• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေးပျက်၍ ပဋိပက္ခများ ပြန်ဖြစ်မည်ကို ပြည်နယ် ၅ ခုမှ ဒေသခံများ စိုးရိမ်

by နန်းလွင်နှင်းပွင့်
9 November 2018
in သတင်း
A A
မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေး ဒေသများအတွင်းမှ လူမှုအသိုင်းအဝန်းများ၏ အသံများ အစီရင်ခံစာ ထုတ်ပြန်ပွဲကို နိုဝင်ဘာလ ၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်စဉ်  / ဝေနှင်းထွဋ် / ဧရာဝတီ

မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေး ဒေသများအတွင်းမှ လူမှုအသိုင်းအဝန်းများ၏ အသံများ အစီရင်ခံစာ ထုတ်ပြန်ပွဲကို နိုဝင်ဘာလ ၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်စဉ် / ဝေနှင်းထွဋ် / ဧရာဝတီ

8.9k
VIEWS
Share on FacebookShare on Twitter

ထိလွယ်ရှလွယ် ဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆွေးနွေးမှုများ ပျက်စီးကာ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို ပြည်နယ် ၅ ခုရှိ ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြောင်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေးဌာန (CPCS) အစီရင်ခံ စာက ဖော်ပြထားသည်။

CPCS က နိုဝင်ဘာ ၈ရက်နေ့ ထုတ်ဝေသည့် “ကျွနု်ပ်တို့ လူမှုအသိုင်းအဝန်းတွေကို ပြန်ပေးပါ၊ တိုက်ပွဲတွေ၊ အကြမ်းဖက်မှု တွေ မလိုလားပါ၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ အပစ်အခတ် ရပ်စဲရေး ဒေသများအတွင်းမှ လူမှုအသိုင်းအဝန်း များ၏ အသံများ” အမည်ဖြင့် အစီရင်ခံစာပါ ပြည်နယ် ၅ ခုမှာ ကချင်၊ ကရင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြောင်း ပါရှိသည်။

RelatedPosts

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

20 June 2025
1.9k
စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

စစ်ကောင်စီအမြစ်မပြတ်သရွေ့ ဘယ်နယ်မြေသိမ်းပိုက်မှုမှ အာမခံချက်မရှိဘူး (ရုပ်/သံ)

20 June 2025
86
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
229

အစီရင်ခံစာအတွက် ယင်းပြည်နယ် ၅ ခုမှ ကချင်၊ ကယား၊ ကရင်၊ ပလောင်၊ မွန်၊ ဗမာ၊ ရှမ်း၊ ကယန်း၊ ပအို့ဝ်၊ ဓနု၊ တောင်ရိုး၊ ယင်းတလဲ၊ မနူမနော၊ တရုတ်၊ ချင်း၊ အင်းသား၊ အိန္ဒိယ၊ လားဟူ၊ လီဆူး စသည့် လူမျိုးများမှာ ဒေသခံ ၁၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

ယခုအစီရင်ခံစာ သုတေသန ကောက်ယူရာ၌ ပါဝင်ကူညီသူ ဂရုဏာမစ်ရှင် လူမှုရေးအသင်း (KMSS) မှ ဖာသာနော်လတ်က “အရမ်းကြီးအဆင့်တန်းရှိတဲ့စာသားတွေ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီစာအုပ်က ရိုးရှင်းသော၊ ရိုးသားသော၊ ဒုက္ခအခက်အခဲတွေကို တကယ်ခံစားခဲ့ရတဲ့လူတွေရဲ့ ရင်တွင်း ဖြစ်အသံတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး ပဋိပက္ခဖြစ်စဉ် ဒုက္ခဆင်းရဲ ရောက်ခဲ့ရပြီး ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလတွင် ပါဝင်ပြောဆိုခွင့် မရခဲ့ကြသည့် အောက်ခြေလူထု၏ အသံများကို စုစည်းထားခြင်း ဖြစ်သည်ဟုလည်း ရှင်းပြသည်။

အစီရင်ခံစာတွင် သုတေသန ပြုလုပ်သည့် နယ်မြေများအားလုံးရှိ ဒေသခံများက ၎င်းတို့ နေထိုင်ကြ သည့် နေရာများအနီး ပဋိပက္ခများ ပြန်ဖြစ်မည်ကို စိုးရိမ်နေကြပြီး လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ထိလွယ်ရှလွယ် ဖြစ်မှုအပေါ် စိုးရိမ် ကြောက်လန့်နေကြကြောင်း ထပ်တလဲလဲ ထုတ်ဖော်ပြောဆိုကြ သည်ဟု ဖော်ပြထားသည်။

ဒေသခံများက ၎င်းတို့နေထိုင်ရာ ရပ်ရွာများအနီးတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုနှင့် တခုအကြား တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ကာ ဒေသတွင်း သယံဇာတ ခွဲဝေမှု အငြင်းပွားကာ ပစ်ခတ်တိုက်ခိုက်ကြမည်ကို ကြောက်လန့်နေ သည်ဟုလည်း အစီရင်ခံစာမှတဆင့် ပြောဆိုထားသည်။

CPCS အစီရင်ခံစာအတွက် မေးမြန်းခံထားရသူများက မိမိတို့ နေထိုင်ရာ ဒေသများ အေးချမ်းရန် အစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှသာ အောင်မြင် နိုင် မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားပြီး လက်နက်ကိုင်အဖွဲ့ အားလုံးအား ပါဝင်ခွင့်ပြုရန်လည်း တောင်းဆိုပါသည်ဟု ဖြေဆိုထားကြသည်။

လက်ရှိ ပြည်တွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ရှိရာ ၁၀ ဖွဲ့သာ NCA ထိုးထားပြီး ကျန် ၁၀ ဖွဲ့မှာမူ လက်မှတ်ထိုး နိုင်ရန် ဆွေးနွေးနေဆဲ ဖြစ်သည်။

ထို့ပြင် NCA လက်မှတ်ထိုးပြီး ၁၀ ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့မှာလည်း တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ နယ်မြေ အငြင်းပွားမှုများ ရှိနေပြီး ကျေလည်စွာ ဆွေးနွေးညှိနှိုင်းနိုင်ခြင်း မရှိသေးပေ။

KNU မှာ လတ်တလော ကျင်းပမည့် ငြိမ်းချမ်းရေးအစည်းအဝေး တက်ရောက်ရန် ယာယီဆိုင်းငံ့ထား ကြောင်း အောက်တိုဘာလ ၂၇ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့ထားသည်။

RCSS/SSA မှာလည်း ရှမ်းပြည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ (JMC) အဆင့်ဆင့်သည် တန်းတူညီမျှမှု၊ တရားမျှတမှု မရှိဟု ဆိုကာ JMC ကော်မတီ အဆင့်ဆင့်တွင် ပါဝင်မှုကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်က ကြေညာချက် ထုတ်၍ ပြောဆိုထားသည်။

တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့မှာ KNU နဲ့ RCSS ဆိုတာ လက်နက်ကိုင်တပ်ဖွဲ့ အင်အားရှိတဲ့ အဖွဲ့တွေဖြစ်တယ်။ ဒီအဖွဲ့တွေနဲ့ တိုက်ပွဲပြန်ဖြစ်ရင် အချိန်မရွေး ငြိမ်းချမ်းရေး က နောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ ဒါကြောင့် စစ်ရေး ပဋိပက္ခတွေ တင်းမာနေတာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

NCA လက်မှတ်ထိုးရန် ကျန်နေသည့် ၁၀ ဖွဲ့အနက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့များကမူ လက်ရှိ NCA လမ်းစဉ်ကို ငြင်းဆိုထားပြီး စာချုပ်သစ်တခု ဆွေးနွေးချုပ်ဆိုရန် တောင်းဆိုထားသည်။

FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက် ရေး ပါတီ (SSPP)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။

ထိုအဖွဲ့သည် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အား စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ခွဲမထွက်ခွင့် ကတိကဝတ်၊ တခုတည်းသော တပ်မတော်ဖြစ် ရေး၊ KNU နှင့် RCSS အရေး၊ NCA ထိုးမထားသည့် အင်အားကြီး လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရေးတို့မှာ စိန် ခေါ်မှုများ ဖြစ်နေပြီး ယင်းတို့ကို ဖြေရှင်းနိုင်မှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်မည်ဟု ဦးမောင်မောင်စိုး က သုံးသပ်သည်။

ယခု အစီရင်ခံစာပါ ပြည်နယ် ၅ခုမှ ဒေသခံများမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်များ အပြင် တိုင်းရင်းသားအရေး၊ မြေယာပိုင်ဆိုင်ခွင့်၊ မူးယစ်ဆေးဝါး ပြဿနာ၊ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ အခွင့်အလမ်းနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စများအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည် ဟု အစီရင်ခံစာမှတဆင့် ပြောဆိုထားသည်။

ထို့ပြင် အစိုးရနှင့် တပ်မတော်အနေဖြင့် NCA စာချုပ်အပေါ် လေးစားလိုက်နာမှု ရှိစေရန်၊ တိုင်းရင်း သားများ၏ မတူကွဲပြားမှုနှင့် တန်ဖိုးကို အလေးထားရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထု သဘောထားနှင့် အသံ ပါဝင်နိုင်ရန်အတွက် နည်းလမ်းရှာဖွေရန် လိုအပ်ကြောင်းလည်း အကြံပြုထား သည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ယုံကြည်မှု ဆက်လက်တည်ဆောက် ကာ ကျေးရွာများတွင် လက်နက်ကိုင်စစ်သားများ ထားရှိမှု လျှော့ချပေးရန်၊ အရပ်သားများအား ဆက်ဆံရာတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာ၍ ရှင်းလင်းသော လူထုဆက်ဆံရေး မူဝါဒများ ချမှတ်ရေး၊ ဒေသခံများအပေါ် တရားမဝင် အခွန်ကောက်ယူခြင်းများအား လျှော့ချ ဖျက်သိမ်းပေးရန် နှင့် အတင်းအကြပ် တပ်သားစုဆောင်းမှုများကို လျှော့ချ ဖျက်သိမ်းပေးရန် လိုလားသည်ဟု လည်း အကြံပြုထားသေးသည်။

Your Thoughts …
Tags: ပြည်တွင်းငြိမ်းချမ်းရေး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်အား KIA ထိန်းချုပ်ရာ လိုင်ဇာ ဒေသတွင် တွေ့ရစဉ်  / ဟိန်းထက် / ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း စစ်ရှိန်မြင့်လာနိုင်သည့် AA အိပ်မက်

by မင်းအောင်ခိုင်
11 December 2018
33.2k

မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ လက်နက်ကိုင် တော်လှန်ရေးဖြစ်စဉ်နဲ့ပဲ သွားနေတာ။ KIA နဲ့ဆိုရင်လည်း ဆွေးနွေးနေရင်းပင် တိုက်ပွဲဖြစ်တယ်။ အလွတ်သဘော တွေ့ဆုံတယ်။ ဒီလိုပဲ သွားနေတာ။ ဒီဟာတွေက သမရိုးကျဖြစ်နေကျပဲ။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှ TNLA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

စစ်ရေးရပ်ပြီး နိုင်ငံရေးလမ်းဖြင့်သွားရန် မဟာမိတ် ၃ ဖွဲ့ သဘောထားကြေညာ

by ချစ်မင်းထွန်း
12 December 2018
16.6k

စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိပါသည်။ ထို့အတူ မြန်မာ့တပ်မတော်ဖက်မှလည်း စစ်ပွဲများ ချုပ်ငြိမ်းစေရန် ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

တိုင်စာများ ရှိသော်လည် RCSS/SSA ကြောင့် မဖြေရှင်းနိုင်ဟု JMS-S ဆို

by ချစ်မင်းထွန်း
30 November 2018
6k

အခုက တိုင်စာ ဆက်တိုက် ရောက်နေတာ၊ အခုဆို မိုင်းပန်ဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်၊ ဒေသခံတွေ သွားရေးလာရေး ခက်ခဲတယ်၊ မိုင်းတွေ ပါတွေ ရှိတယ်၊

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်ပြိန်းကျေးရွာအနီးမှာ RCSS နှင့် SSPP တို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က တိုက်ပွဲဖြစ်ရာ အသက် (၆၀) ကျော် ဒေသခံ အမျိုးသမီး ဒေါ်မာလွတ် သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်  / ခွန်ဇော်ဦး Facebook

ရှမ်းပြည်က တိုက်ပွဲတွေက ဘယ်သူ့အတွက်လဲ

by ချစ်မင်းထွန်း
1 December 2018
35.5k

လူထုက တော်တော်ကို စိတ်ညစ်နေပြီ။ လူထုရဲ့ အမြင်မှာက ငါတို့ ဓားစားခံ ဖြစ်ရတယ်ဆိုတဲ့ အမြင်က လူထုမှာရှိတာကိုး။ လူထုက အစိုးရကိုလည်း အားမရဘူး၊

NSCN-K ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC) တို့ ဇူလိုင် ၁၂ ရက်က နေပြည် တော် MICC-2 တွင် အလွတ်သဘော တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးစဉ်  / Peace Commission Facebook

NCA သုံးသပ်ရေး အစည်းအဝေး နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) ပြုလုပ်မည်

by ချစ်မင်းထွန်း
6 December 2018
5.6k

NCA လက်မှတ်ထိုးခြင်းအားဖြင့် ဘယ်လိုပုံစံမျိုး သက်ရောက်နေမလဲပေါ့။ NCA လက်မှတ်ထိုးလိုက်သော အားဖြင့် တချို့သောနေရာမှာကျတော့ တယောက်နဲ့ တယောက် ဆက်ဆံရေး တွေ ဘာတွေ၊ ပျက်ပြားသွားတာတွေလည်း ရှိတယ်လေ

မြစ်ကြီးနားတွင် ကချင် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် / Kachinwaves

ရွေးကောက်ပွဲကြေညာစာတမ်းပါ တိုင်းရင်းသားအရေး အစိုးရ မေ့သွားပြီလား

by နန်းလွင်နှင်းပွင့်
30 March 2017
16.4k

အသံတိတ်နေတယ် ဆိုတာက ငြိမ်းချမ်းရေးကိုပဲ ပထမ ဦးစားပေးအနေနဲ့ လုံးပန်းနေရလို့ပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကတော့ လောလော ဆယ် မလုပ်နိုင်သေးဘူးပေါ့နော်။ ငြိမ်းချမ်းရေးကိုပဲ ပြီးအောင် အဆောတလျင်ဆောင်ရွက်နေရလို့ပါ

Next Post
အိမ်ရဲ့မီးဖိုချောင်မှာ အလွယ်တကူ ရနိုင်တဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး Homemade Toothpaste ပြုလုပ်နိုင်ပါတယ်

ဓာတုပစ္စည်းတွေ မပါဝင်တဲ့ သွားတိုက်ဆေး အလွယ်တကူ ပြုလုပ်နည်း

MAA တနှစ်တာ အကောင်းဆုံးဆု ၂ဆု အောင်လအန်ဆန် သိမ်းပိုက် (ရုပ်/သံ)

MAA တနှစ်တာ အကောင်းဆုံးဆု ၂ဆု အောင်လအန်ဆန် သိမ်းပိုက် (ရုပ်/သံ)

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate