Drug Raids on Two Buddhist Monasteries in Mandalay ကို ဘာသာပြန်သည်။

Your Thoughts …
Tags: မန္တလေးမူးယစ်ဆေးသံဃာ
ဇာနည်မာန်

ဇာနည်မာန်

ဧရာဝတီ

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.1k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.4k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

Next Post
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် ပြည်တော်ပြန်မည့် မြန်မာအလုပ်သမားများအား ၂၀၁၇ ခုနှစ်အတွင်းက တွေ့မြင်ရစဉ်  / ကျော်ခ / ဧရာဝတီ

ထိုင်း တရားမဝင် နိုင်ငံခြားသား ရှင်းလင်းမှု မြန်မာ ထောင်ချီ အဖမ်းခံရ

နေပြည်တော် ဇေယျာ သီရိ မြို့နယ် ပင်လောင်း လမ်းဆုံအနီး ၁၂ လမ်းသွား လမ်းမပေါ် စပါး လှန်းနေသူတချို့  / ဧရာဝတီ

ပဲခူးတိုင်း၌ တရုတ်ကုန်သည်များ တရားမဝင် စပါး ဝယ်ယူမှု အရေးယူရန် တိုင်ကြား

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.6k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate