• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သပိတ်ကျင်း အုံးဇုံးကျေးရွာအုပ်စု မဲစာရင်းတွင် မဲ ပေးပိုင်ခွင့်ရှိသူအချို့ ပါဝင်မှုမရှိဟု ဆို

by ဒီလှိုင်းဝင်း
3 November 2018
in သတင်း
A A
သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁) ဇရပ်ကွင်းအထက်တန်းကျောင်းမဲရုံရှေ့ မဲပေးပိုင်ခွင့်ရသူ စာရင်းကြည့်နေသူများ / ဒီလှိုင်းဝင်း / ဧရာဝတီ

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁) ဇရပ်ကွင်းအထက်တန်းကျောင်းမဲရုံရှေ့ မဲပေးပိုင်ခွင့်ရသူ စာရင်းကြည့်နေသူများ / ဒီလှိုင်းဝင်း / ဧရာဝတီ

7.7k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သည့် သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁)အတွက် အုံးဇုံးကျေးရွာအုပ်စု မဲစာရင်းတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအချို့ မဲစာရင်းတွင် ပါဝင်မှု မရှိဟု မဲဆန္ဒရှင်များထံမှ သိရသည်။

“မဲစာရင်းမပါခြင်းအကြောင်းရင်းက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကောက်စဉ်ကတည်းက မဲစာရင်းလို့ပြောပြီး ကောက်ခဲ့ ခြင်း မဟုတ်သည့်အတွက် ဒီနေ့ မဲပေတဲ့အခါမှာ မဲထည့်လိုတဲ့ ပြည်သူများ ကျန်နေခဲ့ပါတယ်၊ မဲစာရင်မှာ မပါလို့ မဲပေးပိုင် ခွင့်မရှိတော့ မဲတမဲ ဆုံးရှုံးပါတယ်၊ ပါတီတွေအတွက် မဲပေးခွင့်ရှိသူအားလုံး မဲကိုရစေချင်ပါတယ်၊ လက်ရှိအခြေအနေမှာ မဲစာရင်းမှာမပါဘဲ မဲပေးပိုင်ခွင့်မရှိသူက၂၅ရာခိုင်နှုန်း လောက်ကျန်ခဲ့ပါတယ်” ဇရပ်ကွင်းမြို့ အမှတ် ၄ ရပ်ကွက်မှ မဲဆန္ဒရှင် တဦးဖြစ်သည့် ဦးသိန်းဌေးက ပြောသည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
127
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
133
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
45

အုံးဇုံးကျေးရွာအုပ်စုအတွက် ဇရပ်ကွင်းအထက်တန်ကျောင်း၌ မဲရုံ ၄ ရုံဖွင့်လှစ်၍ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ မဲရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“စတင်ကောက်စဉ်ကတည်းက မဲစာရင်းလို့ကောက်ခဲ့မယ်ဆိုရင် မဲထည့်ချင်တဲ့ပြည်သူများ အခုလိုကျန်နေခဲ့မှာမဟုတ်ပါ ဘူး။ မဲကို အများပြည်သူပေးပိုင်ခွင့်ရှိပါတယ်။ ဒါကိုမဲစာရင်းအတွက်လို့ မဟုတ်ဘဲနဲ့ လူဦးရေစာရင်းကောက်ပေးတာမျိုးဖြစ်တဲ့အတွက် အရင် ၂၀၁၅လိုမျိုး အုတ်အော်သောင်းနင်း ထည့်လို့ မရပါဘူး၊ ဒါကြောင့် မဲစာရင်းကိုတော့ မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်”ဟု ဦးသိန်းဌေးက ဆက်လက်ပြောသည်။

အဆိုပါကဲ့သို့ မဲဆန္ဒရှင်အချို့ မဲစာရင်းတွင် ပါဝင်ခဲ့မှု မရှိခြင်းနှင့် ပတ်သက်၍ “အခု မဲပေးခွင့်မရဘူးဆိုတာက မဲစာရင်းတွေ ကြေညာပေးနေတုန်းက လုံးဝစိတ်ဝင်စားခြင်း မရှိခဲ့ကြဘဲ ဒီနေ့မှ သူများတွေ မဲပေးနေတော့မှ သူတို့လည်း မဲပေးချင်တယ် ဖြစ်လာပြီး မဲပေးခွင့်မရဘူးဖြစ်တာပါ၊ ကျနော်တို့ရဲ့ မဲစာရင်းမှာလည်း ကျန်သင့်သလောက် ကျန်နေနိုင်ပါတယ်”ဟု သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမျိုးတင့်က ပြောသည်။

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)အတွက် မဲဆန္ဒရှင်အမည်စာရင်းများ လွဲမှားမှုများ ရှိပါက ပြင်ဆင်နိုင်ရန် မဲစာရင်များကို သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများက ပထမအကြိမ် ၁၄ ရက်၊ ဒုတိယအကြိမ် ၁၄ ရက် ကြေညာပေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ပထမအကြိမ် မဲစာရင်း ၁၄ ရက်ကြေညာတယ်၊ နောက် ဒုတိယအကြိမ် ၁၄ ရက်ကြေညာတယ်၊ အဲဒီလို ကြေညာပေးတဲ့အခါမှာ မိမိတို့ရဲ့အမည်စာရင်းတွေ မဲစာရင်းမှာ ပါ၊ မပါ လာကြည့်ကြပါဆိုပြီး ရပ်ကွက်၊ကျေးရွာတွေမှာ လော်စပီကာတွေနဲ့အော်သလို သက်ဆိုင်ရာ ရပ်ကျေးရုံးတွေမှာလည်း ကပ်ပေးထားပါတယ်၊ ပိုနေရင် ပယ်ဖျက်ပေးဖို့နဲ့ မပါရင်လည်း ပုံစံ ၃ နဲ့ အမည်စာရင်း ထပ်ဖြည့်ပေးနိုင်အောင်အတွက်ပါ”ဟု သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲဥက္ကဌ ဦးမျိုးတင့်က ပြောသည်။

အဆိုပါကဲ့သို့ မဲစာရင်းများကို ၂ ကြိမ်ကြေညာပြီးနောက် နောက်ဆုံးစာရင်းတွင် မဲဆန္ဒရှင်အချို့ ကျန်နေသည်မှာ မှန်ကန်ပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများကို မဲပေးပိုင်ခွင့်ပြုသွားမည်မဟုတ်ဟု သိရသည်။

“အဲဒီလို ၂ ကြိမ်ကြေညာပြီးတဲ့အချိန်မှာ ထပ်ပြီးတိုးတဲ့သူ၊ ကန့်ကွက်တဲ့သူ၊ ဖြည့်စွက်တဲ့သူစာရင်းတွေနဲ့ နောက်ဆုံးဖိုင်နယ် စာရင်း ထွက်ရှိလာပါတယ်၊ အဲဒီစာရင်းထဲမှာ အချို့မဲစာရင်းမှာ ပါမလာဘူးဆိုတာမှန်ပါတယ်၊ သူတို့တွေသည် ပထမ အကြိမ်မှာလည်း လာရောက်ကြည့်တာမရှိသလို ဒုတိယအကြိမ်မှာလည်း မိမိအမည်စာရင်းပါ မပါဆိုတာကို လာကြည့်ခြင်း မရှိပါဘူး၊ နောက်ဆုံးမဲပေးခါနီးကျမှ မဲပေးချင်ပါတယ်ဆိုတော့ စာရင်းထဲမှာ ပါမလာတော့ပါဘူး၊ ပါမလာတဲ့အတွက် သူတို့မှာ မဲပေး ပိုင်ခွင့်မရှိပါဘူး၊ ကျနော်တို့အနေနဲ့ မဲစာရင်းမှာပါသူမှအပ ဘယ်သူကိုမှ မဲပေးခွင့်မပေးတော့ပါဘူး” ဟု ဦးမျိုးတင့်က ဆက်လက်ပြောသည်။

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ မှ ဦးစိုးလွင်၊ တိုင်းရင်းသားစည်လုံးညီညွှတ်ရေးပါတီ(တ.စ.ည)မှ ဦးညီညီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဦးဇော်မင်းထွန်းရှိန်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးမြင့်စိုး၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမား ပါတီမှ ဦးမင်းသူ၊ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမြင့်နိုင်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးအောင်ကြည်မြိုင်တို့က ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကြသည်။

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းမြို့၊ အုံးဇုံးကျေးရွာအုပ်စုအတွင်း၌ မဲရံုံ၁၆ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၀၁၉၉ဦးရှိကာ ကြိုတင်မဲအဖြစ် ၃၀၇မဲ ပေးထားကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် မဲရုံ ၄၅ ရုံထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၆၂၂ ရှိကာ နိုင်ငံရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်သည့် မဲဆန္ဒနယ် ဖြစ်သည် ။

Your Thoughts …
Tags: ကြားဖြတ်ရွေးကောက်ပွဲဆန္ဒမဲ ပေးပိုင်ခွင့်သပိတ်ကျင်း
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

KIA တပ်မဟာသစ် သပိတ်ကျင်းနယ်မှ တွင်းငယ်ရဲစခန်း သိမ်းပိုက်

KIA တပ်မဟာသစ် သပိတ်ကျင်းနယ်မှ တွင်းငယ်ရဲစခန်း သိမ်းပိုက်

by ဧရာဝတီ
26 July 2024
3.2k

တွင်းငယ်ရွာရဲစခန်းသည် သပိတ်ကျင်းမြို့နယ်၊ မန္တလေး-ဗန်းမော်လမ်းမကြီးမှ မိုးမိတ်မြို့သို့ ဆက်သွယ်ထားသည့် လမ်းဆုံရှိ စခန်းဖြစ်၍ အရေးပါသည့်နေရာတခုဖြစ်သည်

ဗန်းမော်သို့ တက်လာသည့် စစ်ကောင်စီသင်္ဘောများ အတိုက်ခံရ

ဗန်းမော်သို့ တက်လာသည့် စစ်ကောင်စီသင်္ဘောများ အတိုက်ခံရ

by ဧရာဝတီ
1 August 2023
2.8k

ဧရာဝတီမြစ်တလျှောက်ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၉ စီးကို ပြီးခဲ့သည့် ဇူလိုင်၂၇ နှင့်၂၈ ရက်တို့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သင်္ဘော၂ စီး ပျက်စီးခဲ့သည့် အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိ

စဥ့်ကူးမှာ ဒုဗိုလ်မှူးကြီးနဲ့ စစ်သားတွေ အရှင်ဖမ်းမိ (ရုပ်/သံ)

စဥ့်ကူးမှာ ဒုဗိုလ်မှူးကြီးနဲ့ စစ်သားတွေ အရှင်ဖမ်းမိ (ရုပ်/သံ)

by ဘုန်းအောင်
9 July 2024
2.4k

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၅ ခုထပ်မံသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် စစ်ကောင်စီတပ်သား (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောပါတယ်။

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

by Karen Lema
17 May 2025
1.7k

ဒူတာတေးမိသားစုဝင်တဦး သမ္မတဖြစ်လာခြင်းသည် အရေးပါသည့် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ သက်ရောက်မှုများလည်းရှိနိုင်ပြီး ဖိလစ်ပိုင်သည် အာရှတွင် အမေရိကန် ပြည်ထောင်စု၏ အနီးကပ်ဆုံးနှင့် သေနင်္ဂဗျူဟာအကျဆုံး တည်ရှိသည့် မဟာမိတ်ဖြစ်သောကြောင့် အမေရိကန်အတွက်လည်း သက်ရောက်မှုများ ရှိနိုင်သည်။

တကောင်းမြို့အနီး စစ်ကြောင်းထိုး၊ လူ ၅ ထောင်ကျော် တိမ်းရှောင်ရ

တကောင်းမြို့အနီး စစ်ကြောင်းထိုး၊ လူ ၅ ထောင်ကျော် တိမ်းရှောင်ရ

by ဧရာဝတီ
12 March 2024
1.6k

တကောင်းမြို့တွင်းသို့ စစ်သား ၁၀၀ ကျော် အင်အားဖြည့်ရောက်ရှိလာပြီး မြို့ အဝင်အထွက်လမ်း များကို ပိတ်ဆို့ စစ်ဆေးနေသလို အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ကြောင့် ကြံစိုက်ခင်းများ၊ အိမ်များထိခိုက်ပျက်စီးခဲ့ရပြီး လက်နက်ကြီးကြောင့် ဆင်ညှပ်ရွာခံ အမျိုးသမီးတဦး၊ မြို့ပေါ်တွင်...

သမ္မတ ဖြုတ်ချရေး စွဲချက်တင်ရန် နီးကပ်လာသောကြာင့် တောင်ကိုရီးယား ဆန္ဒပြသူများစုဝေး

သမ္မတ ဖြုတ်ချရေး စွဲချက်တင်ရန် နီးကပ်လာသောကြာင့် တောင်ကိုရီးယား ဆန္ဒပြသူများစုဝေး

by ဧရာဝတီ
3 March 2025
1.3k

မစ္စတာ ယွန်းကို ဖယ်ရှားရန် တရားရုံးက ဆုံးဖြတ်ပါက ကြားဖြတ်ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည် ဖြစ်သည်။

Next Post
“မုန်းစွဲ” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အေးဝတ်ရည်သောင်း

“မုန်းစွဲ” ရုပ်ရှင်နဲ့ ကွယ်လွန်သူ မင်းသွေးအကြောင်း အမှတ်တရ ပြောပြတဲ့ မအေးသောင်း

ဆိပ်ကမ်းမြို့နယ် မဲရုံစီမံခန့်ခွဲမှုအပေါ် ကိုယ်စားလှယ်လောင်းတွေဘာပြောလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate