သတင်း

သီးနှံအာမခံလုပ်ငန်းအတွက် စမ်းသပ်လုပ်ကွက်များ တိုးချဲ့မည်

Want create site? Find Free WordPress Themes and plugins.

သီးနှံအာမခံစနစ် ပိုမို ဖြစ်ထွန်းရန် စမ်းသပ်လုပ်ကွက်များကို ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် တိုးချဲ့ ဆောင်ရွက်မည် ဟု ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကေ်ာမတီထံမှ သိရသည်။

ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက “သီးနှံတွေ ရေကြီးတာကို ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ အစီအမံပေါ့၊ တချိန်ထဲမှာပဲ သီးနှံအာမခံ လုပ်ငန်းအနေနဲ့ အာမခံစနစ် ထွန်းကားစေချင်တဲ့ ဆန္ဒပါတယ်။ တောင်သူ မနစ်နာစေရေးလည်း ပါတယ်။ ဒါကိုလွှတ်တော်ကို လာပြီး တိုင်ပင်တဲ့ အခါမှာ လွှတ်တော်က တော် တော်လေးကို ကျေနပ်သဘောကျတော့မှ သက် ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ညိုနှိုင်း ဆောင်ရွက် လျက် ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် သီးနှံအာမခံစနစ်ကို ဧရာဝတီတိုင်းရှိ ဟင်္သာတ၊ ပုသိမ်၊ လပွတ္တာနှင့် ကန်ကြီးထောင့်မြို့ နယ်ရှိ ကျေးရွာ အချို့တွင် စတင် လုပ်ဆောင်နေပြီး တနှစ် အာမခံစနစ် ဖြစ်ကာ မိုးစပါးအပြင် နွေစပါးပါ အကျုံးဝင်သည်ဟု သိရ သည်။

၎င်းက ဆက်လက်ပြီး “စမ်းသပ်ကာလအနေနှင့် မိုးစပါး ၁ ကြိမ်နဲ့ နွေစပါး ၂ ကြိမ်။ နှစ်အားဖြင့် ၂ နှစ်ခန့် လုပ်ဆောင်မှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

ဧရာဝတီတိုင်းအတွင်း သီးနှံအာမခံစနစ်ကို Global World Insurance (GWI) အာမခံလုပ်ငန်းမှ ဦးဆောင် အကောင် အထည် ဖော်နေခြင်းဖြစ်ပြီး ယင်းစနစ်အောင်မြင်ရေးအတွက် အစိုးရ၏ အကူအညီ လိုအပ်နေသည်ဟုလည်း သိရသည်။

GWI စီမံချက် တာဝန်ခံ ဒုအထွေထွေမန်နေဂျာ ဦးကျော်ကိုကိုအောင်က “ကြုံတွေ့ရတဲ့အခက်အခဲတွေ က မြေကြီး မြေပုံ မှန်ကန်ရေးနဲ့ မြေပြင်သတင်း အချက်အလက် ရရှိဖို့ ဌာနဆိုင်ရာတွေရဲ့ အကူအညီ လိုအပ်တယ်။ အာမခံ လက်ခံခြင်းနဲ့ လျှော်ကြေးစိစစ်တဲ့ လုပ်ငန်းတွေ အဆင်ပြေဖို့ သက်ဆိုင်ရာ သီးနှံအာမခံ ကော်မတီဖွဲ့စည်းဖို့ တွေလိုပါတယ်” ဟု ဆိုသည်။

သီးနှံ အာမခံ ထားလိုသည့် တောင်သူများအနေဖြင့် စိုက်ဧက မှန်ကန်ကြောင်း သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ထောက်ခံချက် လိုအပ်ပြီး သီးနှံအမျိုးအစားနှင့် အာမခံ ထားလိုသည့် ဧကအလိုက် အာမခံ ပရီမီယမ်ကြေးကို သီးနှံ မစိုက်ပျိုးမီ အနည်းဆုံး ၃၀ ရက်အတွင်း ပေးသွင်းရမည် ဖြစ်သည်။

သီးနှံ အမျိုးအစားမှာ မိုးစပါးနှင့် နွေစပါး နှစ်မျိုးစလုံး အကျုံးဝင်ပြီး တနှစ်အတွင်း ပျက်စီးဆုံးရှုံးမှု ရှိပါက လျော်ကြေး တကြိမ် ရရှိမည် ဖြစ်သည်ဟု သိရသည်။

လျော်ကြေးပေးမှု ပုံစံမှာ တဧက အထွက်နှုန်းအပေါ် တွက်ချက်ကာ အကြောင်းကြောင်း ကြောင့် သီးနှံ အထွက်နှုန်းကျခြင်း (သို့မဟုတ်) ပျက်စီးခြင်းတို့ ရှိပါက အာမခံထားရှိစဉ်က သတ်မှတ် သဘောတူ ထားသည့် ကာလပေါက်ဈေးအတိုင်း ၂ ရာခိုင်နှုန်း ပေးလျော်ခြင်း ဖြစ်သည်။

ဥပမာ စပါး အထွက်နှုန်း တင်း ၅၀ ရှိသည့် လယ်မြေအတွက် တင်း ၃၀ သာ ထွက်ရှိပါက လျော့သွား သည့် တင်း ၂၀ အတွက် ပေါက်ဈေးအတိုင်း ကုမ္ပဏီက ပေးလျော်ခြင်းမျိုး ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ သီးနှံအာမခံလုပ်ငန်းများတွင် ပုဂ္ဂလိလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်ခြင်းမှာ တောင်သူ များအတွက် အဆင်ပြေ နိုင်မည့် စနစ်တခု ဖြစ်သော်လည်း အစိုးရဘက်မှ ဝင်ရောက်ဆောင်ရွက်ရန် လိုအပ်နေသည်ဟုလည်း သုံးသပ်မှုများ ရှိ သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဦးရန်လင်းက “လျော်ကြေးက ချက်ချင်းပေး မှာ မဟုတ်ဘူး။ ၂၄ နာရီအတွင်း အကြောင်းကြားရမယ်။ ဓာတ်ပုံမှတ် တမ်းတွေ ရှိရမယ်။ နောက်ပြီးရင် ပြဿနာ တစုံတရာ ဖြစ်လာခဲ့ရင် သီးနှံအာမခံကုမ္ပဏီရဲ့ အဆုံး အဖြတ်ကလည်း နောက်ဆုံး မှာ အတည်ဖြစ်မှာ။ ဒါကြောင့်မို့ သီးနှံ အာမခံ ကော်မတီက နိုင်ငံတော် အဆင့် အမျိုးသားအဆင့် လိုအပ်သလို မြို့နယ် အဆင့်လည်းပဲ လိုအပ်ပါတယ်”ဟု ဆိုသည်။

သီးနှံအာမခံစနစ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မိုးစပါးစိုက်ရာသီကတည်း စတင်နိုင်ရန် ပြင်ဆင် ခဲ့သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအများစု၏ အခက်အခဲများကြောင့် ယခုနှစ် မိုးနှောင်းပိုင်း ကျမှသာလျှင် စတင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ စနစ်မှာ စမ်းသပ်ဆဲအဆင့်သာရှိသေးပြီး ဥပဒေဖြင့် လုပ်ဆောင်နိုင်ရန်အတွက် အာမခံ ဥပဒေ ရေးဆွဲနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

ယင်းအာမခံစနစ်တွင် ကျွဲ နွား အသက်အာမခံ၊ သီးနှံ အာမခံဟူ၍ နှစ်ပိုင်းပါဝင်ပြီး ယင်းအောက်တွင် သီးနှံ၊ ကျွဲနွားအပြင် ထုတ်လုပ်ရေး စက်မှုပစ္စည်း အာမခံတို့ဟူ၍ ခွဲခြား လုပ်ဆောင်နိုင်ရန် လွှတ်တော် တွင်း ပြင်ဆင် ဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံမှ သိရသည်။

ယင်းအာမခံစနစ်ကို အိန္ဒိယနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် အာမခံဥပဒေကို အခြေခံကာ မိမိနိုင်ငံနှင့် သင့်တော်သည့် အချက်များကို ရယူကာ ပြင်ဆင် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်ဟု ကော်မတီက ဆိုသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် အပါအဝင် သမ္မတရုံး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗဗေဒ ဦးစီးဌာနတို့အပြင် လျော်ကြေး ပေးဆောင်ရာတွင် လုပ်ဆောင်ပေးမည့် အစိုးရဘက်မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးတို့ ပါဝင်သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading