ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဗဟိုလမ်း ဗဟိုအမျိုးသမီးဆေးရုံရှေ့ KGL Family ကုမ္ပဏီတည် ရှိရာ ခြံအမှတ် ၅၁(ခ)၌ ယမန်နေ့ည ၇နာရီခန့်က ဖြစ်ပွားသည့် အနုကြမ်းစီးမှုတွင် ပါဝင်သူ ၅ ဦးကို ဖမ်းဆီးရမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
၎င်းတို့အနက် ဒဂုံအရှေ့မြို့နယ်နေ သူရနှင့် စိုးကျော်ကျော်လွင်(ခ)စိုးကို တို့နှစ်ဦးအား အခင်းဖြစ် ခြံဝန်းအတွင်း၌ လည်ကောင်း၊ ဇော်ထူး(ခ)ကရင်နှင့် စောသန်းဦး(ခ)သန်းဦးတို့နှစ်ဦးအား ဒဂုံအရှေ့ မြို့နယ်၊ ၁၃၃ ရပ်ကွက် တွင် လည်းကောင်း၊ ထွန်းထွန်း ဆိုသူအား တိုက်ကြီးမြို့နယ်တွင် လည်း ကောင်း ဖမ်းမိခဲ့ခြင်းဖြစ်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅ ဖြင့် အလုံမြို့မရဲ့စခန်းတွင် အမှုဖွင့်ထား သည်။
အနုကြမ်းစီးခံရသည့် KGL Family ကုမ္ပဏီမိသားစုမှာ နိုင်ငံခြားသို့ ပဲနှင့်စားသောက်ကုန်များတင်ပို့ ခြင်း ကားအပိုပစ္စည်းနှင့် အင်ဂျင်ဝိုင် ဖြန့်ဖြူးရောင်းချရေး စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး၊ အခင်း ဖြစ်ချိန် ကုမ္ပဏီ တာဝန်ရှိသူ ဦးမြင့်စိန်(ခ) ဖီးလစ်အား ၎င်းပိုင် လင်ခရူဆာကားဖြင့် တင်ကာ အနု ကြမ်းစီးသူများက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်
ကုမ္ပဏီ တာဝန်ရှိသူ ဦးမြင့်စိန်အား ဖမ်းဆီးခေါ်ဆောင်သွားသူများသည် ပြည်လမ်းနှင့် မပိုလမ်း အရောက်တွင် ဖုန်းနှစ်လုံး အားယူဆောင်၍ ကားပေါ်မှဆင်းပြေးသွားခဲ့ပြီး နိုဗိုတယ်ဟိုတယ်ရှေ့တွင် ဦးမြင့်စိန်အား ၎င်း၏ ကားနှင့်အတူ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်း၏ လင်ခရူဆာကားကိုမူ ယခုအခါ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံးအတွင်း ထိန်းသိမ်းထား သည်ကို တွေ့ရသည်။
ဖြစ်စဉ်မှာ KGL Family ကုမ္ပဏီမှ ဦးကျော်မြင့်က ၎င်းနှင့် တူဖြစ်သူတို့ နေအိမ်သို့ပြန်နေစဉ် ကုမ္ပဏီ၌ ကျန်ခဲ့ သည့် အကိုဖြစ်သူ ဦးမြင့်စိန်မှ ခြံအတွင်းသို့ လူတစုကားဖြင့်ဝင်လာသည့်အတွက် အမြန်လာခဲ့ ရန် ဖုန်ဆက်ခေါ်ကြောင်း၊ သွားကြည့်ရာ တုတ်၊ ဓားကိုင်ထား သူများမှ ဝိုင်းထားသည်ကို တွေ့ရှိရဖြင့် အနီးပတ်ဝန်ကျင်အား အကူအညီတောင်း၍ ခြံဝန်းတံခါး အပြင်ဘက်မှ ဝိုင်းထားစဉ် ၎င်းလူစုက ဦးမြင့်စိန်ပိုင် လင်ခရူဆာကားဖြင့် ခြံတံခါးကို တိုက်၍ မောင်းထွက်သွားပြီး၊ လိုက်ထရပ်အဖြူရောင် ယာဉ်တစီးလည်း နောက်မှ ထပ်မံ မောင်းထွက်သွားကြကြောင်း ရဲထံထွက်ဆိုထားသည်။
အနုကြမ်းစီးစဉ် ကုမ္ပဏီဝန်ထမ်းဖြစ်သူ သားဒို(ခ)စောမူးဖွဲ့ထူး၊ ရွှေထွေးနှင့် ဒိုထူးတို့အား ကြိုးဖြင့် တုပ်ကာ ၎င်းတို့၏ လက်ကိုင်ဖုန်းများယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ လင်ခရူဆာကားပေါ်တွင် အကိုဖြစ်သူ ဦးမြင့်စိန်ပါသွား၍ ဦးကျော်မြင့်မှ နောက်မှ ကားဖြင့်လိုက်စဉ် အနုကြမ်းစီး သူများထဲမှ ဦးကျော်မြင့်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ဆက်လိုက်မလာရန်နှင့် မေးစရာရှိ ၍ခေါ်သွားခြင်း ဖြစ် ကြောင်း၊ မည်သူကိုမျှမတိုင်ရန်လည်း ပြောဆိုခဲ့ကြောင်း သိရသည်။
ယခုအခါ ဖမ်းမိထားသည့် အနုကြမ်းစီးသူများကို အလုံမြို့ရဲစခန်းမှ အနောက်ပိုင်းခရိုင်ရဲစခန်းသို့ လွဲပြောင်းချုပ်နှောင်ကာ စစ်ဆေးနေရာ ဒဂုံမြို့သစ် အရှေ့ပိုင်းနေ စိုးကျော်ကျော်လွင်နှင့် သူရတို့၏ ထွက်ဆိုချက်အရ အမေရိကန်ဒေါ်လာ အတက်အကျ ပြုလုပ်သူတဦးထံမှ အကြွေးတောင်းရာတွင် ဝန်းရံပေးရန် ဒဂုံမြို့သစ် တောင်ပိုင်း၊ ၁၄ ရပ်ကွက် နေ မျိုးမြင့်အောင်(ခ) အရှည်ကြီးက လှဝင်းအား လွှတ်၍ တဦးလျှင် ကျပ် ၅သိန်းဖြင့် ၅ဦး ငှားရမ်းခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ထုတ်ပြချက်အရ ဖမ်းမိထားသည့် စိုးကျော်ကျော်လွင်မှ သူရ(ခ) စောသူရ ၊ ကရင်(ခ) စောထူး၊ သန်လျင်မြို့နယ်နေ စောသန်းဦး (ခ) သန်းဦး၊ စွမ်းဆောင် ဦးတို့ကို ခေါ်၍ နိုဝင်ဘာ ၁၂ရက်နေ့ ညနေ ၄နာရီ ၃၀ မိနစ်တွင် ချိန်းဆိုရာ ဗဟို အမျိုးသမီး ဆေးရုံကြီး ရှေ့သို့ သွားရောက်ခဲ့ကြောင်း၊ လှဝင်းနှင့် မျိုးမြင့်အောင် (ခ) အရှည်ကြီးတို့အဖွဲ့ လိုက်ထရပ် အဖြူရောင်ဖြင့် ရောက်ရှိလာ၍ အဆိုပါ ကားပေါ်သို့ တက်ရောက်၍ အကြွေးတောင်းမည့် ခြံဝန်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုနောက် KGL Family ရုံးခန်းအတွင်း လူငယ်(၃)ဦးတွေ့ရှိခဲ့ပြီး၊ CCTV အထိုင်စက်နှင့် ကင်မရာ တို့အား မျိုးမြင့် အောင်(ခ) အရှည်ကြီးတို့အဖွဲ့မှ ဖြုတ်ယူကာ အမည်မသိ လူတဦး အား ကားများဖြင့် ခေါ်ဆောင်သွားကြောင်း ၎င်းနှင့် သူရ(ခ)စောသူရတို့မှာ ကျန်ရစ်ခဲ့၍ ဖမ်းဆီးရခံရခြင်း ဖြစ်ကြောင်း ပါရှိသည်။
လတ်တလောဖမ်းမိထားသူ ၅ ဦးအား အလုံမြို့မရဲစခန်းတွင် ဓားပြမှု ပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့် ထား ပြီး၊ထွက်ပြေးတိမ်း ရှောင်သူများဖြစ်သည့် လှဝင်း၊ စွမ်းဆောင်ဦး၊ မျိုးမြင့်အောင် (ခ)အရှည်ကြီး တို့အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။