• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ အပါအဝင် လူ ၃၀ ကျော်ကို တရားစွဲမည်

by မိုးမိုး
6 November 2018
in သတင်း
A A
မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်ကွက် တခု  / NPGPG Gold Mine

မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်ကွက် တခု / NPGPG Gold Mine

13.7k
VIEWS
Share on FacebookShare on Twitter

မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် ပိတ်ထားသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် ၎င်းနှင့် ဆက်နွှယ်ပတ်သက်သည့် လူ ၃၀ ကျော်ကို တရားစွဲသွားမည်ဟု အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။

နိုဝင်ဘာလ ၅ ရက်က နေပြည်တော် Lake View Hotel တွင် ပြုလုပ်သည့် သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လမ်းညွှန်ချက်များနှင့် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး မီဒီယာများ၏ မေးမြန်းမှု အပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
156
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
37

ညွှန်ကြားရေးမှူး ဦးသံဒိုင်က “အခုချိန်အထိတော့ ကုမ္ပဏီတွေကို နို့တစ်စာပို့တဲ့စာ မထွက်သေးဘူး။ ထွက်ဖို့အဆင့်တော့ ရောက်ပြီ။ ပထမ ဘုတ်အဖွဲ့က ၁၁ ယောက် ရှိတယ်။ ပထမဦးဆုံး စာချုပ်မှာ လက်မှတ်ထိုးတဲ့အဖွဲ့က လူ ၂၀ ကျော် လောက် ရှိတယ်” ဟု ပြောသည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိဒေသ လုပ်ကွက် (A) ၌ ယင်းကုမ္ပဏီမှ အခွန် ရွှေကြွေး ကျန် မပေးသည့် အတွက် တူးဖော်ခွင့် ရပ်ဆိုင်းကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က အကြောင်း ကြားစာ ပေးပို့ထားသော်လည်း ဆက်လက်တူးဖော်နေသည့်အတွက် တရားမဝင် ရွှေတူးဖော်မှု သတ္တုတွင်ဥပဒေပု်မ ၃၀ (က) ဖြင့် မေလအတွင်းက ရမည်းသင်း ရဲစခန်းတွင် ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးထွန်းရှိန်အား အမှုဖွင့်ထားသေးသည်။

သို့သော် ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးမိခြင်း မရှိသေးကြောင်း ဦးသံဒိုင်က ရှင်းပြသည်။

လက်ရှိတွင် ဦးစိုးထွန်းရှိန်အား ဖမ်းဝရမ်းထုတ်ထားပြီး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရခဲ့သည့် ရွှေလုပ်ကွက် များကို သတ္တုတွင်း ဦးစီးဌာနက ပိတ်သိမ်းထားသော်လည်း အချို့နေရာများတွင် ခိုးယူတူးဖော်မှုများ ရှိကာ အသေးစိတ် မစိစစ်နိုင်သေး ကြောင်းလည်း သိရသည်။

ရမည်းသင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးက “ဒီအတိုင်း အချိန်ကြာသွား မယ်ဆိုရင် ရ ရမယ့် အခွန်က နိုင်ငံတော်အတွက် အထောက်အကူ ပြုနိုင်မယ့် ပမာဏတခုအထိ ရှိတယ်။ လစဉ် လစဉ် ဆောင်ရမယ့် အခွန် ဆုံးရှုံးတယ်။ လုပ်နိုင်မယ့် ကုမ္ပဏီရှိလို့ ပေးမယ်ဆိုရင် နိုင်ငံတော်အတွက် ဘတ်ဂျက်တိုးလာမှာပေါ့။ အခုလို ကြာနေတာ တော့ သိပ်သဘောမကျဘူး” ဟု ဆိုသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ယခင် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက် မှ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက် အထိ ၅ နှစ်သက်တမ်းအတွက် တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်ကာ ပုတ်ပြတ်ရွှေစင် ၅.၅၇၇ မက်ထရစ်တန် ပေးသွင်းရန် သဘောတူစာချူပ်ချူပ်ဆိုပြီး လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် စာချုပ်ပါအတိုင်း မလုပ်ဆောင်နိုင်ဘဲ ပေးသွင်းရန် ရွှေကြွေးကျန် ပိဿာချိန် ၁၂၀၀ ကျော်ရှိ သည့်အတွက် မန္တလေးတိုင်းတရားရုံးသို့ တရားမမှုအဖြစ် ထပ်မံတရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ပြီး ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်၍ လိုအပ် သည့် စာရွက်စာတမ်းများအား အစိုးရဘက်မှ ပေးပို့ပြီဖြစ် သည်ဟု လည်း ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။

လက်ရှိတွင် ခိုးဝင်တူးဖော်မှုများ မရှိစေရန် ဝန်ကြီးဌာနဘက်မှ ဝန်ထမ်း ၃၀ ခန့်နှင့် ရဲအင်အား ၆၀ ခန့်ဖြင့် လုံခြုံရေး ချထားပြီး အခြားကုမ္ပဏီများအား တရားဝင်တူးဖော်ခွင့်ပြုရန်အတွက် လုပ်ဆောင် နေသည် ဟုလည်း သိရသည်။

ဦးသံဒိုင်က “လုပ်ကွက်ပြန်ဖော်ဖို့ ဥပဒေနဲ့ အညီ ဖြစ်အောင် ရှေ့နေချုပ် မေးရမယ်။ ရှေ့နေချုပ်က ပြန် လာရင် အထက်ကို တင်ပြရမယ်။ လုပ်ဖို့ ကျနော်တို့က အကောင်းဆုံး နည်းလမ်းတော့ ရှာထား တယ်။ လက်သင့်ရာပေးလို့ မရဘူး။ တကယ်ကို လုပ်ထုံးလုပ်နည်းနဲ့ အညီတင်ဒါ စနစ်နဲ့ သေချာသွား မှ ခိုင်ခိုင်မာမာလုပ်မှာ ဖြစ်ပါတယ်” ဟုပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဦးစိုးထွန်ရှိန်ကမူ ကုမ္ပဏီမှ ၂၅ နှစ် လုပ်ပိုင်ခွင့်ရထားပြီး ကျပ် ဘီလီယံ ၇၀ ရင်းနှီးမြှုပ်နှံထားပြီး ၆ နှစ်ကျော်ကာလအတွင်း အစိုးရဘက်မှ ရုပ်သိမ်းပယ်ဖျက်သည်ဟု အကြောင်းကြားစာ ပို့လာကြောင်း၊ ယင်းမှာ စည်းကမ်းလိုက်နာမှု မရှိ၍ ပယ်ဖျက်ခြင်းဖြစ်သည်ဟု အကြောင်းကြားစာတွင် ပါရှိသည်ဟု ဖေဖော်ဝါရီလ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုထားသည်။

ထို့ပြင် ဇူလိုင်လ ၆ ရက်တွင် ရန်ကုန်၊ တော်ဝင်နှင်းဆီခန်းမ၌ သတင်းစာရှင်းလင်းပွဲတရပ် ထပ်မံပြုလုပ်ကာ ရွှေတကျပ် သား လိမ်ထားရင် ကြိုးစင်တက်လိုက်မည်ဟု ပြောရဲကြောင်းနှင့် နိုင်ငံအပေါ် သစ္စာရှိကြောင်း ထပ်မံ ပြောဆိုခဲ့သည်။

ဆက်စပ်သတင်း  ရွှေပိဿာချိန် ၉၆၀ ကျော် ကြွေးကျန်ရှိ၍ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ရွှေတူးခွင့်ပိတ်

Your Thoughts …
Tags: မိုးထိမိုးမိသတ္ထုတွင်းဦးစီးဌာနအမျိုးသားကြီးပွားတိုးတက်ရေး
မိုးမိုး

မိုးမိုး

...

Similar Picks:

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

by ကံ့ကော်
16 September 2024
6.6k

မခင်ခင်တို့ မိသားစုမှာ ယနေ့အချိန်အထိ ပြန်လည်ထူထောင်ရေး အကူအညီမရရှိသေးဘဲ အလှူရှင်များ လာရောက်လှူဒါန်းသည့် ထမင်းထုပ်ဖြင့် တနေ့စာတနေ့ ဖြတ်သန်းနေရသည်။

ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ

ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ

by ဧရာဝတီ
14 September 2024
914

သပြေပင်ကျေးရွာမှ ဒေသခံများမှာ ကုန်းအမြင့် ပိုင်း၌ တိမ်းရှောင်နိုင်ခဲ့ကြသလို ပျောက်ဆုံးနေသူ ၈၀ ခန့်သာရှိကြောင်း၊ ကျန်ရစ်သော ဒေသခံများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် ရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း

ရမည်းသင်းမှာ လူ ၁၀၀ ကျော်ပျောက်၊ ရုပ်အလောင်း ၃၀ ကျော်ပြန်တွေ့ (ရုပ်/သံ)

ရမည်းသင်းမှာ လူ ၁၀၀ ကျော်ပျောက်၊ ရုပ်အလောင်း ၃၀ ကျော်ပြန်တွေ့ (ရုပ်/သံ)

by ယဉ်မွန်
13 September 2024
468

မန္တလေးတိုင်း၊ ရမည်းသင်းမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်ရှိရာနေရာက ကျေးရွာတွေ ရေကြီး၊ မြေပြိုမှုကြောင့် လူ ၁၀၀ ကျော် ပျောက်ဆုံးနေပြီး ရုပ်အလောင်း ၃၀ ကျော် ပြန်ရှာတွေ့ထားကြောင်း ဒေသကယ်ဆယ်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးစိုးထွန်းရှိန် သတ္တုတွင်း ဥပဒေပုဒ်မဖြင့် ရမည်းသင်း တရားရုံးတွင် တရားစွဲဆိုကာ အမှုစစ်ဆေးလျက်ရှိသည်  / ဒီလှိုင်းဝင်

ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူများ လာရောက်အဖမ်းခံ

by ဒီလှိုင်းဝင်း
11 December 2019
8.7k

ပါဝါတင်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလိုဖြစ်သူ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်အား စစ်ဆေးမှုများ ပြုလုပ်သွားမည်

မိုးထိမိုးမိရှိ ရွှေမိုင်း /  အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ Facebook

အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် မိုးထိမိုးမိ ရွှေတူးသူများ တောင်းဆို

by ဇာနည်မာန်
2 December 2017
11k

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဦးဆောင်ကာ ရွှေလုပ်သား ၄၀၀ ကျော်သည် ရမည်းသင်းမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်ကွက် တခု  /  NPGPG Gold Mine

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌကို အမှုဖွင့်

by ကျော်မျိုး
20 August 2018
13.3k

မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်တွင် တူးဖော်မှုရပ်ဆိုင်းရန် ညွှန်ကြားထားသည့်အပေါ် ဆက်လက်တူးဖော်သည်ဟုဆိုကာ ရမည်းသင်းမြို့နယ်ရဲစခန်းတွင် သတ္တုတွင်း၊ ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ခံထားရသည့်အပေါ် ဖမ်းဆီးရန်ဆောင်ရွက်နေခြင်းဖြစ်သည်။

Next Post
AGIPP က နိုဝင်ဘာလဆန်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့်အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ  / လဲ့လဲ့ / ဧရာဝတီ

စစ်ဘေးရှောင်နှင့် ဒုက္ခသည် ပြန်လည် ထူထောင်ရေးများ အဆင်မပြေဟု ဆို

ရန်ကုန်မြို့ရှိ ဘဏ်တဘဏ်၏ အတွင်းမြင်ကွင်း / Reuters

ယုံကြည်မှု တည်ဆောက်နေရဆဲ မြန်မာ့ဘဏ်လုပ်ငန်း

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate