ထိုင်ဝမ် မြောက်ပိုင်းမှ အရှေ့ပိုင်း၊ ထိုင်တုန်းမြို့သို့ထွက်ခွာလာသည့် ဖူယိုမာ အထူးအမြန် ရထားခရီး စဉ် အမှတ် ၆၄၃၂ သည် ယမန်နေ့ ညနေက ထိုင်ဝမ်အရှေ့ပိုင်း၊ ယီလန်ခရိုင် စူးအောက်မြို့ အနီး ရထားလမ်းချော်ပြီး ရထားတွဲ ၅ တွဲ တိမ်းမှောက်ခဲ့ရာ သေဆုံးသူ ၂၂ ဦးအထိ ရှိပြီး ဒဏ်ရာရသူ ၁၇၁ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
ရထားပေါ်တွင် လိုက်ပါလာသူ ခရီးသည်ပေါင်း ၃၆၆ ဦး ရှိခဲ့ပြီး၊ သေဆုံးသူ အများစုမှာ ရထားပေါ်မှ လွင့်စင်ခြင်း၊ တွဲ အစိတ်အပိုင်းများနှင့် ဖိမိခြင်း၊ သံလမ်းများ ရထားတွဲများထဲသို့ အရှိန်ပြင်းစွာ ဝင်လာခြင်းကြောင့် ပွဲချင်းပြီး သေဆုံးသူ များပြားခဲ့ခြင်းဖြစ်သည်။
ယီလန်ခရိုင် တခုလုံးရှိ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့၊ယာဉ်အားလုံးသည် အခင်းဖြစ်နေရာသို့ အင်အားအလုံးအရင်းဖြင့် သွားရောက်ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာရသူများကိုလည်း အနီးဆုံး ဆေးရုံ များသို့ခွဲကာ ပို့ဆောင်ပေးခဲ့ရသည်။
ဖူယိုမာအမြန်ရထားသည် ထိုင်ဝမ်ရှေ့ပိုင်း ယီလန်၊ဟွာလျန်ဒေသများသို့ ကမ္ဘာလှည့်ခရီးသည် များ သွားရောက်သည့်အခါ အများစု စီးနင်းလေ့ရှိပြီး ယခုဖြစ်စဉ်ကြောင့် ကမ္ဘာလှည့်ခရီးသည် မည်မျှ ထိခိုက်မှုရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရသေး ပေ။ အဆိုပါအမြန်ရထားသည် ဂျပန်နိုင်ငံမှ မှာယူတင်သွင်းခဲ့သည့် မြန်နှုန်းမြင့် လျှပ်စစ်ရထားအမျိုးအစားဖြစ်သည်။
ရထားတိမ်းမှောက်စဉ် အလိုအလျောက်မီးရထားဘေးအန္တရာယ်ကာကွယ်ရေးစနစ်မှာ ချက်ချင်း အလုပ်မလုပ်သဖြင့် သေဆုံးသူ ပိုများခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်သတင်းစာတစောင်က ရေးသားသည်။
တိမ်းမှောက်မှုမဖြစ်ပွားမီ ရထားတွဲများအတွင်း လေဖိအားအနိမ့်ဆုံးဖြစ်လာခဲ့ကြောင်း ထိုင်ဝမ်မီးရထား အာဏာပိုင်အဖွဲ့ အရာရှိချုပ် ချူလိုင်ရှန်းက ယနေ့နံနက်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။ ထို့ထက်ပို၍ ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ယီလန္ခရိုင္ တခုလံုးရိွ မီးသတ္ႏွင့္ကယ္ဆယ္ေရးအဖြဲ ့၊ယာဥ္အားလံုးသည္ အခင္းျဖစ္ေနရာသို ့အင္အားအလံုးအရင္းျဖင့္ သြားေရာက္ကယ္ဆယ္ခဲ့ၿပီး ဒဏ္ရာရသူမ်ားကိုလည္း အနီးဆံုး ေဆးရံုမ်ားသို ့ခြဲကာ ပို ့ေဆာင္ေပးခဲ့ရသည္။
ဖူယိုမာအျမန္ရထားသည္ ထိုင္၀မ္ေရွ ့ပိုင္း ယီလန္၊ဟြာလ်န္ေဒသမ်ားသို ့ ကမာၻလွည့္ခရီးသည္မ်ားသြားေရာက္သည့္အခါ အမ်ားစု စီးနင္းေလ့ရွိၿပီး ယခုျဖစ္စဥ္ေၾကာင့္ ကမာၻလွည့္ခရီးသည္ မည္မွ်ထိခိုက္မႈရွိေၾကာင္း ရွင္းရွင္းလင္းလင္း မသိရေသး ေပ။ အဆိုပါအျမန္ရထားသည္ ဂ်ပန္ႏိုင္ငံမွ မွာယူတင္သြင္းခဲ့သည့္ ျမန္ႏႈန္းျမင့္ လၽွပ္စစ္္ရထားအမ်ိဳးအစားျဖစ္သည္။
ရထားတိမ္းေမွာက္စဥ္ အလိုအေလ်ာက္မီးရထားေဘးအႏၱရာယ္ကာကြယ္ေရးစနစ္မွာ ခ်က္ခ်င္းအလုပ္မလုပ္သျဖင့္ ေသဆံုးသူ ပုိမ်ားခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္၀မ္သတင္းစာတေစာင္က ေရးသားသည္။
တိမ္းေမွာက္မႈမျဖစ္ပြားမီ ရထားတြဲမ်ားအတြင္း ေလဖိအားအနိမ့္ဆံုးျဖစ္လာခဲ့ေၾကာင္း ထိုင္၀မ္မီးရထား အာဏာပုိင္အဖြဲ႔ အရာရွိခ်ဳပ္ ခ်ဴလိုင္ရွန္းက ယေန႔နံနက္သတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေျပာၾကားသည္။ ထို႔ထက္ပုိ၍ ျဖစ္စဥ္ အေသးစိတ္ကုိ စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။