သတင်း

ကုန်သွယ်မှု အထူးအခွင့်အရေး မရုပ်သိမ်းရေး EU နှင့် တွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေး အစီအစဉ် မရုပ်သိမ်းရန် ပြည်တွင်းမှ အဖွဲ့ အစည်းများ အနေဖြင့် ဥရောပ သမဂ္ဂ (EU) ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးသည်။

အောက်တိုဘာလ ၂၉ ရက်၌ ဥရောပ သမဂ္ဂ ကိုယ်စားလှယ်များနှင့် အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်များ၊ အသင်းအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က “ကျနော်တို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်တွေ အနေနဲ့က တော့ EU GSP Withdraw အထူးစီးပွားရေး အခွင့်အရေး ပြန်နုတ်သိမ်းတာကိုတော့ မကြိုက်ဘူး။ ကျနော် တို့ အနေနဲ့ လက်မခံဘူးလို့ ပြောထားတယ်။ သူတို့ဘက်ကတောာ့ ၅၀ ၊ ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှု ဆိုင်ရာ အခွင့်အရေးများ (GSP/EBA -Everything But Arm) ရုပ်သိမ်း ရန် အတွက် စုံစမ်း စစ်ဆေးမှုများ လာ ရောက် ပြုလုပ်နေသည့် ဥရောပ သမဂ္ဂ EU အဖွဲ့နှင့် ပြည်တွင်း အလုပ်သမား အဖွဲ့အစည်း ၆ ဖွဲ့မှာလည်း အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြ သေးကြောင်း သိရသည်။

ထိုတွေ့ဆုံမှု အပြီး အလုပ်သမား သမဂ္ဂ အဖွဲ့များက ဆွေးနွေးကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

EU ကုန်သွယ်မှု အခွင့်အရေး စိစစ် လေ့လာရေး အဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ ပြီး ရခိုင် အပါအဝင် အခြား ဒေသများတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို လေ့လာ သုံးသပ်ရန် လာရောက်ခြင်း ဖြစ်သည်။

EU ၏ အရေးယူမှုသည် မြန်မာ အလုပ်သမားများကို တိုက်ရိုက် ထိခိုက်နိုင်သည် သာမက ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ် တို့ရှိ ကိစ္စရပ်များ ပေါ်၌ သက်ရောက်မှု ရှိ၊ မရှိကို ထည့်သွင်း စဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ စက်မူ၊ လက်မူနှင့် ကုန်ထုတ် လုပ်ငန်း ပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချူပ်( MICS) ၏ ဒု ဥက္ကဋ္ဌဖြစ်သူ ဦးနော်အောင်က ပြောကြား သည်။

ဦးနော်အောင်က“ဒီအထူးအခွင့်အရေးကို ရုပ်သိမ်းဖို့ ဆွေးနွေးရင် မြန်မာနိုင်ငံ အလုပ်သမားတွေရဲ့ဘဝတွေ ခံစားချက် တွေကိုလည်း ထည့်သွင်း စဉ်းစားပေးဖို့ လိုအပ်ပါတယ် ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ်။ ဒီလို အထူးအခွင့်အရေး ရုပ် သိမ်းလိုက်တဲ့ အတွက်ကြောင့်မို့လို့ ရခိုင်အရေး ကချင်အရေး ရှမ်းပြည်နယ် အရေးတွေကိုရော ထိရောက်မှု ရှိပါ့ မလား ဆိုတာကို EU အနေနဲ့ အလေးအနက် စဉ်းစားဖို့ လိုတယ်”ဟုလည်း ပြောသည်။

ထို့ပြင် လုပ်ငန်းရှင် အသင်းအဖွဲ့များကလည်း အထည်ချုပ်နှင့် ဖိနပ်ချုပ် လုပ်ငန်းများ အပေါ် EU မှ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) အစီအစဉ် ရုပ်သိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အခက်အခဲများကို ဆွေး နွေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရသည်။

EU မှ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းလိုက်မည် ဆိုပါက ရန်ကုန်တိုင်း ဒေသကြီးရှိ အလုပ်သမား ၄ သိန်း ခန့်ကို တိုက်ရိုက် ထိခိုက်နိုင်မည် ဖြစ်ကြောင်း ဦးမောင်မောင်က ပြောသည်။

“လှိုင်သာယာမှာရှိတဲ့ အလုပ်သမား ၄ သိန်းက ပြည်နယ် တခုမှာ ဖြစ်နေတာကို ဘာမှမသိဘူး။ လှိုင်သာယာထဲမှာ ဆိုရင် ရခိုင်အမျိုးသားလေးတွေ အမျိုးသမီးလေးတွေ လူ ၅သောင်းလောက်တော့ အနည်းဆုံးရှိတယ်။ အဲဒီလူတွေက အလုပ် ပြုတ်ရဦးမှာလားဗျာ။ ကျနော်ကတော့ တနိုင်ငံလုံးကို ခြုံကြည့်စေချင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် ကိစ္စရပ်များ အပေါ် အခြေခံကာ မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှု ဆိုင်ရာ အထူး အခွင့်အရေး (GSP) ကို ပြန်လည် ရုပ်သိမ်းရန် အတွက် ဥရောပ သမဂ္ဂက စဉ်းစား သုံးသပ် လျက်ရှိကြောင်း EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးက အောက်တိုဘာလ ၅ ရက်တွင် ထုတ်ဖော် ပြောဆိုထား သည်။

လှိုင်သာယာ အခြေခံ အထည်ချုပ် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်အေးက“ကျနော်တို့ အများကြီး စိုးရိမ်ပါတယ်။ အတိုင်းအတာကို ပြောပြလို့ မတတ်အောင်ကို စိုးရိမ်ကြရတယ်။ လက်ရှိ ချုပ်နေတဲ့ အော်ဒါကိုပဲ ဘာ ဆက်လုပ်ရမလဲတာကို မသိတော့ဘူး။ အခု လက်ရှိ ချုပ်နေတဲ့ အော်ဒါတွေက ကောင်းကောင်းမွန်မွန်နဲ့ ချုပ်ရတဲ့ အော်ဒါ တွေလည်း ရှိနေတယ်။ သူတို့ လာချုပ်ဖို့ အတွက်ကို ကြိုးစားပမ်းစား နှစ်နဲ့ချီပြီး ကြိုးစားယူရတယ်။ အခု လက်ရှိ အနေ အထားမှာ GSP ပိတ်လိုက်မယ် ဆိုရင် ဒါတွေ ချုပ်လို့ မရတော့ဘူး ဆိုရင် တော်တော့်ကို ဆိုးရွား သွား ပြီ”ဟု ပြောဆို သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading