သတင်း

အရှေ့တောင်အာရှ Smart Cities ၁၀မြို့တွင် မန္တလေးလည်းပါဝင်

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှ ဒေသရှိ အဆင့်မြင့်မြို့ကြီး (Smart Cities) ၁၀မြို့ကို ထုတ်ပြန်ရာတွင် မြန်မာ နိုင်ငံမှ မန္တလေး မြို့လည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လက ကျင်းပသော ၃၂ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် စင်ကာပူဝန်ကြီး ချုပ် လီရှန်လွန်း အဆိုပြုသည့် အာဆီအဆင့်မြင့်မြို့ကြီးများကွန်ရက် အစီအစဉ် (ASEAN Smart Cities Network initiative (ASCN) အရ အရှေ့တောင်အာရှ ၁၀နိုင်ငံမှ အဆင့်မြင့်မြို့ကြီးများအဖြစ် လုပ်ဆောင်နေသည့် မြို့ကြီး ၂၆မြို့မှ ၁၀မြို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို မြို့ကြီး ၁၀မြို့တွင် ဗီယက်နမ် ဗီယက်နမ်မြို့တော် ဟနွိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားမြို့တော် ဂျာကာတာ၊ မလေးရှားမြို့ တော် ကွာလာလမ်ပူ၊ မြန်မာနိုင်ငံမှ မန္တလေး၊ ထိုင်းနိုင်ငံမှ ဖူးခက်နှင့် အင်ဒိုနီးရှားနိုင်ငံမှ မာကက်ဆာ၊ ဗီယက်နမ်မှ ဒါနန်း၊ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၊ ဖိလစ် ပိုင်နိုင်ငံ မှ နယူးကလပ်မြို့ တို့ဖြစ်သည်။

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့သည် လူဦးရေ ၁.၂၅သန်း မှီတင်း နေထိုင်ပြီး၊ မကြာသေးမီနှစ် များက မြို့ပြဖွံ့ဖြိုးရေး လျင်မြန်လာကာ လူဦးရေ တိုးတက်မှု အတွေ့အကြုံများ ပြည့်နှက်နေကြောင်း၊ စိမ်းလန်း၍ သေသပ် လှပသည့် အဆင့်မြင်မြို့အဖြစ် မြှင့်တင်ရန် မန္တလေးမြို့ စည်ပင်သာရေး ကော်မတီ (MCDC)နှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး မှုဦးစီးဌာန(DHSHD) တို့က မြို့ပြဖွံ့ ဖြိုးမှု ပထမဦးစားပေး ၂၅ နှစ် စီမံကိန်းချမှတ်ကာ ဆောင်ရွက်နေကြောင်း cio-asia က ဖော်ပြထားသည်။

မန္တလေးမြို့ပြ ဝန်ဆောင်မှု တိုးတက်ရေး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့် ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ (AFD) တို့က နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီ ပေးထားပြီး၊ ရေသန့်ဖြန့်ဖြူးမှုစနစ်၊ ရေဆိုးသန့်စင်စနစ်နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတို့ တိုးတက်လာစေရန် ရည်သန်ထားကြောင်း၊ စွန့်ပစ်ပစ္စည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ သဘာ၀ ပတ်ဝန်းကျင် အစီအစဉ်(UNEP) အောက်ရှိ နိုင်ငံတကာ ပတ်ဝန်းကျင် ရေးရာ နည်းပညာစင်တာ(IETC) ကလည်း နည်းပညာ အထောက်အကူများ ပေးလျှက် ညစ်ညမ်းမှုကင်းစင်ရေး၊ သယံဇာတ အကျိုးရှိစွာ အသုံးချတတ်သော လူ့အဖွဲ့ အစည်းဖြစ်စေရေးတို့ ပေါ်ပေါက်လာစေရန် ပံ့ပိုးပေးနေသည်ဟု ဖော်ပြသည်။

မန္တလေးမြို့ရှိ လမ်းများတွင် နည်းပညာ အကောင်အထည်ဖော်မှု အကျိုးရလဒ်များကို တွေ့မြင်ရနေပြီး၊ မော်တော်ယာဉ် ထိန်းချုပ်ရေးစင်တာမှ ယာဉ်ကြောစောင့်ကြည့်မှုများ၊ ရေနုတ်မြောင်းစနစ်အတွက် မြေပုံများဖြင့် သုံးသပ်လေ့လာခြင်း များ ပြုလုပ်နေကြောင်းဆိုသည်။

ထိုသို့လုပ်ဆောင်နေသော်လည်း မန္တလေး စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက မန္တလေးမြို့အနေဖြင့် အဆင့်မြင့်(Smart City)ဖြစ်လာရေးအတွက် အခြေခံအဆောက်အဦများ လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading