သတင်း

ကမန် မှတ်ပုံတင် အမှားအယွင်း ဖြစ်ပေါ်က တာဝန်ယူမည်ဟု လဝက ဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် ကမန် တိုင်းရင်းသားများအား မှတ်ပုံတင် ထုတ်ပေးမှုနှင့် ပတ်သက်ပြီး အမှားအယွင်း ဖြစ်ပေါ်လာပါ က တာဝန်ယူမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန (လဝက) ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

နေပြည်တော်ရှိ M Gallary ဟိုတယ်၌ အောက်တိုဘာ ၃၀ ရက်က ပြုလုပ်သည့် “အလုပ်တွင် အကျိုးခံစားခွင့် အာမခံ စနစ်နှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ” အပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက“ဒီတခါ စစ်ပြီးလို့ ဆုံးဖြတ်ပြီးရင် သမိုင်းတွင်မယ့် ကိစ္စဖြစ်တယ်။ အမှားခံလို့ မရ ဘူး။ ဝန်ကြီး အနေနဲ့ တာဝန်ယူပါတယ်။ အားလုံးကို ရှင်းလင်းပြီးတော့မှ တဦးချင်းစီ အလိုက် သူ့ကို ဘာလို့ ဒီဟာကို ပေးရ တယ်။ ဥပမာ ကမန်မို့လို့ ပေးရတယ်။ ဘဂါၤလီမို့လို့ ပေးရတယ် ဆိုတာ ခိုင်မာဖို့ လိုပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာနေ လူဦးရေ ၃၀ဝ၀ ကျော်ကို ကမန်တိုင်းရင်းသား အဖြစ် နိုင်ငံ သား မှတ်ပုံတင် ထုတ်ပေးခဲ့ခြင်း အပေါ် ထိုသူများမှာ ကမန်မဟုတ်ဟု ကန့်ကွက်မှုများ ရှိနေသောကြောင့် ဝန်ကြီး ဌာန က ပြန်လည် စိစစ်လျက်ရှိကာ တွေ့ရှိချက်နှင့် ပတ်သက်၍ အမှားအယွင်း ဖြစ်ပေါ်လာပါက မိမိကိုယ်တိုင် တာဝန် ယူ မည် ဖြစ်ကြောင်း ဦးသိန်းဆွေက ပြောဆိုသည်။

ကမန် တိုင်းရင်းသား မှတ်ပုံတင် ထုတ်ပေးမှုကို ဝန်ကြီးဌာန အနေဖြင့် စနစ်တကျ စိစစ်ပြီးမှ လုပ်ဆောင်ခြင်း ဖြစ် ကြောင်း၊ ကမန် မှတ်ပုံတင် ထုတ်ပေး စဉ်ကလည်း ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ အတိုင်းသာ စိစစ် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဦးသိန်းဆွေက“ပြောချင်တာကတော့ နိုင်ငံသား အရည်အချင်း ပြည့်တဲ့သူ အားလုံးကို ထုတ်ပေးတာ ဖြစ်ပါတယ်။ အသေး စိတ် စစ်ဆေးဖို့ လိုအပ်တဲ့အတွက် တဦးချင်းစီရဲ့ အထောက်အထား စာရွက် စာတမ်းတွေ အသေးစိတ် ပြန်လေ့လာနေ တယ်။ ဥပဒေနဲ့ ယှဉ်ထိုးနေပါတယ်”ဟုလည်း ပြောဆိုသည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ယခုနှစ် ဩဂုတ်လ အတွင်း ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုရှိ ကမန် မဟုတ်သည့် ဘင်္ဂါလီများကို ကမန်လူမျိုး အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ် ၃ ထောင်ကျော် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ မှတ်ပုံတင် ထုတ်ပေးခဲ့ခြင်း အပေါ် ပြန်လည် စိစစ်၍ မသမာမှု ပြုလုပ်နေသူများကို ဖော်ထုတ် အရေးယူပေး ရန် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ကမန်လူမျိုးများက စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဝန်ကြီးဌာန အနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ ကို တိုက်ရိုက် ချိုးဖောက်၍ ဆောင်ရွက်သည်ဟု မြင်ကြောင်း၊ ဥပဒေ အတိုင်း မလိုက်နာဘဲ ဆောင်ရွက်သဖြင့် မိမိကိုယ်တိုင် လွှတ်တော်ကို မေးခွန်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အစိုးရ တရပ်သည်  ပြဌာန်းထားသည့် ဥပဒေ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အကောင် အထည် မဖော်ပါက ပြောပိုင်ခွင့်ရှိကြောင်း ပြောသည်။

“ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ မညီဘဲ လုပ်လိုက်တယ်လို့ ကျနော် ထင်တယ်။ တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်တယ် လို့ ပြောလို့ ရတယ်။ သေချာ စိစစ်ပြီး မလုပ်ခဲ့လို့ ပြန်ပြီး စိစစ်ရမယ့် အခြေအနေတွေ ဖြစ်လာတာပါ”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။

သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက“ကမန် ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်ထုံး လုပ်နည်း ဥပဒေနဲ့ လုပ်ဖို့ပဲ လို တယ်။ ဥပဒေနဲ့ မညီဘဲ လုပ်တာတော့ ကျနော်တို့က လက်မခံဘူး။ အဲဒီလို လုပ်ပေးဖို့လည်း ကျနော်တို့မှာ မူဝါဒ မရှိ ဘူး။ လုပ်လည်း လုပ်မပေးဘူး”ဟု အောက်တိုဘာ ၂၉ ရက်က သမ္မတ  အိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ၌ ပြောကြားသွားသည်။

ယင်းကိစ္စအား ဒေသခံ  ရခိုင် တိုင်းရင်းသားများနှင့် ကမန် တိုင်းရင်းသားများ၊ ကမန် တိုင်းရင်းသား ပါတီ တို့မှ ကျောက်နီ မော် အုပ်စုနေ ဘင်္ဂါလီများကို ကမန် လူမျိုးအမည်နှင့် ၁၁/ရဗန(နိုင်) မှတ်ပုံတင် ကတ်ပြားများ ပြုလုပ်ပေး နေခြင်း အပေါ် ပြန်လည် စိစစ်ပေးရန် တောင်းဆိုထားကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading