အရှေ့တောင်အာရှနိုင်ငံများ(ASEAN) မှ ရေတပ်များနှင့် တရုတ်ရေတပ်တို့ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေးလေ့ ကျင့်မှုကို တရုတ်နိုင်ငံ တောင်ပိုင်း ရေပိုင်နက်တွင် လာမည့်အပတ်အတွင်း ပြုလုပ်မည် ဖြစ်သည်။
ထို့အပြင် အမေရိကန်ရေတပ်နှင့် အလားတူ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် ယမန်နေ့က သဘောတူ သည်ဟု သိရသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ရေတပ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရေးတပ်နှင့် အမေရိကန် ရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မိမိကိုယ် မိမိ ယုံကြည်မှုကို မြှင့်တင်ပေးမည်ဟု အဖွဲ့ဝင် ၁၀ဦးပါသော အာဆီယံ ကာကွယ်ရေးဝန်ကြီး များ၏ ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။
ကျန်းကျန်ပတ်ဝန်းကျင်ရှိ ရေပိုင်နက်တွင် ပြုလုပ်မည့် ထို စစ်ရေးလေ့ကျင့်မှုသည် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ပါဝင် သော ရေတပ်များ၏ ၎င်းတို့ကိုယ် ၎င်းတို့ယုံကြည်မှုကို ဖြစ်ပေါ်စေမည် ဟု စင်္ကာပူ ကာကွယ်ရေး ဝန်ကြီး Ng Eng Hen ကပြောသည်။
အမေရိကန်နိုင်ငံနှင့် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု ၏ အတိုင်းအတာ နှင့် ပြုလုပ်မည့်နေရာကို မဆုံးဖြတ်ရသေး ကြောင်း အရာရှိများက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများသည် ရက်သတ္တပတ်ကုန်က အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်၊ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်း တို့နှင့်အတူ အာရှလုံခြုံရေး ညီလာခံ တွင် အတူတကွရှိနေကြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်က သူသည်တရုတ်နိုင်ငံနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို စိတ်အားထက်သန်စွာလိုလားကြောင်း၊ သို့သော် အငြင်းပွားနေသော တောင်တရုတ် ပင်လယ်မှ စစ်ရေးလှုပ်ရှားမှုများ အတွက် စိုးရိမ်ကြောင်းပြောသည်။
ယခုကဲ့ အတူတကွ လုပ်ဆောင်ခြင်းဖြင့် မည်သည့်နိုင်ငံတခုကမျှ နိုင်ငံ တကာသွားလာမှု စည်းမျဉ်း များကို ပြန်လည်ရေး သားမရနိုင်အောင်လုပ်မည်ဟုလည်း ၎င်းကဆက်ပြောသည်။
တရုတ်နှင့် အာဆီယံတို့သည် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် အာရှ ပိစိဖိတ်ဒေသတွင်းတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးအတွက် အင်အားစုဖြစ်သည်ဟု အလွတ်သဘောဆွေးနွေးပွဲတခုတွင် တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်းဆိုသည်။
သို့သော် တောင်တရုတ်ပင်လယ်အကြောင်း သူစတင်ပြောကြားသောအခါတွင်များ သတင်းထောက် များကို ပြင်ပသို့ ခေါ်ထုတ်သွားခဲ့သည်။
လာမည့်အပတ်တွင် ကျင်းပမည့် တရုတ်ရေတပ်နှင့် စစ်ရေးလေ့ကျင်မှုတွင် ရေကြောင်းဘေးအန္တရာယ် ကင်းရှင်ရေး၊ အရေးပေါ် ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။
တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်ခြင်းသည် အပြင်းအထန်ငြင်းခုန်ရသော ကိစ္စဟုတ်မဟုတ် မေးသောအခါ စင်္ကာပူကာကွယ်ရေးဝန်ကြီးက နိုင်ငံအားလုံးသည် နိုင်ငံတကာဥပဒေနှင့်အညီ ရေကြောင်းလာသွားလာခွင့် စစ်ရေးလှုပ်ရှား မှုများဆောင်ရွက်ခွင့်ရှိသည်ဟု ပြောသည်။
တရုတ်နှင့် အခြားသော အာရှနိုင်ငံအစိုးရများသည် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းများကို ပိုင်ဆိုင်ကြောင်း အပြိုင် ပြောဆိုနေကြသည်။ အငြင်းပွားနေသော ရေပိုင်နက်တွင် တရုတ်နိုင်ငံက စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်ခြင်းကို အမေရိ ကန်က တာဝန်မဲ့သော လုပ်ရပ်အဖြစ်မြင်ပြီး တရုတ်နိုင်ငံကမူ အမေရိကန်တပ်များ ဒေသတွင်း ရှိနေခြင်းကို မကျေနပ်ပေ။