သတင်း

မန္တလေးတိုင်းတွင် စရိတ် ကန့်သတ်ချက်ကြောင့် မဲဆွယ် စည်းရုံးရေး အခက်အခဲဖြစ် ဟုဆို

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး အတွင်း လစ်လပ် မဲဆန္ဒနယ် ရှမ်းတိုင်းရင်းသား ရေးရာ အတွက် မဲဆွယ် စည်းရုံးရာတွင် ရွေး ကောက်ပွဲ အသုံးစရိတ် ကန့်သတ်ချက်
ကြောင့် ပါတီများ အနေဖြင့် နေရာ အနည်းငယ်သာ စည်းရုံးရေး ဆင်းနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်မှ ရှမ်းတိုင်းရင်းသား ရေးရာ အတွက် တိုင်းအတွင်းရှိ မြို့နယ်၂၈ မြို့ နယ်မှ ၂၅ မြို့နယ်ကို မဲဆွယ် ခွင့်ပြုပေးခဲ့ပြီး မဲ
ဆွယ် စရိတ်ကို ကျပ်သိန်း ၁၀၀ သာ အသုံးပြုခွင့် ပေးထားကြောင်း သိရ သည်။

ကြားဖြတ် ရွေးကောက်ပွဲ၌ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ မန္တလေးတိုင်း၌ ခရိုင် ၇ ခု ရှိသည့် အနက် မန္တလေး နှင့် ပြင်ဦးလွင် ခရိုင်တွင်သာ မဲဆွယ် စည်းရုံးရေး လုပ်နိုင်ခဲ့ပြီး ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ညောင်ဦး၊ မြင်းခြံ စသည့် ခရိုင်များတွင် မဲဆွယ် နိုင်ခြင်း မရှိကြောင်း ယင်းပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ဒေါ်နန်းထွေးမှုံက ပြောသည်။

“တိုင်းအတွင်းမှာ ရှမ်းတိုင်းရင်းသားတွေက တစုတစည်းတည်း နေထိုင်ကြတာမျိုး မဟုတ်ဘဲ ပြန့်ကျဲနေပါတယ်။ နောက် ပြီး ရွေးကောက်ပွဲ အသုံးစရိတ် ကန့်သတ်ချက်ကြောင့် အားလုံးကိုတော့ မဲဆွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပြင်ဦးလွင်နဲ့ မန္တလေး ခရိုင်ကိုပဲ ဆင်းထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသား ရေးရာ နေရာ အတွက် မဲပေးခွင့်ရှိသူများ စာရင်းတွင် တခြား လူမျိုးများ ပါဝင်နေပြီး မဲစာရင်း လွဲမှားမှုများလည်း ရှိနေနိုင်ကြောင်း သိရသည်။

“မဲစာရင်းကို အားလုံး မကြည့်နိုင်ပါဘူး။ မဲစာရင်းမှာ ဘယ်သူက တရုတ်၊ ဘယ်သူကတော့ ဗမာ စသဖြင့် အကုန် မသိနိုင်ပါ ဘူး။ ရှမ်းလူမျိုးတွေပဲ မဲပေးပြီး ရှမ်းလူမျိုးပဲ ဝင်အရွေးခံရတာ ဖြစ်တဲ့အတွက်ကြောင့် မဲစာရင်းမှာ တခြားလူမျိုးတွေ ပါနေ တာ မျိုး မရှိရအောင် လုပ်ဆောင်ပေးသင့်တယ်”ဟု ဒေါ်နန်းထွေးမှုံက ဆက်ပြောသည်။

၎င်းက ဆက်လက်၍ “အဲဒီလိုတွေကြောင့် ကန့်ကွက်ဖို့ ဆိုတာကလည်း ကျမတို့ မသိနိုင်တဲ့ အခြေအနေပါ။ ရှမ်းတိုင်း သားတွေပဲ မဲထည့်ကြရမှာ ဖြစ်တာကြောင့် အခြားသော ရှမ်းတိုင်းရင်းသား မဟုတ်တဲ့ သူတွေအနေနဲ့ မဲမထည့်ကြပါနဲ့။ မပါသင့်တဲ့ သူတွေထဲမှာပဲ ရှိနေသင့်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောဆိုသည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သူများမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြပြီး ရိုးရိုးသားသား ယှဉ်ပြိုင်ပြီးသာ အနိုင်ရလိုကြောင်း နှင့် ရွေးကောက်ပွဲ အနိုင်ရပါက ရှမ်းတိုင်းရင်းသားများ အတွက် အစွမ်းရှိသမျှ လုပ်ဆောင်ပေးသွားမည် ဟု ဒေါ်နန်းထွေးမှုံ က ပြောသည်။

မန္တလေးတိုင်း အတွင်း လစ်လပ်မဲ ဆန္ဒနယ် တခု ဖြစ်သည့် ရှမ်းတိုင်းရင်းသား ရေးရာ အတွက် SNLD၊ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် တသီး ပုဂ္ဂလ တဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဟု သိရသည်။

USDP ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးစိုင်းအောင်ကြည်က“ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အသုံးစရိတ် ကန့်သတ်မှု ကြောင့် ကျနော်တို့ အနေနဲ့လည်း အခက်အခဲ ဖြစ်တယ်။ မဲဆွယ် စည်းရုံးရေးကိုတော့ ရှမ်းတိုင်းရင်းသားတွေ များတဲ့ နေရာတွေမှာပဲ လုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင် စက်သုံးဆီဈေးက တက်တော့ ဆီဈေး ကုန်ကျစရိတ်လည်း ပိုများတယ်” ဟု ဧရာဝတီသို့ ပြောသည်။

USDP ပါတီ အနေနှင့် မန္တလေး တိုင်း အတွင်း ခရိုင် ၃ မြို့နယ်၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ကျောက်ဆည်၊ သပိတ်ကျင်း၊ စဉ့်ကူး စသည့် နေရာများတွင် မဲဆွယ်စည်းရုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသား ရေးရာ နေရာ အတွက် မဲပေးခွင့်ရှိသူ ၄၂၄၇၂ ဦး ရှိပြီး မဲရုံ ၃၇၄ ရုံ ထားရှိသွားမည် ဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး အတွင်း၌ မြင်းခြံမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ သပိတ်ကျင်း မြို့ နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁) နှင့် ရှမ်းတိုင်းရင်သား လူမျိုး မဲဆန္ဒနယ် လစ်လပ် မဲဆန္ဒနယ် ၃ နေရာ အတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၆ ဦး ရှိသည်။
နောက်ဆုံး စာရင်းအရ မဲပေးခွင့် ရှိသူ ၃ သိန်း ၁သောင်းကျော် ရှိကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ က ထုတ်ပြန်ထားသည်။

ကြားဖြတ် ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်၌ ကျင်းပသွားမည် ဖြစ်ပြီး တနိုင်လုံး လစ်လပ် နေရာ ၁၃ နေရာတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading