မြန်မာတပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ လုံခြုံ ရေးကောင်စီ အနေဖြင့် တရားမျှတမှု ရှာဖွေရန် တိုက်တွန်းသော အချက်အလက် ရှာဖွေရေးအဖွဲ ဥက္ကဋ္ဌက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရှင်းလင်းတင်ပြခြင်းကို တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ ထောက်ခံမှုရသည့်တိုင် ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။
“ရက်စက်ကြမ်းကြုတ်မှုတွေ ဒီနေ့အထိ ဆက်ဖြစ်နေတယ်” ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင် ဥက္ကဌ မာဇူကီ ဒါ ရပ်စ်မန်းက လုံခြုံရေးကောင်စီ ရှင်းလင်းပွဲမတိုင်မီတွင် သတင်းထောက် များကို ပြောသည်။
“ဒါဟာ အခုကို ဆက်လက်ဖြစ်ပေါ်နေတဲ့ လူမျိုးတုံး သတ်ဖြတ်မှုပဲ” ဟု သူပြောသည်။
လွန်ခဲ့သောနှစ်က နိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် စစ်ဆင်ရေးများက အပြီးတွင် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေပြီးနောက် တာဝန်ရှိမှုအတွက် အရေးယူရန် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားကြီးထွားနေသည်။
ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က မြန်မာနိုင်ငံအပေါ် အလားတူ အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် သြစတေးလျနိုင်ငံ သည် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာထိပ်တန်းစစ်အရာရှိ ငါးဦးသည် ၎င်း တို့တပ်ဖွဲ့များက ဘင်္ဂါလီများအပေါ် ရက် စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်ကို ကြီးကြပ်ခဲ့ သည်ဟု စွပ်စွဲပြီး ခရီးသွားလာမှုနှင့် ဘဏ္ဍာရေး ပိတ်ပင်မှုများ ချမှတ်ခဲ့ သည်။
ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသော ဘင်္ဂါလီများသည် ပြင်းထန်သော အန္တရာယ်နှင့် ရင်ဆိုင် နေ ရကြောင်း ဒါ ရပ်စ်မန်း က လုံခြုံရေးကောင်စီသို့ ပြောကြားပြီး ထိုသို့သော အခြေအနေတွင် ထွက်ပြေး သူများ ပြန်လည်သွားရောက်ခြင်းသည် ၎င်းတို့ကို စံချိန်မမီသော လူသားများဖြစ်စေရန် ဒဏ်ခတ်ခြင်း ဖြစ်ပြီး နောက်ထပ် အစုလိုက် သတ်ဖြတ်မှုများဖြစ်လာမည်ဟု မာဇူကီ ဒါ ရပ်စ်မန်းက ပြောသည်။
မြန်မာနိုင်ငံကမူ အချက်အလက်ရှာဖွေရေး အဖွဲ့၏ အစီရင်ခံစာကို ပယ်ချခဲ့သည်။
“လုံလောက်တဲ့ အထောက်အထားရှိရင် စွပ်စွဲထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန် ခံနိုင်တယ်၊ တာဝန်ခံဖို့လည်း အသင့်ပါ” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီကို ပြောသည်။
အာဆာအကြမ်းဖက်အဖွဲ့က လုံခြုံရေးကင်းစခန်းများကို တိုက်ခိုက်ပြီးနောက် ထိုစစ်ဆင်ရေးများ ပေါ် ပေါက်လာခြင်းဖြစ် သည်။ ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်သည် ဟူသောစွပ်စွဲချက်များကို မြန်မာ နိုင်ငံက ငြင်းဆန်ပြီး တပ်မတော်သည် စစ်သွေးကြွများကို ထိုက်သင့်သလို တုံ့ပြန်ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ပြောသည်။
“ကျနော်တို့ကြားသိခဲ့ရတဲ့ ရာဇဝတ်မှုတွေဟာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ရဝမ်ဒါနဲ့ ဆရီဘရန်နီကာ မှာ ဖြစ်ခဲ့တဲ့ ပြစ်မှု တွေလိုပဲ။ ဒီဖြစ်ရပ် နှစ်ခုမှာ လုံခြုံရေး ကောင်စီက အရေးယူဆောင်ရွက်ခဲ့တယ်။ အဲဒီတုန်းက အရေးယူ ဆောင်ရွက်ခဲ့တာ ဟာ ဒီဖြစ်ရပ်တွေကို မတားဆီးနိုင်လောက်အောင် နောက်ကျ ခဲ့တဲ့အတွက် ကျနော်တို့ ထာဝရ အရှက်ရစရာ ဖြစ်ခဲ့ပေမယ့် တာဝန်ခံမှုရှိအောင် အရေးယူ ခဲ့တယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ကာရင် ပီးယာ့စ်က လုံခြုံရေးကောင်စီ ကို ပြောသည်။
ဗြိတိန်နိုင်ငံသည် လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံအပေါ် အရေးယူရန် ညှိနှိုင်းပြီး စစ်ဘက်ပြစ်ဒဏ် ကင်းလွတ်နေမှုကို အမှန်တကယ် တွန်းအားပေးသွားမည်ဟု ပီးယာ့စ် ဆိုသည်။
သြဂုတ်လက ထုတ်ပြန်သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေး အစီရင်ခံစာက မြန်မာနိုင်ငံအပေါ် လက်နက် တင်ပို့မှု ပိတ်ပင်ရန်၊ ပစ်မှတ်ထား အရေးယူမှုများ ချမှတ်ရန်နှင့် သံသယရှိသူများကို တရားစွဲဆိုရန် အရေးပေါ် ခုံရုံးထူထောင်ရန် သို့မဟုတ် ၎င်းတို့ကို နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် တောင်းဆိုသည်။
ထိုအစီရင်ခံစာတွင် မြန်မာစစ်တပ်သည် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲထားပြီး တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် ထိပ်တန်း ဗိုလ်ချုပ် ငါး ဦးကို နိုင်ငံတကာဥပဒေအရ အရေးယူရန် တောင်းဆိုသည်။
ထိုအစီရင်ခံစာပါ စွပ်စွဲချက် အများစုကို မြန်မာနိုင်ငံက ငြင်းဆိုပြီး ရက်စက်ကြမ်းကြုတ်မှု အများစု အတွက် အာဆာ အကြမ်းဖက်သမားများကို အပြစ်တင်သည်။
“အမျိုးသား အချုပ်အခြာ အာဏာဆိုတာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခွင့်၊ လူမျိုးတုံး သတ်ဖြတ်ခွင့် လိုင်စင်မဟုတ်ဘူး” ဟု ဒါရပ်စ်မန်း ပြောသည်။
၎င်းက ဆက်လက်ပြီး “အရေးယူဆောင်ရွက်ပေးဖို့ ဘင်္ဂါလီတွေနဲ့ မြန်မာပြည်သူတွေ အားလုံးအပြင် တကမ္ဘာလုံးက လုံခြုံ ရေးကောင်စီကို စောင့်ကြည့်နေတယ်” ဟု ဆိုသည်။
သို့သော် လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရှိသော တရုတ်နှင့် ရုရှားတို့က မည်သည့် အရေးယူမှုမှ မဆို မြန်မာနိုင်ငံကို အကာအကွယ်ပေးနိုင်ကြောင်း သံတမန်များက ပြောသည်။
ICC သို့လွှဲပြောင်းပေးခြင်းကို မြန်မာနိုင်ငံက လုံးဝ လက်ခံမည် မဟုတ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်က ပြောသည်။
ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် ပြည်ထောင်စုနှင့် အခြား ခြောက်နိုင်ငံတို့က အထက်ပါ ရှင်းလင်းပွဲ ပြုလုပ်ရန် တောင်းဆို ခဲ့ခြင်းဖြစ်ပြီး ထိုတောင်းဆိုမှုကို တားဆီးရန် တရုတ်နိုင်ငံက မဲခွဲဆုံးဖြတ်ရန် တောင်းဆိုသည်။
အနည်းဆုံးလိုအပ်ချက်ဖြစ်သည့် နိုင်ငံကိုး နိုင်ငံက ရှင်းလင်းပွဲကျင်းပမည့် အစီအစဉ်ကို ထောက်ခံပြီး တရုတ်၊ ရုရှား၊ ဘိုလီးဗီးယားတို့က ကန့်ကွက်ကာ အီသီယိုပီးယား၊ အီကွေတိုရီယယ် ဂီနီနှင့် ကာဇက်စတန်တို့က မဲမပေးဘဲ နေခဲ့သည်။
“လုံခြုံရေးကောင်စီဟာ နိုင်ငံတခုချင်းရဲ့ လူ့အခွင့်အရေး ပြဿနာတွေမှာ ပါဝင်ပါတ်သက်ခြင်း မပြု သင့်ဘူး” ဟု ကုလ သမဂ္ဂဆိုင်ရာ တရုတ်သံအမတ် မာဇောင်ရှု က လုံခြုံရေး ကောင်စီသို့ပြောပြီး ယခုရှင်းလင်းပွဲသည် အခြေအနေကို ဖြေရှင်း ရာတွင် ဆိုးကျိုးများ ဖြစ်စေမည်ဟု ပြောသည်။
နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခွင့် ပေးသင့် သည် ဟူသော သဘောထားအမြဲရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ယင်းက ဘေဂျင်းတွင် ပြောသည်။
“လုံခြုံရေးကောင်စီဆိုတာ လူ့အခွင့်အရေး ပြဿနာတွေကို ဆွေးနွေးသင့်တဲ့ နေရာမဟုတ်ဘူး” သူက ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောပြီး ထိုရှင်းလင်းပွဲသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆွေး နွေးပွဲများကို ဝင်ရောက်မစွက်ဖက် ကြောင်းနှင့် ပြဿနာ ဖြေရှင်းရေးအတွက် အကျိုးမပြုကြောင်း လည်းပြောသည်။
ထိုရှင်းလင်းပွဲကို တောင်းဆိုသော နိုင်ငံကိုး နိုင်ငံသည် လုံခြံရေးကောင်စီတွင် အားလုံးသဘောတူညီမှု တည်ဆောက်ခြင်း ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်စ်လီ နီဘန်ဇီယာ က ပြောသည်။
Global Pressure Mounts on Myanmar to Act on Accountability in Rakhine Crisis အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)