လူ ၁၈၉ ဦးတင်ဆောင်ကာ ပင်လယ်ထဲသို့ ပျက်ကျခဲ့သည့် Lion Air လေယာဉ်မှ ပျံသန်းမှုမှတ်တမ်း Black Box ကို အင်ဒိုနီးရှားရေငုပ်သမားများက ယနေ့ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး သင်္ဘောတစင်း၏ ကုန်းပတ်ပေါ်သို့ ပို့ဆောင်ခဲ့သည်။
ဘိုးရင်း 737 Max-8 model အမျိုးအစား အဆိုပါ လေယာဉ်သည် အောက်တိုဘာ ၂၉ ရက်နေ့က ဂျာကာတာမှ ပင်ကာ ပင်နန်သို့ သို့အသွား ပျံတက်ပြီး ၁၃မိနစ်အတွင်း မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်ကာ ဂျာဗား ပင်လယ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံး တဦးမှ အသက်ရှင် ကျန်ရစ်ခြင်းမရှိပေ။
ရေငုပ်သမားတဦးဖြစ်သည့် ဟန်ဒရာက လိမ္မော်ရောင် ပျံသန်းမှုမှတ်တမ်းသေတ္တာဟု ထင်ရသည့် အရာကို မပျက်မစီးတွေ့ရ ကြောင်း၊ ပျံသန်းမှု အချက်အလက်(သို့မဟုတ်) လေယာဉ်မှူးများ၏ စကားသံများဖမ်းယူထားခြင်း ဟုတ်၊ မဟုတ်မပြောနိုင် ကြောင်း၊ ယင်းကဲ့သို့သော ပစ္စည်းများကို Black Box ဟု သတ်မှတ်ပြောဆိုလေ့ရှိကြောင်း မက်ထရိုရုပ်သံလိုင်းသို့ ဖြေကြား ခဲ့သည်။
အင်ဒိုနီးရှားရှာဖွေရေးနှင့်ကယ်ဆယ်ရေးဌာနမှ ပြောခွင့်ရသူ ယူဆွဖ် လာတစ်ကမူ Black Box တွေ့ရှိပြီဟု အတည်မပြုနိုင် သေးကြောင်း၊ လိမ္မော်အရာဝတ္ထုတခုတွေ့ရှိမှုဟုသာ အတည်ပြုနိုင် ကြောင်း ဆိုသည်။
လေယာဉ်များတွင် ထည့်သွင်းတပ်ဆင်လေ့ရှိသော Black Box များက ဘိုးအင်း ၇၃၇ လေယာဉ်သစ် ဂျာကာတာမှ စတင် ပျံသန်းစဉ် ပင်လယ်ရေအောက် အနက် ၃၅ မီတာ(၁၁၅ပေ)ခန့်သို့ ပျက်ကျရသည့် အကြောင်းရင်းကို အထောက်အကူပြု ဖြေရှင်းပေးမည်ဖြစ်သည်။
အမျိုးသား သယ်ယူပို့ဆောင်ရေး အဖွဲ့မှ ဒုတိယအရာရှိချုပ် ဟိုယိုဆက်မီကိုက အချက်ပေးသံကို Black Box တလုံးထဲမှ ကြည်လင်ပြတ်သားစွာ ထုတ်လွှတ်ခဲ့သည်ဟု ယုံကြည်ရကြောင်း Reuters သို့ ကြာသပတေးနေ့ အစောပိုင်းက ပြောသည်။
လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းဟု ထင်ရသော အရာဝတ္တုတခုကိုလည်း ရေအောက်ဒရုန်းတစင်းက တွေ့ရှိခဲ့ပြီးဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
Black Box ရှိမည်ဟု ယူဆရသော ရေပြင်တနေရာကို ရေငုပ်အဖွဲ့က နံနက် ၅ နာရီကတည်းက ရှာဖွေ ခဲ့ကြခြင်းဖြစ်ပြီး၊ ရှာဖွေနေစဉ် ပင်လယ်ရေပြင်ရာသီဥတုအခြေအနေမှာ ပုံမှန်ကောင်းမွန်နေကြောင်း ဟာယိုက ပြောသည်။
အင်္ဂ ါနေ့က ပိုက်စိုက်တိုက်ရှာဖွေမှု ဖိဖိစီစီးပြုလုပ်ခဲ့သော်လည်း ယင်းရေပြင်အနီးအနားတွင် စွမ်းအင် ပိုက်လိုင်းများ ရှိနေသဖြင့် ရှုပ်ထွေးမှုများ ရှိခဲ့သည်။
အကယ်၍ လေယာဉ်ကိုယ်ထည် တွေ့ခဲ့လျှင် အထဲ၌ အလောင်းများရှိနိုင်သဖြင့် ဝန်ချီကရိန်းသုံး၍ လေယာဉ်ကိုယ်ထည် ကို ဆွဲတင်ရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားရှာဖွေရေးနှင့်ကယ်ဆယ်ရေးဌာန အကြီးအကဲ မိုဟာမက် စရူဂျီက ပြောသည်။