အရှေ့တောင်အာရှရှိ ရွှေတြိဂံနယ်မြေတွင် ဒုစရိုက်ဂိုဏ်းအများအပြား စုဝေး၍ မူးယစ်ဆေးဝါး ပိုမို ထုတ်လုပ်လာခြင်းကြောင့် စိတ်ကြွရူးသွပ်ဆေးပြားများဆုံချက်အဖြစ် ဒေသတွင်း စိုးရိမ်စရာဖြစ်လာ ကြောင်း ကုလသမဂ္ဂ ရာဇဝတ် မှုခင်းဆိုင်ရာ ရုံး(UNODC) ၏ အဆိုအရ သိရသည်။
အာရှ-ပစိဖိတ်ဒေသ မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့များ မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင် ဗုဒ္ဒဟူးနေ့က တွေ့ဆုံရာ တွင် ဓါတုဗေဒနည်းဖြင့် ဖော်စပ်သည့် မူးယစ်ဆေးထုတ်လုပ်မှုအတွက် ဓါတုပစ္စည်းများတင်ပို့ခြင်းကို မဟာဗျူဟာသစ်ဖြင့် ကိုင်တွယ်အရေးယူသွားရန် ညှိနှိုင်းခဲ့ကြသည်။
မြန်မာနိုင်ငံမြောက်ဘက်ရှိ ရွှေတြိဂံဒေသကို ဗဟိုပြု၍ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်၍ တင်ပို့ ရောင်းချနေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ပြီး၊ မကြာသေးမီနှစ်များအတွင်းက ဘိန်းစိုက်ခြင်း နှင့် ဘိန်းကုန်ကူးခြင်းများ ကျဆင်းခဲ့သော် လည်း ဓါတုဗေဒနည်းဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း အထူးသဖြင့် မက်သာဖက်တမင်းဆေးပြား ထုတ်လုပ်ခြင်းမှာ မြင့် တက်လာခဲ့သည်။
UNODC မှ ဌာနကိုယ်စားလှယ် ဂျီရီမီဒေါက်ကလပ်က “ကျနော်တို့ တခါမှ မတွေ့ဖူးတဲ့ နှုန်းလောက် မြင့်တက်နေပါတယ်။ အဲဒီထုတ်လုပ်မှုတွေရဲ့ ရှေ့ပြေးအဖြစ် ဓါတုပစ္စည်းကုန်ကြမ်းတွေကို များများ စားစားရဖို့လိုပါတယ်” ဟု ပြောသည်။
၂၀၁၆ ခုနှစ်ကတည်းက မက်သာဖက်တမင်းဆေးပြား သိမ်းဆည်းဖမ်းဆီးမှုများသည် ယင်းဒေသမှ ကျော်လွန်၍ တောင်ကိုရီးယားနှင့်နယူးဇီလန်အပါအဝင် နိုင်ငံအများစုသို့ ကြားဖြတ်တင်ပို့ ဖြန့်ဖြူး နိုင်သည်အထိ ကျယ်ပြန့်လာခဲ့သည်။
ဆေးပုံဆောင်ခဲနှင့် ဆေးပြားပုံစံ အသွင်နှစ်မျိုးလုံးဖြင့် မက်သာဖက်တမင်းဈေးနှုန်းမှာ နိုင်ငံအများ အပြားတွင် ကျဆင်းလာ ခဲ့ခြင်းကြောင်း UNDOC မှ အချက်အလက်များက ဆိုသည်။
ယင်းအချက်အလက်များက ဥပဒေအရ တားဆီးနှိမ်နင်းမှုများ လက်လှမ်းမမီသည့်နေရာများတွင် ဓါတု သိပ္ပံနည်းဖြင့် ဖော်စပ်ထုတ်လုပ်နေမှုအမြောက်အမြားရှိနေဆဲဖြစ်ကြောင်း ညွှန်ပြနေသည်။
“ကျနော်တို့ဆီမှာ တရားမဝင် မူးယစ်ဆေးထွက်ရှိရာ တိကျတဲ့ရင်းမြစ်တခုပဲရှိပါတယ်။ ဓါတုပစ္စည်း ထွက်ရှိတဲ့ ရင်းမြစ်မဟုတ်ပါဘူး” ဟု ကြေညာချက်တစောင်တွင် မြန်မာအစိုးရ ပြည်ထဲရေးဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းသို့ မူးယစ် ဓါတုပစ္စည်းကုန်ကြမ်းများ ဝင်ရောက်နေခြင်းမှာ အဆီးအတားမရှိ ဘဲ ဖြစ်နေပြီး၊ မြန်မာ ဘက်ခြမ်းတွင် အများဆုံးတွေ့ရသော မူးယစ်ဆေးဝါး ဖော်စပ်ရာတွင် သုံးသည့် ဓါတုပစ္စည်းနှင့် ပံ့ပိုးဓါတ်ကူများသည် အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက် နေသော်လည်း အဆိုပါရှေ့ပြေးကုန်ကြမ်းအများစုသည် အိမ်နီးချင်းတရုတ်နိုင်ငံမှ သွင်းလာခြင်းဖြစ် သည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ketamine ထုတ်လုပ်ရန် မူးယစ်ဂိုဏ်များက စတင်နေကြောင်း၊ ယင်း အတွက် မက်သာဖက် တမင်း ထုတ်လုပ်ခြင်းထက် မတူညီသောနည်းစနစ်ဆိုင်ရာလိုအပ်ချက်များ ရှိကြောင်း မစ္စတာဒေါက်ကလပ်က ပြောသည်။
“ရွှေတြိဂံဒေသမှာ မက်သာဖက်တမင်းအပြင် ကီတမင်းကိုပါ အသစ်စမ်းသပ်ပြီး သူတို့ထုတ်လုပ်လာ နိုင်တာ တွေ့ ရပါ တယ်။ သူတို့ဟာ မကြာခင်မှာ ပေါင်းစည်း မူးယစ်ဆေးထုတ်လုပ်နိုင်တော့မှာဖြစ်တဲ့ အစိုးရတွေကြားမှာ စိုးရိမ်စရာ တိုးပွား လာပါတယ်” ဟု မစ္စတာဒေါက်ကလပ်က ရိုက်တာသို့ ပြောသည်။