အမေရိကန် ဘဏ္ဍာရေးစနစ်ကို သုံး၍ မြောက်ကိုရီးယားအတွက် ငွေကြေးခဝါချပေးသည် ဆိုသော စွပ်စွဲချက်ဖြင် စင်ကာပူ အခြေစိုက် သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတခု၏ ဒါရိုက်တာတဦးကို အမေရိကန်က ယမန်နေ့က ပိတ်ဆို့ ဒဏ်ခတ်မှု ပြုလုပ် လိုက်သည်။
အဆိုပါ စင်ကာပူနိုင်ငံသားမှာ တန်ဝီးဘန် ဆိုသူဖြစ်ပြီး၊ မြောက်ကိုရီးယားအတွက် နှစ်ကာလ အပိုင်း အခြား တခုအထိ အမေရိကန်အမျိုးသား လုံခြုံရေးထိန်းချုပ်မှုများကို အစီအစဉ်တကျ ရှောင်ရှား၍ ချိုးဖောက်ခဲ့သည့် စွဲချက်ဖြင့် အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူလိုက်ခြင်းဖြစ်သည်။
၎င်းသည် သင်္ဘောလောင်စာဆီကုမ္ပဏီတခု၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်ပြီး မြောက်ကိုရီးယားနှင့် တရားမဝင်စီးပွားရေး လုပ်ကိုင်ခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ဆိုသည်။
ယခုဖြစ်စဉ်မှာ ပြုံယမ်းအပေါ် ကုလသမဂ္ဂက ချမှတ်ထားသည့် ပိတ်ဆို့ထားမှုကို အားပေးကူညီသည့် အနေဖြင့် အမေရိကန်က နိုင်ငံခြားကုမ္ပဏီများနှင့် လူတဦးချင်းစီအား နောက်ဆုံးအရေးယူမှု ဖြစ် သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်း ကို လက်နက်ဖျက်သိမ်းရေး ဆွဲဆောင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံရေး ပြင်ဆင်နေသည့် ကာလတွင် နောက်ထပ်ဖိအား တခုက ယခုကဲ့သို့ထွက်ပေါ်လာခဲ့သည်။
“ဘဏ္ဍာရေးဌာနအနေနဲ့ အဲဒီကာလအထိ ပိတ်ဆို့မှုကို ဆက်လက်ပြဋ္ဌာန်းအကောင်အထည်ဖော်သွား မှာ ဖြစ်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဌာနအတွင်းဝန် Steve Mnuchin က ကြေညာချက်တ စောင်တွင် ဆိုထားသည်။
.
တန်ဝီးဘန်နှင့် ကုမ္ပဏီနှစ်ခုဖြစ်သည့် Wee Tiong (S) Pte Ltd နှင့် WTရေကြောင်းကုမ္ပဏီတို့ကို နာမည်ပျက် စာရင်း ထည့်သွင်းလိုက်ပြီး၊ အမေရိကန်နိုင်ငံထဲတွင် ထားရှိနိုင်သည့် ၎င်းတို့၏ မည် သည့် ပိုင်ဆိုင်မှုမျိုးမဆိုကို ပိတ်ဆို့ထား လိုက်ကာ အမေရိကန်နိုင်ငံသားများနှင့် သဘောတူ လုပ်ကိုင် ခြင်းများကို ယေဘုယျအားဖြင့် တားမြစ်ပိတ်ပင်သည်။
၎င်းကုမ္ပဏီရှိ တန်ဝီးဘန်နှင့် အနည်းဆုံး အခြားသူတဦးတို့သည် မြောက်ကိုရီးယားနှင့် ဒေါ်လာ သန်းချီ အရောင်းအဝယ် စာချုပ်များကို ၂၀၁၁ ခုနှစ် နောက်ကြောင်းပြန် ရက်စွဲဖြင့် ချုပ်ဆို ထား ကြောင်း၊ စည်းကမ်းသတ်မှတ်ချက်အရ စိစစ်မှုကို ရှောင်ရှားရန် ကူညီခဲ့ကြောင်း အမေရိကန် ဘဏ္ဍာ ရေးဌာန၏ အဆိုအရ သိရသည်။ အမေရိကန်ဘဏ္ဍာရေးစနစ်က ပယ်ချသည့်အခါ “တန်” သည် ငွေသားပေးချေမှုကို လျှို့ဝှက်ကြိုးကိုင်ပြီး မြောက်ကိုရီးယားဘက်သို့ လက်လွှဲပေးမှု အနည်းဆုံး တကြိမ် ရှိခဲ့ကြောင်း ၎င်းဌာနက သတင်းထုတ်ပြန်သည်။
နယူးယောက်မြို့ တောင်ပိုင်းခရိုင် တရားရုံးက ကြာသပတေးနေ့တွင် တန်ဝီးဘန်နှင့် အနည်းဆုံး အခြားသူ နှစ်ဦးတို့အား အဆိုပါ အရေးယူပိတ်ဆို့ ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်ပြီး၊ ၎င်းတို့နှင့် ဆက်ဆံလုပ်ကိုင်နေသည့် စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်နှင့်အခြားနေရာများရှိ ကုမ္ပဏီများအနေဖြင့် ယခုချမှတ်သည့် ပိတ်ဆို့မှုအရ ၎င်းတို့ကို ရှောင်ရှားလုပ်ကိုင်ရ မည်ဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေး စနစ်နှင့် ပိတ်ဆို့ထားသော စီးပွားရေး အဖွဲ့အစည်းများ အတွင်းသို့ မြောက်ကိုရီးယား ဝင်ရောက် လာမှုကို ဆက်လက်ဟန့်တားထားမည်ဖြစ်သည်။
Wee Tiong (S) Pte Ltd နှင့် WT ရေကြောင်းကုမ္ပဏီ နှစ်ခုလုံးက ၎င်းတို့၏ဝက်ဘ်ဆိုက်များတွင် ဆန်စပါးရောင်းဝယ် ရေးစာရင်းများကိုသာ ဖော်ပြပြီး “ ကျွနု်ပ်တို့၏ဆန်များမှာ ထိုင်းနိုင်ငံမှ အဓိက လာသည်” ဟု ရေးသားလွှင့်တင်ထားသည်။
မစ္စတာ တန်ဝီးဘန်ကို ဘဏ်လိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် အမေရိကန်ကိုလိမ်လည်ရန် ပူးပေါင်း ကြံစည်မှုတို့ဖြင့် အရေးယူလိုက်ခြင်းဖြစ်သည်။
တန်၏ ကြံရာပါ အနည်းဆုံးတဦး အမည်မသိရသူကို နယူးယောက်ခ် တောင်ပိုင်းခရိုင်သို့ ခေါ်ဆောင် လာပြီး ဖမ်းဆီးထား သည်ဟု မျှော်လင့်ရကြောင်း အဆိုပါစွဲချက်တွင် ဆိုထားသည်။
Wee Tiong (S) Pte Ltd ၏ စင်ကာပူရုံးသို့ ကြာသပတေးနေ့ နှောင်းပိုင်းက ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်းမရှိပေ။
Linked In လူမှုကွန်ရက်တင်ထားသော အဆိုပါကုမ္ပဏီနောက်ခံအကြောင်းအရာများတွင် ဒေသတွင်း ဆန်၊ ဂျုံ၊ သကြား တင်ပို့သူအဖြစ် ၁၉၉၃ ခုနှစ်က လုပ်ကိုင်ခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် Golden Royal ကျောက်မျက်လုပ်ငန်းကဲ့သို့ အမှတ် တံဆိပ်များကို ထူထောင်ခဲ့ကြောင်း တွေ့ရသည်။
၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီက ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း တိုးချဲ့လုပ်ကိုင်ပြီး သင်္ဘောလောင်စာဆီလည်း ပါဝင်ကြောင်း၊ မကြာသေးမီ ရေနံတင်သင်္ဘော ၁၇ စင်း ထပ်တိုးခဲ့ကြောင်း ဆိုထားသည်။
အရှေ့တောင်အာရှရှိ ဓနအင်အားတောင့်တင်းသော စင်ကာပူမြို့တော်တွင် မြောက်ကိုရီးယား သံရုံး လည်း တည်ရှိနေပြီး စင်ကာပူကုမ္ပဏီများသည် ဘဏ်လုပ်ငန်း၊ ရေနံတင်ပို့ခြင်းနှင့် အခြားစီးပွားရေး လုပ်ငန်းများအတွက် မြောက်ကိုရီးယား အရေးယူပိတ်ဆို့ခံရခြင်းမှ ကျော်လွှားရန်အားထုတ်ရာတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသည်။
စင်ကာပူသည် မြောက်ကိုရီးယားနျူကလီယားလက်နက်စွန့်ရေးအတွက် ဇွန်လက သမ္မတ ဒေါ်နယ် ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ပထမဆုံးတွေ့ဆုံခဲ့သည့်နေရာဖြစ်သည်။
မြောက်ကိုရီးယားက နှစ်ရှည်လများ လုပ်ဆောင်လာသည့် လက်နက်စမ်းသပ်မှုများကို ရပ်တန့်ခဲ့ သော်လည်း ၎င်း နျူကလီး ယားနှင့် ဒုံးကျည်အစီအစဉ်ကိုမူ နောက်တဆင့်အနေဖြင့် အမေရိကန် ပိတ်ဆို့မှုဖြေလျော့ပေးရေး အပေးအယူလုပ်ရန် ဆန္ဒရှိနေသည်။