• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၈ နှစ်အရွယ် ကလေးငယ် မုဒိန်းကျင့်သတ်ခံရမှု၊ အကိုဖြစ်သူကို သံသယဖြင့် ထိန်းသိမ်း

by ဉာဏ်စိုးဝင်း
6 November 2018
in သတင်း
A A
ပထမတန်း ကျောင်းသူ သေဆုံးမှုအား စစ်ဆေးခဲ့သည့် ရင်ခွဲရုံ  / ဇင်မိုး

ပထမတန်း ကျောင်းသူ သေဆုံးမှုအား စစ်ဆေးခဲ့သည့် ရင်ခွဲရုံ / ဇင်မိုး

47.1k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အသက် ၈ နှစ်အရွယ် ပထမတန်းကျောင်းသူ တဦးအား မုဒိန်းကျင့် ရေနှစ်အသတ်ခံရ မှုနှင့် ပတ်သက်၍ အသက် ၁၃ နှစ်အရွယ် အကိုဖြစ်သူအား သံသယမှုဖြင့် ဇေယျာ သီရိနယ်မြေရဲစခန်းက နိုဝင်ဘာလ ၂ ရက်တွင် ခေါ်ယူထိန်းသိမ်းထားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

သတ်ဖြတ်ခံရသည့် ပထမတန်းကျောင်းသူမှာ အောက်တိုဘာလ ၁၈ ရက်က ညပိုင်းက ပျောက်ဆုံး ခဲ့ခြင်း ဖြစ်ပြီး မိခင်က အောက်တိုဘာလ ၁၉ နံနက်ပိုင်းတွင် ဇေယျာသီရိ နယ်မြေ ရဲစခန်းသို့ လူ ပျောက် တိုင်ချက်ဖွင့်ပြီးနောက် ယင်းနေ့ နေ့လယ်ပိုင်းတွင် နေအိမ်နှင့် ၃ ဖာလုံခန့်အကွာ လှိုင်ရတနာ လမ်းဘေး လယ်ကွင်း ရေကန်ထဲတွင် မှောက်လျက် အနေ အထားဖြင့် ရေနစ်သေဆုံးနေကြောင်း တွေ့ရှိခြင်း ဖြစ်သည်။

RelatedPosts

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
29
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
2.9k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
834

ထို့အတွက် သူနှင့် နောက်ဆုံးတွေ့ခဲ့သူများအပါအဝင် ရပ်ကွက် အတွင်းရှိ ကလေးငယ် ၄ ဦးကို နိုဝင်ဘာလ ၁ ရက်က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အကိုဖြစ်သူအား သံသယရှိ သည်ဟု ဆိုကာ ထိန်းသိမ်းထားခြင်း ဖြစ် သည်။

ဇေယျာသီရိနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မောင်ဝင်းက “သေဆုံးတဲ့ကလေးက ညကတည်းက ပျောက်သွားပြီး နံနက်မှာ ရေနစ်သေတယ် ဆိုရာမှာ ဓမ္မတာအတိုင်း သေတာဟုတ်မဟုတ် ဆေးစစ် တော့ သေတာကတော့ ရေနစ်သေတာဖြစ် ပေမယ့် ကလေးမှာ သုပ်ပိုးတွေ့တယ်လို့ ဆရာဝန်ကပြော တယ်၊ ဒါကြောင့် အဓမ္မအကျင့်ခံရပြီး ရေနစ်သတ်ခံရ တယ်ဖြစ်တယ်”ဟု ဆိုသည်။

ထိုအတွက် ပထမတန်းကျောင်းသူ သေဆုံးမှုကို မှုခင်းဆရာဝန်၏ ဆေးစာအရ နိုဝင်ဘာ ၁ ရက်က ဇေယျာသီရီ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ (အလိုမတူဘဲ အဓမ္မပြုကျင့်မှု)၊ ၃၀၂ (လူသတ်မှု) တို့ဖြင့် အမှုပြောင်းလဲဖွင့်လှစ်ကာ မသင်္ကာသူများကို ဆက်လက်စစ်ဆေးနေကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

သေဆုံးသူ ကလေးငယ်နှင့် နောက်ဆုံးတွေ့ရှိခဲ့သူများ၊ သံသယရှိသူများကို စစ်ဆေးနေဆဲဖြစ်ကာ လတ်တလောတွင် အသက် ၁၃ နှစ်အရွယ် အကိုဖြစ်သူကို သံသယမှုဖြင့် အသက်မပြည့်သေးသည့် အတွက် စမ်းကြီး လူငယ်သင်တန်း ကျောင်းတွင် ခေါ်ယူထိန်းသိမ်းထားကြောင်း ရဲအုပ် မောင်ဝင်းက ဆိုသည်။

ကလေးငယ် ပျောက်ဆုံးသည့် ညတွင် မိသားစုဝင်များက လိုက်လံရှာဖွေမှု ပြုလုပ်ရာ အခင်းဖြစ်ပွားရာ လယ်ကွင်းဘက်သို့ သွားသည့် တံတားတခုအနီးတွင် အရက်မူးနေသည်ဟု ယူဆရသည့် အမျိုးသား တဦးအား ရပ်ထားသည့် စက်ဘီးနှင့်အတူ တွေ့ရှိခဲ့သည်ဟုလည်း မိသားစုဝင်များဘက်မှ ထုတ်ဖော် ထားသည်။

ပထမတန်းကျောင်းသူ ကလေးငယ်မှာ အောက်တိုဘာလ ၁၈ ရက် ည ၈ နာရီခွဲကျော်ခန့်က အဖိုးဖြစ် သူ ခိုင်းစေမှုဖြင့် နေအိမ်နှင့် နှစ်အိမ်ကျော်အကွာတွင် တရားခွေ သွားကူးနေသည့် အဒေါ်ဖြစ်သူအား သွားခေါ်ရန် ထွက်သွားရာမှ ပြန်လည် မရောက်လာဘဲ ပျောက်ဆုံးခြင်း ဖြစ်သည်ဟု သိရသည်။

သံသယဖြစ်ခံရသူ အသက် ၁၃ နှစ်ရွယ် အကိုဖြစ်သူမှာ အခင်းဖြစ်ပွားရာ အောက်တိုဘာလ ၁၈ ရက် ည ၈ နာရီမှ ၁၁ နာရီအထိ ရပ်ကွက်အတွင်းရှိ ဒေါ်ကရင်မ ဆိုသူ၏ နေအိမ်တွင် သူငယ်ချင်းများနှင့် အတူ ဆော့ကစားနေပြီး ည ၁၁ နာရီကျမှ သာ နေအိမ်သို့ ပြန်သွားသည်ဟု ၎င်းနှင့်အတူ ဆော့ကစား နေသည့် ကလေးများထံမှ သိရသည်။

သို့သော် ၎င်းမှာ ည ၁၂ နာရီအထိ နေအိမ်သို့ ပြန်လည် မရောက်ရှိသေးကြောင်း တအိမ်တည်းအတူနေ ဦးရွှေသိန်းက ပြောသည်။

မိခင်ဖြစ်သူမှာ ညပိုင်းကတည်းက ပွဲဈေးတန်းတွင် အလုပ်လုပ်ရန် ထွက်သွားပြီး ည ၂ နာရီ (အောက်တိုဘာလ ၁၉ ရက် နံနက် ၂) နာရီကျမှသာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး သံသယဖြစ်ခံရသူ ကလေးငယ်မှာ နေအိမ် ဘုရားစင်ရှေ့တွင် အိပ်နေကြောင်း ဆိုသည်။

အဆိုပါ ကလေးငယ်အား ယင်းနေ့ ည ၁၀ နာရီက ရပ်ကွက်အတွင်း တယောက်တည်း သွားလာနေ သည်ကို တွေ့ရှိပြီး နောက် အိမ်နီးချင်းများက အိမ်ပြန်ရန် ပြောဆိုခဲ့ကြောင်း၊ ည ၁၁ နာရီခန့်တွင် လှိုင်ရတနာလမ်းပေါ်တွင် သူ့အရွယ် မိန်းကလေး တဦးနှင့် လူငယ်တဦးတို့ လက်တွဲ၍ မှုခင်းဖြစ်ပွား ရာနေရာဘက်သို့ လမ်းလျှောက်သွားသည်ကို တွေ့ရှိခဲ့သော်လည်း မှောင်နေသည့်အတွက် မည်သူ မည်ဝါဟု ခွဲခြား၍ မရကြောင်းနှင့် ကလေးငယ်မှာ ရင်းနှီးသူဖြင့် လိုက်ပါသွားသည့် ပုံစံမျိုး ပေါ် ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ စုံစမ်းသိရှိရသည်

Your Thoughts …
Tags: ပထမတန်းကျောင်းသူ မုဒိန်းကျင့် ရေနှစ်သတ်ခံရမှု
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
New Zealand နိုင်ငံကတော့ သွားရောက်လည်ပတ်ဖို့ စံနမူနာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံပါ။

ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနဲ့ အငြိမ်းချမ်းဆုံးနိုင်ငံ ၄ နိုင်ငံ

ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ရှေးဟောင်းပုရပိုက်များ ထိန်းသိမ်းရန်လိုအပ် (ရုပ်/သံ)

ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ရှေးဟောင်းပုရပိုက်များ ထိန်းသိမ်းရန်လိုအပ် (ရုပ်/သံ)

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

19 hours ago
7.7k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate