ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် ၇ သိန်းကျော် မြန်မာနိုင်ငံသို့ဘေးကင်းစွာ ပြန်လာနိုင်ရေး ဆွေးနွေး ရန် ထိုင်းနှင့် စကာၤပူ နိုင်ငံခြားရေးဝန်ကြီးများ မကြာမီ မြန်မာနိုင်ငံသို့သွားရောက်မည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆပ်ဖ်ဒင် အဗ္ဗဒူလာက မနေ့ကပြောကြောင်း Bangkok Post သတင်းကဆိုသည်။
အာဆီယံ ကထောက်ခံလိုက်သော ထို ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ လယ်တွင်ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲကို သြဇာသက်ရောက်မည် ဖြစ်သည်။ ထိုထိပ်သီးဆွေးနွေးပွဲတွင် ဘင်္ဂါလီ ပြဿနာသည် ထိပ်ဆုံးမှပါဝင်မည်ဟု မျှော်လင့်ရ သည်။
မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆပ်ဖ်ဒင် အဗ္ဗဒူလာ၏ ပြောဆိုချက်အရ အာဆီယံက ဦးဆောင်သော ထိုအစီအစဉ်သည် လာမည့်နှစ်ဆန်းတွင် ၎င်းဘင်္ဂါလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ပြန်သွားနိုင်စေမည်ဟု သိရသည်။
သို့သော် ထိုင်းနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ သွားရောက်မည့် ရက်ကို အတိအကျ ထုတ်ဖော်ခြင်းမရှိပေ။
ဘင်္ဂါလီ ဒုက္ခသည် အကျပ်အတည်းကို မဖြေရှင်းလျှင် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ဒုက္ခသည်များ အလုံးအရင်း ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် အာဆီယံက ဝင်ရောက်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မလေးရှားနိုင်ငံတွင် ဘင်္ဂါလီ ဒုက္ခသည် ၇၅၀၀၀ ရှိနေပြီးဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ကဆိုပြီး ထိုအဖွဲ့တွင် မှတ်ပုံတင်မထားသူများ ထောင်နှင့်ချီရှိသည်ဟုလည်းဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့အဖွဲ့က ကြားဝင်ဆောင်ရွက်သော ဒုက္ခသည် ပြန်လည်ပို့ဆောင်သော အစီ အစဉ်အကြောင်းကို လွန်ခဲ့သော နိုဝင်ဘာလက နယူးယောက်တွင်ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သီးခြားဆွေးနွေးပွဲတွင် မြန်မာအရာရှိများကို စတင်ပြောကြား ခဲ့သည်ဟု ဆပ်ဖ်ဒင်ပြောသည်။
စင်္ကာပူသည် လက်ရှိ အာဆီယံဥက္ကဌဖြစ်ပြီး ထိုင်းနိုင်ငံသည် လာမည့် ဇန်နဝါရီလမှ စတင်ပြီး ထိုတာဝန်ကို ထမ်းဆောင် မည်ဖြစ်ရာ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို မြန်မာနှင့် ဆွေးနွေးရန် တာဝန်မှာ စင်္ကာပူနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး များ၏ တာဝန်ဖြစ်လာသည်ဟု ဆိုသည်။