စစ်ကိုင်းတိုင်း ကသာခရိင် အင်းတော်မြို့ လက်ပံကုန်း ကျေးရွာတွင် ထွင်းထုနေသည့် ကမ္ဘာ့အကြီးဆုံး စာရင်းဝင်နိုင် သည် ဆိုသော စည်တော်ကြီးသည် အလုံးစုံ ပြီးစီးသွားပြီ ဖြစ်သည်ဟု “ဆရာပွဲ” မြန်မာ့ တူရိယာ အမျိုးမျိုး လုပ်ငန်းမှ သိရသည်။
အဆိုပါ စည်တော်ကြီးသည် အရှည် ၁၀ ပေ ၈ လက်မ၊ စည်တော်မျက်နှာပြင် ထိပ်ဝတစ်ဖက်လျှင် အကျယ် ၅ ပေ ၄ လက်မ ရှိကာ စည်တော်ကြီး အလယ်လုံးပတ် ၆၃ လက်မ ရှိကြောင်း သိရပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က စတင် ထွင်းထုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စည်တော် ထွင်းထုမှုကို ဦးဆောင်နေသည့် “ဆရာပွဲ” မြန်မာ့ တူရိယာ အမျိုးမျိုး လုပ်ငန်းမှ ဦးကျော်ညွန့်က“ကမ္ဘာ့ အကြီး ဆုံးလို့ သတ်မှတ်လို့ ရနိုင်မယ့် မြန်မာ့ရိုးရာ စည်တော်ကြီးတလုံးကို ထွင်းထုနေပါတယ်။ အခုဆိုရင် ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
စည်တော်ကြီးအား အင်းတော်သချုႋင်းကုန်း ဖျက်ရာမှ ရရှိသည့် ကုက္ကိုသားဖြင့် ထွင်းထုနေခြင်းဖြစ်ပြီး စည်တော် ကိုယ် ထည်နှင့် အတွင်းပိုင်းတွင် မြန်မာ့ အနုလက်ရာများကို ပုံဖော် ထုဆစ်ထားသည်ဟု သိရသည်။
စည်တော်၏ အလယ်နေရာ အပိုင်းတွင်မူ ၁၀၈ ကွက်ပါ ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေ သည့် ပုံကို ထုဆစ်ထားပြီး စည်အတွင်းပိုင်းတွင် ဗုဒ္ဓဟောကြားတော်မူသည့် ဂါထာတော်များအား ထွင်းထုထားသည် ဟု ဦးကျော်ညွန့်က ပြောသည်။
အဆိုပါ စည်တော် အပြီးသတ်ရန်မှာ အသုံးပြု တပ်ဆင်မည့် သားရေ အခက်အခဲကြောင့် ဖြစ်သည်ဟု သိရပြီး ထွင်းထု မှု ကုန်ကျစရိတ်သည် ကျပ်သိန်း ၇၀ ခန့် ရှိပြီဟု “ဆရာပွဲ” မြန်မာ့ တူရိယာ အမျိုးမျိုး လုပ်ငန်းမှ သိရသည်။
ဦးကျော်ညွန့်က“သစ်လုံး တလုံးတည်းကနေ ထွင်းထုထားတဲ့ ဒီစည်တော်ကြီးရဲ့ မျက်နှာပြင် နှစ်ဖက်ကို ကြပ်ဖို့ နွား သားရေ ရရှိရေး အခက်အခဲ ဖြစ်နေလို့ အပြီးသတ်ဖို့ ကြန့်ကြာနေတာပါ။ သားရေကျစ်တဲ့အဆင့်တော့ ရောက်နေပြီ။ စည်တော်က ကြီးတော့ သူနဲ့ကိုက်တဲ့ သားရေက ရှာရခက်တယ်။ အခု တခြမ်းစာတော့ ရနေပါပြီ”ဟု ပြောသည်။
ယင်းစည်တော် ပြီးစီးသွားပါက စစ်ကိုင်းတိုင်း အစိုးရအဖွဲ့သို့ လှူဒါန်းသွားမည်ဟု သိရပြီး စည်တော် စတင်ပြုလုပ်စဉ် က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက”ဒီစည်တော်ကြီးက ကမ္ဘာမှာ အကြီးဆုံးလို့ ပြောလို့ ရနိုင်ပါ တယ်။ စည်တော်ကြီး ပြီးသွားရင်တော့ သင့်တော်ရာ နေရာတခုမှာ ထားပေးသွားမှာပါ။ ဘယ်နားထားမယ် ဆိုတာ တော့ အတိအကျ မသိရသေးဘူး”ဟု ပြောဆိုသည်။