သတင်း

အာရှခေါင်းဆောင်များအစည်းအဝေး ကိုယ်ကျိုးစီးပွား ကာကွယ်ေရေး မူဝါဒ ကိုင်စွဲမှု သတိပေး

Want create site? Find Free WordPress Themes and plugins.

အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နှင့် တရုတ်အကြား ဖြစ်ပွားနေ သည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ကိုင်စွဲမှုသည် ဆင့်ကဲ အကျိုးသက်ရောက်မှုများ ဖြစ်ပွား နိုင်ကြောင်း ယမန်နေ့က ထည့်သွင်းဆွေးနွေး ခဲ့သည်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က “အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာ မှုဟာ ဒိုမီနို သက် ရောက်မှုကို ဖန်တီးပေးရာရောက်ပါတယ်။ အဲဒီသက်ရောက်မှုကနေ ကုန်သွယ်ရေး တုံ့ပြန်မှုတွေဖြစ်ပြီးတော့ တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေက အာဆီယံနိုင်ငံတွေအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပေါ် အကာအကွယ် အစီအမံ ချမှတ်လာဖို့ အလားအလာ ရှိနေပါတယ်” ဟု အရှေ့တောင်အာရှ ၁၀ နိုင်ငံ(အာဆီယံ)ကို ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် လီကာရှန်းကမူ နှစ်ဘက်လုံး နောက်ထပ် တင်းမာမှု မြင့်တက်လာခြင်းမှ တားဆီး နိုင်မည့် နည်းလမ်း များကို ရှာဖွေသွားမည်ဟု ၎င်း အနေဖြင့် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပြီး ကုန်သွယ်ရေး အငြင်းပွားမှုကို ချပြ သည်။

“ကျနော်တို့ ဆွေးနွေးတဲ့အခါ အပြန်အလှန်လေးစားမှု၊ မျှတမှုနှင့် အပြန်အလှန်အကျိုးရှိမှုတွေ အခြေခံ ဖို့ မျှော်လင့်နေ တုန်းပဲ ဖြစ်ပါတယ်။ ကုန်သွယ်ရေးစစ်မှာ ဘယ်သူမှ အောင်နိုင်သူ မဟုတ်ပါဘူး” ဟု အာဆီယံခေါင်းဆောင်များနှင့် အစည်းအဝေးမစတင်မီ ဝန်ကြီးချုပ် လီကာရှန်းက ပြောကြားသည်။

စင်ကာပူတွင် ကျင်းပသည့်အစည်းအဝေးများသို့ သမ္မတဒေါ်နယ်ထရမ့်ကိုယ်စား အမေရိကန် ဒုတိယ သမ္မတ မိုက်ပန်စ်က တက်ရောက်ခဲ့ပြီး တည်ဆဲ ဘက်ပေါင်းစုံ ကုန်သွယ်ရေး ပဋိညာဉ် မမျှတမှုသည် အားလုံးနှင့် သက်ဆိုင်ကြောင်း ထပ်လောင်း ပြောကြားကာ ဉာဏပစ္စည်းပိုင်ဆိုင်မှု တရုတ် ခိုးယူ နေခြင်းအပေါ် ကဲ့ရဲ့ရှုတ်ချခဲ့သည်။

ယခုလအကုန်ပိုင်းတွင် အာဂျင်တီးနားမြို့တော် ဗျူနိုအေးရီစ်တွင် အမေရိကန်သမ္မတ ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အကြား ထိပ်သီးဆွေးနွေးမည့် အစီအစဉ် အစပျိုးသည့်အနေဖြင့် တရုတ် ဝန်ကြီးချုပ် လီကာရှန်း နှင့် အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်” တို့ ယခု စင်ကာပူအစည်းအဝေး ပြင်ပ တွင် သီးခြားတွေ့ဆုံခြင်းရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တရုတ်ဝန်ကြီးချုပ် လီကာရှန်း က အမေရိကန်နှင့်ဖြစ်ပွားနေသည့်ကုန်သွယ်ရေးစစ်ကို တိုက်ရိုက် မရည်ညွှန်းသော်လည်း တရုတ်အနေဖြင့် မြင့်တက်လာသောကာကွယ်ရေးဝါဒကို ရင်ဆိုင်ရန် နောက်ထပ်စီးပွားရေးတံခါး ထပ်ဖွင့်ရလိမ့် မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

မလေးရှား ဝန်ကြီးချုပ် မဟာသီယာကမူ အမေရိကန်ပြည်ထောင်စုသည် လူအများကို ခြိမ်းခြောက်ရန် စီးပွားရေးဖိအား သုံးသည့်ကိုလိုနီနယ်ချဲ့ဖြစ်ကြောင်း သတင်းထောက်များကို ထည့်သွင်းပြောခဲ့သည်။

၎င်း၏ မိန့်ခွန်းတွင် “ကုန်သွယ်ရေးကာကွယ်မှု တိုးမြင့်လာတာဟာ အမျိုးသားရေးလှုပ်ရှားမှုတွေကို ခေါင်းထောင်လာ စေပြီးတော့ ကိုယ့်ပြည်တွင်းရေးပဲ ကိုယ်ပြန်ကြည့် တဲ့မူဝါဒထွန်းကားလာစေပါ တယ်” ဟု အာဆီယံနိုင်ငံများအတွင်း ၌ပင်လျှင် ဖြစ်ပေါ်လာနိုင်သည့်အလားအလာကို မှန်းဆပြော ဆိုခဲ့သည်။

မဟာသီယာ၏ပြောဆိုချက်သည် အိမ်ရှင်စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ပြောကြားချက်ကို ထင်ဟပ်လိုက်ခြင်းလည်း ဖြစ်သည်။ ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် လီရှန်လွန်းက နိုင်ငံတကာအစီအစဉ်ဟာ တဆစ်ချိုးပြောင်း လဲနေပါပြီဟု ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီကာရှန်းကတော့ စင်ကာပူအစည်းအဝေးများတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်ဖြစ်သည့် ဒေသတွင်းနားလည်မှု စီးပွားရေးမိတ်ဖက်(RCEP)ကို ဝိုင်းဝန်းထောက် ခံ၍ ဝန်းရံကြရန် မျှော်လင့် နေသည်။

RCEP သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် ၁၆ နိုင်ငံတွင် အာဆီယံနိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့ ပါဝင်သော်လည်း အမေရိကန်ပြည်ထောင်စုက လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading