ဘင်္ဂါလီ မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသော မြန်မာစစ်တပ်နှင့် အစွန်း ရောက်အရပ် သားများ၏ အကြမ်းဖက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုများ အတွက် ခွင့်လွှတ်ရန် မဖြစ် နိုင်ကြောင်း အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြား လိုက်သည်။
စင်ကာပူတွင် ကျင်းပသည့် အာရှ-ပစိဖိတ် ထိပ်သီးဆွေးနွေးပွဲ၏ ဘေးအစည်းအဝေးများနှင့် ပတ် သက်ပြီး မီဒီယာများကို မရှင်းလင်းမီ မိုက်ပန့်စ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခဏတာတွေ့ဆုံစဉ် ဘင်္ဂါလီ အကျပ်အတည်း အတွက် တာဝန်ရှိသူများကို အရေးယူရန် တိုးတက်မှု နှောင့်နှေးနေခြင်းကို ကြားသိရသောကြောင့် အမေရိကန် အစိုးရအနေဖြင့် ပူပန်မိကြောင်း ပြောခဲ့သည်ဟု သိရသည်။
“ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးစေတဲ့ စစ်တပ်နဲ့ အစွန်းရောက် အရပ်သားတွေရဲ့ အကြမ်း ဖက်မှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေဟာ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး” ဟု ဒေါ်အောင်ဆန်း စုကြည်ကို မိုက်ပန့်စ် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လူတဦးနှင့် တဦး အမြင်ခြင်းမတူကြောင်း ပြန်လည်တုန့်ပြန်ပြော သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုရက်စက်သော စစ်ဆင်ရေးအတွက် မြန်မာစစ်တပ်ကို ထောက်ခံနေ ကြောင်း၊ အကာအကွယ် မပေးသင့်သည်ကို အကာအကွယ်ပေးနေကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဝေဖန်ခဲ့ပြီးနောက် ပန့်စ်ကလည်း အထက် ပါအတိုင်း ဝေဖန် လိုက်ခြင်း ဖြစ်သည်။
မဟာသီယာသည် အမြင်ကို ပွင့်ပွင့်လင်းလင်းပြောတတ်သည်ဟု ကျော်ကြားသော်လည်း ထိုသို့သော လူသိ ရှင်ကြား ပြစ်တင်ဝေဖန်မှုမျိုးမှာ ASEAN ခေါင်းဆောင်များအကြားတွင် ရှားပါးသည်။
ဘင်္ဂါလီတို့၏ ဆိုးရွားလှသော ကံကြမ္မာအပေါ် စာနာမှု ကင်းမဲ့သည်ဟု စွပ်စွဲပြီး လူ့အခွင့်အရေး အဖွဲ့တခုဖြစ် သော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသော အမြင့်ဆုံး ဆုတံဆိပ်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် လွတ်လပ်၍ ဒီမိုကရေစီကျသော သတင်းလုပ်ငန်းကို မြင်တွေ့ လိုပြီး လွန်ခဲ့သော နှစ်က သတင်းသမား နှစ်ဦးကို ထောင်ချခဲ့ခြင်းသည် အမေရိကန် သန်း ပေါင်းများစွာ အတွက် လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း မိုက်ပန့်စ်က ပြောသည်။
ဘင်္ဂါလီများကို ဖိနှိပ်မှုနှင့် ပတ်သက်ပြီး သတင်းယူနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်တွင် အဖမ်းခံရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမည်ကို ပန့်စ်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
၎င်းတို့သည် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ ဥပဒေအရ အပြစ်ရှိသည်ဟု စက်တင်ဘာလက ဆုံးဖြတ်ပြီး ထောင် ၇ နှစ်စီ ချခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ဘင်္ဂါလီ တချို့ကို ယခုတပတ်အတွင်း ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံတွင် ဘင်္ဂါလီများကို ဆက်လက် တိုက်ခိုက်မှုများအကြား ထိုသို့ ပြန်လည်ပို့ ဆောင်ခြင်း သည် ဒုက္ခသည်များ၏ အသက်ကို အန္တရာယ်ကျရောက်နိုင်ပြီး ရပ်ဆိုင်းထားသင့်သည်ဟု ကုလသမဂ္ဂက ပြောသည်။