အင်ဒိုနီးရှားနိုင်ငံမှ ဂျာကတာမြို့မှ ပန်ကာပင်နန်သို့ ပျံသန်းနေသည့် Lion Air မှ ဘိုရင်း 737 ခရီးသည်တင် လေယာဉ် တစီး ယနေ့နံနက်ပိုင်းက ပျက်ကျသွားကြောင်း Reuters သတင်းကဆို သည်။
ယင်းလေယာဉ်မှာ ခရီးသည် ၂၁၀ ဦးခန့် လိုက်ပါနိုင်သည့် 737 Max-8 model ဖြစ်ပြီး၊ လေယာဉ် ပေါ်၌ ခရီးသည် ၁၈၉ ဦးလိုက်ပါလာကြောင်း bloomberg သတင်းကဆိုသည်။
အင်ဒိုနီးရှား ကယ်ဆယ်ရေး အေဂျင်စီမှ ပြောခွင့်ရ ယူဆွတ် လာတစ်ဖ်အဆိုအရ ယင်းလေယာဉ်သည် ပျံတက်ပြီး ၁၃မိနစ်ခန့် အကြာ လေကြောင်း ထိန်းချုပ်ရေး မျှော်စင်နှင့် အဆက်အသွယ်ပြတ်သွားပြီး ပင်လယ်ထဲသို့ ပျက်ကျသွား ကြောင်း သိရသည်။
လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံတွင် ပြေးဆွဲနေသည့် ခရီးသည် ၁၆၂ဦး လိုက်ပါလာသည့် Ari Asia မှ Airbus A 320 ခရီးသည်တင်လေယာဉ်တစီး ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ် ပင်လယ်ထဲသို့ ပျက်ကျခဲ့သေးသည်။