လာမည့် နှစ်သစ်ကူး ပိတ်ရက်အတွင်း လာရောက်လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသွား ဦးရေ မြင့်မား စေရေးနှင့် ထိုင်းခရီး သွား လုပ်ငန်း ကျယ်ပြန့်လာရေးအတွက် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လာ ရောက် သည့် ကမ္ဘာ့လှည့် ခရီးသွားများကို ရက်ပေါင်း ၆၀ ဗီဇာကြေး သက်သာခွင့် ပေးလိုက်သည်။
အဆိုပါနိုင်ငံများမှာ အန်ဒိုရာ၊ ဘူလ်ဂေးရီးယား၊ ဘူတန်၊ တရုတ်၊ ဆိုက်ပရပ်စ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ ကာဇက်စ္စတန်၊ လတ်ဗီးယား၊ လစ်သူနီးယား၊ မော်လ်ဒိုက်ဗ်၊ မော်လတာ၊ မော်ရီတေးရီးယပ်စ်၊ ပါပူဝါး နယူးဂီနိ၊ ရိုမေးနီးယား၊ ဆန်မာရီနို၊ ဆော်ဒီအာရေဗျ၊ ထိုင်ဝမ်၊ ယူကရိန်းနှင့် ဥဇဘက်ကစ္စတန် တို့ဖြစ်ကြသည်။
ပုံမှန်အားဖြင့် လေဆိပ် ဆိုက်ရောက်ဗီဇာအတွက် ဘတ်ငွေ ၂၀၀၀ ပေးဆောင်သူများသည် ထိုင်းနိုင်ငံ တွင် ၁၅ ရက်အထိ နေခွင့်ရသည်။
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကတည်းက ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် ဆိုက်ရောက်ဗီဇာကို လျှောက် ထားနိုင်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ထိုင်းသို့ လာရောက်သူကျဆင်းလာသဖြင့် အစိုးရက ခရီးသည် များအား ပိုမိုဆွဲဆောင်နိုင်ရန် ဗီဇာကြေးကို ယခုအခါ လျှော့ပေါ့ပေးလာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရသူ ပစ်တီပေါင် ပန်နန်ခန်က ပြောသည်။
ဗီဇာသက်သာခွင့်ပေးခြင်းအားဖြင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုနှုန်းကို ၃၀ ရာခိုင်နှုန်း မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။