• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် စိတ်ဝင်စားနေ

by ဧရာဝတီ
22 October 2018
in သတင်း
A A
ဟောင်ကောင်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သောင်းထွန်း  / Mango

ဟောင်ကောင်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သောင်းထွန်း / Mango

7.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ ဘဏ္ဍာရေးအချက်အခြာနှင့် ကုန်သွယ်ရေးဌာန တခုဖြစ်သည့် ဟောင်ကောင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။

အောက်တိုဘာလ ၁၆ ရက်က ဟောင်ကောင်ရှိ Island Shangri-La ဟိုတယ်တွင် ကျင်းပသည့် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲအပြီး အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ယင်းသို့ ဖော်ပြထားသည်။

RelatedPosts

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
555
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

8 July 2025
46
သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

8 July 2025
146

“မြန်မာနဲ့ ဟောင်ကောင်တို့ရဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အခုပွဲကို တက်ရောက်ကြသူ တွေအနေနဲ့ မြန်မာ နိုင်ငံအကြောင်းကို သေချာနားလည်သွားမယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေ အနေဖြင့် မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု တွေကိုလည်း စိတ်ဝင်စား စောင့်ကြည့်နေကြတယ်လို့လည်း ထင်မြင်မိပါတယ်” ဟု ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းက ပြောဆို ထားသည်။

ယင်းဆွေးနွေးပွဲသို့ ဟောင်ကောင် ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွင်းဝန် Mr. Edward Yau နှင့် အစိုးရအဖွဲ့ဝင်များ၊ ဟောင်ကောင် စီးပွာရေးလုပ်ငန်းရှင် ၁၃၀ ကျော်နှင့် ဟောင်ကောင် အခြေစိုက် နိုင်ငံခြား စီးပွား ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ် ပြုလုပ်ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများတွက် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ဖြစ်ပေါ်လာအောင် အစိုးရက အားစိုက် လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် မြန်မာ့လူငယ် ဦးရေမှာ မြင့်မားပြီး စာတတ်မြောက်သူများကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်ဟု သိရသည်။

ယင်းပြောဆိုမှုအပေါ် မြန်မာနိုင်ငံတွင် လူ့စွမ်းအား အရင်းအမြစ် ကောင်းမွန်နိုင်ခြေ များကြောင်း ကုမ္ပဏီများက တုံ့ပြန်သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ဟောင်ကောင်က အစိုးရအကြီးတန်းအရာရှိများ၊ ကိုယ်စားလှယ်များနဲ့ စီးပွားရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရရှိတဲ့အတွက် ကျေနပ်အားရမိပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ တာဝန်ယူထားသူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သောင်းထွန်း ဦးဆောင်ကာ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန (DICA) ညွှန်ချုပ်နှင့် MIC အတွင်းဝန် ဦးအောင်နိုင်ဦး၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ဒါရိုက်တာ ဦးမျိုးသူနှင့် ကုန်သည် စက်မှုလက်မှု လုပ်ငန်းအသင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးတို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဟောင်ကောင်နှင့် ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ / Mango

ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက“အမှန်ပြောရရင် သွားတုန်းကတော့ ဒီလောက်အခြေအနေ ကောင်းလိမ့်မယ်လို့ မယူဆဘူး။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အားကျေနပ်မှု ရှိတာကို တွေ့ရတယ်။ အသေးစိပ်တော့ မပြောနိုင်ဘူး။ ရှေ့ဆက်ပြီး တော့ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ပြီးလုပ် ဖို့မြင်တယ်။ နောက်အသစ်တွေက ကဏ္ဍစုံမှာ လာဖို့ရှိတယ်။ ကမ်းလှမ်းချက် အမျိုးမျိုးအသစ်တွေ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ပြည်တွင်းမှာ စီးပွားရေးကို သို့လော သို့လော ပြောနေကြပေမယ့် တကယ့် လက်တွေ့ကျတော့ တော်တော်လေး အားရကျေနပ်ဖို့ ကောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာ နိုင်ငံအနေနဲ့လည်း အခြေခံအချက်တွေ ကောင်းအောင် တည်ဆောက်ဖို့လိုတယ်။ အထူးသဖြင့် လျှပ်စစ်ကဏ္ဍတို့ပေါ့”ဟု ၎င်းကရှင်းပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့် လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးများကို ယခုထက်ကောင်းမွန် အောင် ပြုပြင်ပေးဖို့ လိုကြောင်း၊ ကြိုးနီစနစ်များကို ဖျက်သိမ်းပေးရန်နှင့် အလုပ်ရှင်၊ အလုပ်သမား အစရှိသည့် ကိစ္စရပ်များကို ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံအတွက် နောက်ထပ် ကဏ္ဍအသစ်များ၊ လုပ်ငန်းခွင်အသစ်များကို ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက်လာရန် လက်ရှိတွင် အခြေနေ ကောင်းများရှိနေပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍ များတွင် အလားအလာကောင်းများ ရှိနေသည်။

McKinsey ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံအတွက်၂၀၃၀ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၃၂၀ ဘီလီယံခန့် လိုအပ်လျက်ရှိပြီး တရုတ်-မြန်မာ စီးပွားရေးလမ်း ကြောင်း (Belt and Road Initiative – BRI) လုပ်ငန်းစဉ်မှာလည်း နိုင်ငံစီးပွားရေး၏ အရေးပါသည့် နေရာတွင် ပါဝင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်ဟု ယင်းဆွေးနွေးပွဲ ထုတ်ပြန်ချက်သတင်း တွင် ဖော်ပြထားသည်။

ဟောင်ကောင်သည် ကမ္ဘာပေါ်ရှိ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုအချက်အချာနှင့် ကုန်သွယ်ရေးဌာန တခု ဖြစ်ကာ အာရှဒေသ အတွက် ဥပဒေရေးရာနှင့် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ဆောင်မှု ပြုလုပ်ပေးနေသည့် နေရာ ဖြစ်သည်။

ထို့ပြင် မြန်မာ အပါအဝင် အာဆီယံဒေသ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုကောင်းမွန် လာ စေရန် အဓိကကျပြီး မြန်မာနိုင်ငံတွင် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံပြီးပါက စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှစကာ ဟောင်ကောင်နှင့် မကာအို နိုင်ငံကူး လက်မှတ် ကိုင် ဆောင်သူများအား ဗီဇာမလိုဘဲ ရက် ၃၀ လာရောက် လည်ပတ်ခွင့်ကိုလည်း အစိုးရက ခွင့်ပြုထားပြီး ဖြစ်သည်။

အစိုးရအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်စေရန်အတွက် အရေးပါသည့် စည်းမျဉ်း စည်း ကမ်းနှင့် ဥပဒေများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီး ဖြစ်သလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ သစ်တို့ကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ပြုလုပ်ထားသည့်အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား Star Reformer Award ဆုတံဆိပ်ကို ပြီးခဲ့သည့်နှစ်က ပေးအပ်ထားသည်။

Your Thoughts …
Tags: နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုဟောင်ကောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

by Bertil Lintner
5 September 2023
5.6k

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား

ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား

by Ian Storey
29 January 2024
3k

၁၇ ရာစုမှစတင်ပြီး ထိုင်းတို့သည် နိုင်ငံတောင်ပိုင်းမှ ကျဉ်းမြောင်းသော ကုန်းရိုးတန်းကို ဖြတ်ကာ တူးမြောင်းဖောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။

လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ

လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ

by Francesca Regalado
30 September 2024
1.8k

အစိုးရသည် ကာစီနိုလောင်းကစားခြင်းကို ထိထိရောက်ရောက် စည်းကမ်းထိန်းသိမ်းနိုင်သည့် စွမ်းရည် ရှိ၊ မရှိ မေးခွန်းထုတ်သည်။ ၎င်းတို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ကာစီနိုသည် လောင်းကစားစွဲခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

ထိုင်းလေတပ်က တိုက်လေယာဉ် ၁၂ စီးကို အသစ်များဖြင့် အစားထိုးမည်

ထိုင်းလေတပ်က တိုက်လေယာဉ် ၁၂ စီးကို အသစ်များဖြင့် အစားထိုးမည်

by ဧရာဝတီ
18 May 2024
1.6k

ကာကွယ်ရေးနယ်ပယ်တွင် ထိုင်း-တရုတ် ဆက်ဆံရေးသည် ဘန်ကောက်အခြေစိုက် အနောက်တိုင်း ထောက်လှမ်းရေးအရာရှိများအကြား အာရုံစိုက်စရာ ဖြစ်ခဲ့သည်။

Sotheby လေလံတွင် ဟောင်ကောင်ဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) အထိရရှိသော မြန်မာ့ ကျောက်စိမ်းလက်ကောက် / SCMP

တရုတ် ဝယ်လိုအားကြောင့် မြန်မာ့ ကျောက်စိမ်း ပိုသွေးစွန်းလာ

by ဧရာဝတီ
21 January 2022
16.6k

မြန်မာနိုင်ငံမှ တူးဖော်ရရှိသော ကျောက်စိမ်းများ၏ ၇၀ မှ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ တင်ပို့ကြောင်း Global Witness က ဖော်ပြသည်

Next Post
Mate 20 ဖုန်းကို ဒေတာအလိုအလျောက်သိမ်းဆည်းပေးမယ့် Hard Drive

Mate 20 ဖုန်းကို ဒေတာအလိုအလျောက်သိမ်းဆည်းပေးမယ့် Hard Drive

Samsung ဖုန်းတွေမှာ Notch မထည့်ဘဲ Display အောက်မှာ ရှေ့ကင်မရာထားမှာဖြစ်ပါတယ်

Notch မထည့်ဘဲ Display အောက်မှာ ရှေ့ကင်မရာထားဖို့ Samsung ကြိုးစားနေ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.6k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

7 days ago
6.5k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate