• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အောင်ရဲထွေး အမှု လူမှားရိုက်ခြင်းဟု သိရကြောင်း တရားလိုပြ သက်သေ ထွက်ဆို

by ဇူးဇူး
30 October 2018
in သတင်း
A A
အောင်ရဲထွေးအမှု ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးတွင် ဇန်နဝါရီလ အတွင်းက ရုံးထုတ်လာစဉ် / ဧရာဝတီ

အောင်ရဲထွေးအမှု ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးတွင် ဇန်နဝါရီလ အတွင်းက ရုံးထုတ်လာစဉ် / ဧရာဝတီ

35.9k
VIEWS
Share on FacebookShare on Twitter

အောင်ရဲထွေး အမှုတွင် လူမှားရိုက်ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း တရားလိုပြသက်သေ ဦးရေမွန် ဂမ်အောင် (ခ) ဦးဇော်သီဟထွန်း က ယနေ့ တရားခွင်၌ ထွက်ဆိုသည်။

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်း ခရိုင် တရားရုံး၌ အောက်တိုဘာ ၃၀ ရက် ရုံးချိန်း တရားခွင် အတွင်း အဓိက ထွက်ဆိုချက်တွင် အထက်ပါ အတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
8
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1k
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
716

ဦးရေမွန်ဂမ်အောင် (ခ) ဦးဇော်သီဟထွန်းသည် အခင်းဖြစ်ပွားခဲ့သည့် The One Entertainment Park တွင် ၂၀၁၇ ခုနှစ် ဧပြီမှ စတင်၍ အထွေထွေ မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင်နေသူ တဦး ဖြစ်သည်ဟု ဆိုသည်။

၎င်း၏ ထွက်ဆိုချက်၌ ရိုက်ပွဲဖြစ်စဉ်ကို ဝန်ထမ်း ကိုကျော်သူက အကြောင်းကြားခဲ့ခြင်း ဖြစ်ပြီး ကွင်းလုံခြုံရေး တာဝန်ခံ ကိုငယ် (ခ) ကိုထိန်မင်းကို လှမ်း၍ ဖုန်းဖြင့် ခေါ်ခဲ့ကြောင်း ပြောဆိုသည်။

ဦးရေမွန်ဂမ်အောင်က “လူမှားရိုက်ခြင်း ဖြစ်သည်ဟုလည်း ကိုထိန်မင်းထံမှ သိရှိရပါသည်”ဟု တရားခွင်တွင် ပြောသည်။

ဖြစ်စဉ် အသေးစိတ်ကို ဦးရေမွန်ဂမ်အောင်က တရားခွင်၌ ပြောရာတွင် ၂၀၁၈ ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီ ၁၇ မိနစ် အချိန်၌ အဆောက်အဦ (The One Entertainment Park)၏ ဝင်ပေါက် ထွက်ပေါက်နေရာတွင် ရောက်ရှိနေစဉ် ကိုကျော် သူက စကားပြောစက်ဖြင့် လှမ်း၍ ရိုက်နှက်မှု ဖြစ်စဉ်ကို အကြောင်းကြားသဖြင့် လုံခြုံရေး ဝန်ထမ်းများနှင့်အတူ ဂိတ်တံခါး ကို ပိတ်လိုက်ကြောင်း ထွက်ဆိုသည်။

ဦးရေမွန်ဂမ်အောင်က ဆက်လက်၍ ကိုကျော်သူ ရောက်ရှိလာပြီး ရိုက်နှက်၍ ထွက်ပြေးသွားသူ ၂ ဦး (ယင်းအချိန်က အမည် မသိရှိပါ) အား “ဒီလူတွေပဲ” ဟု ပြသကြောင်း၊ ကိုထိန်မင်း ရောက်ရှိလာပြီးနောက် ထိုလူ ၂ ဦးအား စစ်ဆေး မေးမြန်းနေစဉ် ကောင်မလေး တဦးက မူးနေဟန် အနေအထားရှိသည့် ကောင်လေးတဦး (အောင်ရဲထွေး) ကို တွဲ၍ ထွက်လာသည်ကို မြင်တွေ့ ရကာ ကောင်မလေးက ဆေးရုံကား ခေါ်ပေးရန် ပြောခဲ့ကြောင်း၊ ထိုအချိန်တွင် ကောင်လေး၏ နှာခေါင်း၌ သွေးထွက် နေသည်ကို တွေ့ရကြောင်း ပြောသည်။

ကိုထိန်မင်းက ဒဏ်ရာရသူ (အောင်ရဲထွေး)အား “ညီငယ် ဒီ ၂ ယောက်ကတော့ မင်းကို ရိုက်သွားတဲ့ သူတွေ” ဟု ဂိတ်တွင် ပြသပြောဆိုပြီး “အမှုဖွင့်မလား” ဟု မေးမြန်းရာ “အမှု မဖွင့်ပါ” ၊ “ဒဏ်ရာ ကောင်းသွားရင် ပြန်ရိုက် မည်” ဟု ပြောကြောင်း တရားခွင်၌ ဦးရေမွန်ဂမ်အောင်က ထွက်ဆိုသွားသည်။

ဦးရေမွန်ဂမ်အောင်နှင့် လုံခြုံရေး အဖွဲ့သည် ဒဏ်ရာရသူ (အောင်ရဲထွေး) အား အောင်ရတနာ အထူးကု ဆေးခန်းသို့ လိုက်ပို့ ပြီးနောက် The One Entertainment Park သို့ ပြန်လာခဲ့သည့်အခါ ထိန်းသိမ်းထားသူ၂ ဦးကို ဝန်ထမ်းများ ဖြစ်သည့် ကိုကျော်သူနှင့် ကိုသန့်ဇင်တို့က မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးထားပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ပြောပြ၍ သိရှိရကြောင်း၊ ထိုသူ ၂ ဦးမှာ သန်းထွဋ်အောင်(ခ) သားကြီးနှင့် နောက်တဦး (အမည် မပြောပြခဲ့) ဖြစ်သည်ဟု ပြောပြ ကြောင်း ထွက်ဆို သည်။

တဆက်တည်းတွင် ၎င်းက The One Entertainment Park တွင် ပါတီပွဲ ကျင်းပရာ၌ အခန်းတွင်း LED ရောင်စုံမီးများ ထွန်းညှိထားကာ ယင်းရောင်စုံမီး၏အလင်းအားမှာ တဦးနှင့်တဦး ၁၀ ပေ ပတ်လည် အကွာခန့်တွင် ကောင်းစွာ မြင်တွေ့ သိရှိနိုင်သည့် အလင်းအား ရှိကြောင်းလည်း ထွက်ဆိုသွားသည်။

ယနေ့ ရုံးချိန်းတွင် ဦးရေမွန်ဂမ်အောင် အပါအဝင် ဦးနိုင်နိုင်ထွန်း (The One Entertainment Park အထွေထွေ သန့်ရှင်း ရေး လုပ်ငန်း ကြီးကြပ်သူ) တို့ဖြစ်သည့် တရားလိုပြ သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သံသယ တရားခံများသော သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ ကျော်ဇောဟန်(ခ) ကျော်ဇော တို့၏ အကျိုးဆောင် ရှေ့နေများကလည်း အဆိုပါ တရားလိုပြ သက်သေများကို ပြန်လှန် မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးတို့၏ အကျိုးဆောင် ရှေ့နေက ဥပဒေ အရာရှိ၏ ပြန်လည် ရှင်းလင်း စစ်မေးချက် အပေါ် ပြန်လှန်စစ် မေးရာတွင် “ဆက်သွယ်ရေးစက်ဖြင့် ပြောဆိုသည်ဟု ဆိုရာ အမည်နှင့် လူပုံသဏ္ဌာန် မပါဟု ဆိုလျှင်” ဟု မေးမြန်းရာ ဦးရေမွန်ဂမ်အောင်က “မှန်ပါသည်” ဟု ဖြေဆိုခဲ့သည်။

အောင်ရဲထွေး အမှုတွင် တရားလိုပြ သက်သေ ၂၂ ဦး တင်သွင်းထားသည့် အနက် ယခုအခါ တရားလို ကိုသန့်ဇင်ဦး (အောင်ရဲထွေး အစ်ကို) အပါအဝင် ၅ ဦးကို စစ်ဆေးပြီး ဖြစ်ရာ လာမည့် နိုဝင်ဘာ ၆ ရက် ရုံးချိန်းတွင် ကျန်ရှိ သက် သေများထဲမှ ၃ ဦးကို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲ ထွေး သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်သော နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာန တွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

Your Thoughts …
Tags: အောင်ရဲထွေးအမှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

အောင်ရဲထွေးအမှုတွင် စွပ်စွဲခံရသူ ၃ ဦးအား ရုံးထုတ်လာစဉ်  / မျိုးမင်းစိုး  / ဧရာဝတီ

အောင်ရဲထွေးအမှု လူသတ်မှုမှ အပြင်းအထန် နာကျင်စေမှုသို့ ပြောင်းလဲ စွဲချက်တင်

by ဇူးဇူး
14 December 2019
60.7k

ထိုစွဲချက်အမိန့်ကို ကာယကံရှင်များက ကျေနပ်မှုမရှိ ဟုဆိုကာ တိုင်းတရား လွှတ်တော်သို့ ပြီးခဲ့သည့် ၂၀၁၉ ဇန်နဝါရီ ဒုတိယပတ်အတွင်းက ပြင်ဆင်မှု လျှောက်လွှာတင်ခဲ့ရာ လက်ခံခဲ့ပြီး နှစ်ဖက်လျှောက်လဲချက်များ ကြားနာပြီးနောက် ယနေ့(ဒီဇင်ဘာ ၁၃ ရက်)တွင် ပြောင်းလဲစွဲချက် တင်ကြောင်း...

တရားရုံးက အမှုကို ရုတ်သိမ်းခဲ့သည်ကို လူထုက ဒေါသထွက် ကန့်ကွက်ခဲ့ကြသည်။ သမ္မတဦးဝင်းမြင့်ပင် ထိုအမှုအပေါ် ဝင်ရောက် ထောက်ပြ ပြောဆိုစေခဲ့သည်။

အောင်ရဲထွေးအမှု ဘာကြောင့် ရုတ်သိမ်းခဲ့တာလဲ

by စမ်းယမင်းအောင်
29 August 2018
32.9k

တရားရုံးမှ ထိုအမှုကိုရုတ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်ကို လူထုက ဒေါသထွက် ကန့်ကွက်ခဲ့ကြသည်။ သမ္မတဦးဝင်းမြင့်ပင် ထိုအမှုအပေါ် ဝင်ရောက် ထောက်ပြ ပြောဆိုစေခဲ့သည်။

အောင်ရဲထွေးအမှုတွင် စွပ်စွဲခံရသူ ၃ ဦးအား ရုံးထုတ်လာစဉ်  /  မျိုးမင်းစိုး  / ဧရာဝတီ

အောင်ရဲထွေး သေဆုံးမှုမှ အာမခံပေးထားသူ ၃ ဦးကို ပြန်လည်ဖမ်းဆီး

by ဇူးဇူး
18 August 2020
21.4k

ပြည်ထောင်စု တရားလွှတ်တော်ချုပ် (နေပြည်တော်)သို့ ပြင်ဆင်မှုတက်ရာ ခရိုင်တရားရုံး၏ အမိန့်ကို ပြန် လည် အတည်ပြုလိုက်သောကြောင့် ပုဒ်မ ၃၀၂(၂) ပြန်ဖြစ်ကာ စွဲချက်တင်သည့်အဆင့်မှ ပြန်လည်စစ်ဆေးမှုများ ပြု လုပ်သွားရမည် ဖြစ်ကြောင်း ဦးချစ်ကိုကိုက ရှင်းပြသည်။

အောင်ရဲထွေးကို အမှုရုံးချိန်းတခုတွင် တွေ့ရသော သံသယ တရားခံများ  / ဧရာဝတီ

အောင်ရဲထွေးအမှု တိုင်းဥပဒေချုပ်အပါအဝင် ၆ ဦးကို လာဘ်စားမှုဖြင့် အမှုဖွင့်

by ဇူးဇူး
13 September 2018
40.3k

အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၅ ဦးနှင့် ရွှေပေါက္ကံ နယ်မြေရဲစခန်းမှ ရဲအုပ်ချစ်ကိုကိုတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး...

အောင်ရဲထွေး အမှု ရုံးထုတ်မြင်ကွင်း  / မျိုးမင်းစိုး / ဧရာဝတီ

အောင်ရဲထွေး မျက်နှာ အကန်ခံရသည့် ဖိနပ်ရာ တွေ့ကြောင်း ဖခင်ဖြစ်သူ ထွက်ဆို

by ဇူးဇူး
16 October 2018
35.5k

ယနေ့ ရုံးချိန်းတွင် တရားလို ကိုသန့်ဇင်ဦး (အောင်ရဲထွေးအစ်ကို) အပါအဝင် တရားလိုပြသက်သေ အောင်ရဲထွေး၏ ဖခင် ဦးမြင့်ဦးနှင့် မိခင် ဒေါ်သန်းသန်းထွေးတို့ကို စစ်ဆေးခဲ့

ရန်ကုန်တိုင်း တရား လွှတ်တော်တွင် ရုံးထုတ်လာသည့် ရဲအုပ် ချစ်ကိုကို  / မျိုးမင်းစိုး  / ဧရာဝတီ

အောင်ရဲထွေး အမှု သက်သေခံတင်သွင်းချက် စွပ်စွဲခံရသူများဘက်မှ ကန့်ကွက်

by ဇူးဇူး
12 October 2018
10k

အောင်ရဲထွေးအမှုနှင့် ပတ်သက်သည့် ပထမ သတင်းပေး တိုင်ချက်ကို သက်သေအဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးမိုးနိုင်က တင်သွင်းခဲ့ရာ စွပ်စွဲခံရသူများဘက်မှ ကန့်ကွက်ခဲ့ကြသည်။

Next Post
၂၀၁၇ ခုနှစ် ဩဂုတ်က ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော KNLA တပ်ဖွဲ့ဝင်များ / ငြိမ်းငြိမ်း

ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက နုတ်ထွက်မှု KNU သဘောထားကွဲမှုကို ရောင်ပြန်ဟပ်

Kreate Food ၏ အမှုဆောင် ဒါရိုက်တာ မေသင်းကြူ / May Thin Kyu  / Facebook

မြန်မာ့စားသောက်ဆိုင်လုပ်ငန်းကို ရှေ့တန်းရောက်စေချင်သည့် သူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate