ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ မန္တလေးနှင့် ရွှေဘို ကျောက်မြောင်းအကြားတွင် တနှစ်သား အရွယ်ရှိ ဧရာဝတီ လင်းပိုင်အမတကောင် ငါးဖမ်းပိုက်နှင့် ငြိရာမှ နိုဝင်ဘာ ၆ရက်နေ့က သေဆုံးခဲ့ ကြောင်း WCS (Myanmar) အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ လင်းပိုင်မှာ အမဖြစ်ပြီး အလျား ၆ပေ ၁လက်မ၊ လုံးပတ်အရွယ်မှာ ၄ပေရှိကြောင်း၊ ဧရာဝတီ လင်းပိုင်ထိန်းသိမ်း ရေး ဧရိယာဖြစ်သည့် ရှိမ်းမကား၊ အင်ဒေါင်း ကျေးရွာ အထက်ပိုင်း မှော်ဦး ကျေးရွာအနီးတွင် ကျောက်တုံးနှင့်တွဲကာ ကြိုးချီ ထားသည့် လင်းပိုင်အသေကို မှော်ဦးကျေးရွာမှ အင်းသူကြီးတဦးက တွေ့ခဲ့ခြင်း ဖြစ်သည်။
လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက “ပိုက်နဲ့မိပြီးသေဆုံးတယ်လို့ယူဆရပါတယ်၊ ပိုက်နဲ့ မိပြီးသေဆုံးလို့သာ လင်းပိုင်ရဲ့အမြီးကိုကြိုးနဲ့ချီပြီး အလေးချိန်နဲ့ရေအောက်ထဲမြုပ်ခဲ့တဲ့ သဘောမျိုး ပါပဲ”ဟု ဆိုသည်။
လင်းပိုင်အသေအား သဲအတွင်းမြှုပ်ကာ အရိုးများကို ပြန်လည်တူးဖော်ရယူ သွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင်ငါးဖမ်းဆီးခြင်း၊ ဘတ္ထရီရှော့ တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချဖမ်းဆီးခြင်း မရှိစေရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရ၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာ နိုင်ငံအစီအစဉ်) WCS တို့မှ ပူးပေါင်း၍ ထိန်းသိမ်းမှု များကိုပြုလုပ် လျက်ရှိရာမှ ယခုကဲ့သို့ ရှားပါး လင်းပိုင် တကောင် သေဆုံးခြင်းဖြစ်သည်။
“ပုံမှန်အနေနဲ့ လစဉ် ပညာပေး လုပ်ဆောင်နေတယ်၊ ရေကြောင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ထိန်းသိမ်း ရေးဧရိယာထဲမှာ ရှော့တိုက်ငါးဖမ်းဆီးမှုတွေ မရှိရအောင် တားဆီးတာတွေ စစ်ဆေးတာတွေ လုပ်နေ သလို ပုံမှန်ကင်းလှည့်နေပါတယ်။ အရေးယူ တာကတော့ ရေချိုငါးလုပ်ငန်းဥပဒေ နဲ့အရေးယူပါ တယ်”ဟု ဦးဟန်ဝင်းက ဆက်လက်ပြောသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း တရားမဝင် ငါးဖမ်းဆီးခြင်း၊ ဘတ္ထရီရှော့ တိုက်ဖမ်း ဆီးခြင်း၊ အဆိပ်ချ ဖမ်းဆီးခြင်းများအတွက် ဒဏ်ငွေ ကျပ်၃သိန်း ထောင်ဒဏ် ၃နှစ်သတ်မှတ်ထား သော်လည်း ဖမ်းဆီးရမိသူမျာကို ထောင်ဒဏ် ၁ လမှ ၃အထိသာချမှတ်နေကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ယခုနှစ် အတွင်း၌ ဧရာဝတီလင်းပိုင် ၂ကောင် မြောက် သေဆုံးခြင်း ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်က ငါးလုပ်ငန်းဦးစီးဌာနနှင့် WCS တို့ ပူးပေါင်း ပြုလုပ်ခဲ့သည့်စစ်တမ်းများအရ ဧရာဝတီလင်းပိုင် ၇၆ ကောင်ရှိပြီး ယခုတကောင်သေဆုံး သည့်အတွက် ၇၅ ကောင်သာကျန်ရှိတော့သည်။
ရှားပါးမျိုးစိတ်ဖြစ်သည့်ဧရာဝတီလင်းပိုင်သည် နိုင်ငံခြားသားခရီးသွားများအား စွဲဆောင်သည့်အရာ တစ်ခုဖြစ်ပြီး ယခုနှစ်တွင် လာရောက်ကြည့်ရှုသည့်နိုင်ငံခြားသား ၁၃၈ ယောက်ရှိပြီး ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်းသိရသည်။