သတင်း

သက်ဆင်နှင့် တွေ့မည်ဆို၍ ဖုယာ့ထိုင်းပါတီဝင် တချို့ စောင့်ကြည့်ခံနေရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် စင်ကာပူနိုင်ငံတွင် တွေ့ဆုံရန်ရှိသည်ဟု သတင်းထွက်ပေါ် နေသော ဖုယာ့ပါတီ ဝင်များကို ထိုင်းရွေးကောက်ပွဲကော်မရှင်က အနီးကပ်စောင့်ကြည့်နေကြောင်း ကော်မရှင် အထွေထွေအတွင်းရေးမှူး ဂျရန်ဗစ် ဖုမားက ပြောသည်။

ဖု့ယာထိုင်း ပါတီရေးရာများတွင် သက်ဆင်ပါဝင်စွက်ဖက်ခွင့်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန် အပေးအယူ လုပ်ရမည့် ကာလတခုကို ကော်မရှင် အနေဖြင့် လိုအပ်ကြောင်း ရဲမှူး ဂျာရန်ဗစ်က ပြောကြားသည်။ ဖု့ယာထိုင်းပါတီသည် နိုင်ငံရေး ပါတီ များ လိုက်နာရမည့် မဲဆွယ်စည်းရုံးမှု ဥပဒေချိုးဖောက်သည်ဟူ သော စွဲချက်အပေါ် ကော်မရှင်၏ စုံစမ်းစစ်ဆေး မှုခံယူနေရ သည်။

အပြင်လူဖြစ်သော သက်ဆင်၏ ပြည်ပမှ ကြိုးကိုင်နေခြင်းကို ခွင့်ပြုမှုဖြင့် အစွပ်စွဲခံထားရပြီး ယင်း၏ အကျိုးဆက်အနေဖြင့် ဖု့ယာထိုင်း ပါတီဖျက်သိမ်းခံရနိုင်ပြီး၊ ပါတီကမူ စွပ်စွဲချက်ကို ငြင်းဆိုထား သည်။

အဆိုပါစုံစမ်းစစ်ဆေးမှုမှာ သက်ဆင်ထံမှ ဗီဒီယို call တခုဖြင့် ဖု့ယာထိုင်းပါတီဝင်များကို ပြီးခဲ့သည့် ဇွန်လက ဆက်သွယ် ခဲ့ခြင်းမှ အစပျိုးခဲ့ပြီး ၎င်းသည် ပြည်ပတွင် နေလင့်ကစား ပါတီကို ထိန်းချုပ် ထားဆဲဖြစ်သည်ဟု သံသယများ တိုးပွားလာ စေခဲ့သည်။

ဖု့ယာထိုင်း ပါတီကမူ ယင်းစုံစမ်းစစ်ဆေးမှုသည် မိမိတို့ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ခြင်းအပေါ် တားဆီးရန် နည်းဗျူဟာ တခုဖြစ်ကြောင်း တုံ့ပြန်သည်။

သက်ဆင်၏ သမီးဖြစ်သူ ကူနာကိုဝမ်က ဗုဒ္ဒဟူးနေ့က အင်စတာဂရမ်လူမှုကွန်ရက်ပေါ်သို့ သက်ဆင် ဓာတ်ပုံတပုံ လွှင့်တင်ခဲ့ပြီး သူမဖခင်မှာ လတ်တလော၌ ယူကရိန်းနိုင်ငံတွင် ရှိနေကြောင်း ဆိုသည်။

သက်ဆင်သည် ယခုသီတင်းပတ်အကုန်ပိုင်းတွင် စင်ကာပူသို့ လေကြောင်းဖြင့်လာရောက်ရန်ရှိနေပြီး ဖု့ယာထိုင်းနှင့် ထိုင်းရက်စာချက်ပါတီဝင်များနှင့် တွေ့ဆုံမည်ဟူသော သတင်းများထွက်ပေါ်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading