• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အောင်ရဲထွေးအမှု စွပ်စွဲခံရသူ ကျော်ဇောဟန် ပါဝင်မှု မရှိဟု တရားလိုပြ သက်သေ ထွက်ဆို

by ဇူးဇူး
20 November 2018
in သတင်း
A A
ဇန်နဝါရီလ ၁၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင ်ပြုလုပ်ခဲ့သည့် အမှုရုံးချိန်း  / ဧရာဝတီ

ဇန်နဝါရီလ ၁၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင ်ပြုလုပ်ခဲ့သည့် အမှုရုံးချိန်း / ဧရာဝတီ

14.6k
VIEWS
Share on FacebookShare on Twitter

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့် ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ)ကျော်ဇောတို့ ၃ ဦးအနက် ကျော်ဇောဟန်သည် ပါဝင်မှု မရှိ ကြောင်း တရားလိုပြ သက်သေ တဦးဖြစ်သည့် မအေးချမ်းမြင့်က ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။

နိုဝင်ဘာ ၂၀ ရက် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံး ရုံးချိန်းတွင် တရားလိုပြ သက်သေများ ဖြစ်သည့် ဦးထွန်းရီ (ခ) ဦးမောင်မောင်သိန်း (ကြီးပွားရေး ရပ်ကွက် ရာအိမ်မှူး)နှင့် မအေးချမ်းမြင့်တို့ နှစ်ဦးကို စစ်ဆေးရာ စွပ်စွဲခံရသူ ရှေ့နေ ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
0
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
13
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
19

မအေးချမ်းမြင့်၏ တရားခွင် အတွင်း ထွက်ဆိုချက်များ အရ ၎င်းသည် ကျော်ဇောဟန်နှင့် သမီးရည်းစားဖြစ်ပြီး အချိန် ကာလအားဖြင့် ၈ နှစ်ရှိပြီ ဖြစ်ကြောင်း၊ သားကြီးနှင့် အောင်လေးတို့ကို ကျော်ဇောဟန်နှင့် ပတ်သက်၍ သိရှိခြင်းဖြစ် ကြောင်း၊ အခင်းဖြစ်ပွားသည့် ညတွင် ကျော်ဇောဟန်နှင့် အတူ ရှိနေကြောင်း သိရသည်။

စွပ်စွဲခံရသူ အမှတ်(၃) တရားခံ ကျော်ဇောဟန်၏ အကျိုးဆောင်ရှေ့နေ ဦးချစ်ကိုကိုက “အောင်ရဲထွေးနှင့် ပြဿနာ ဖြစ်သော ကိစ္စတွင် ကျော်ဇောဟန် ပါဝင်မှု မရှိကြောင်းကို ထိုနေ့ ထိုအချိန်က အတူရှိနေခဲ့သူ ကျမကိုယ်တိုင် သိရှိ သည် ဆိုလျှင်” မေးမြန်းရာ မအေးချမ်းမြင့်က မှန်ကန်သည်ဟု ထွက်ဆိုခဲ့သည်။

မအေးချမ်းမြင့်သည် ကျော်ဇောဟန်နှင့်အတူ ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီမှ ၂၀၁၈ ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီကျော်ထိ အတူရှိနေကြောင်း၊ အောင်ရဲထွေး အမှုနှင့် ပတ်သက်၍ ၎င်းအား ရဲမှ သက်သေအဖြစ် ခေါ်ယူစစ်ဆေး စဉ်ကလည်း ကျော်ဇောဟန် ပါဝင် ပတ်သက်မှု မရှိကြောင်း ရဲအား ပြောပြခဲ့သည်ဟုလည်း မအေးချမ်းမြင့်က ပြော သည်။

ဆက်လက်၍ ဦးချစ်ကိုကိုက “ကျော်ဇောဟန်နဲ့ အောင်ရဲထွေးတို့ ယခင်က သိရှိမှု မရှိသည့် အပြင် ရန်ငြိုးရန်စ တစုံတ ရာလည်း မရှိဟုဆိုလျှင် ဟု မေးရာတွင်လည်း မအေးချမ်းမြင့်က “မှန်ပါသည်” ဟု ထွက်ဆိုခဲ့ပြီး ၎င်းနှင့် ကျော်ဇောဟန် သမီးရည်းစား ၈ နှစ် ကာလအတွင်း တစုံတဦးနှင့် ခိုက်ရန် ဖြစ်ပွားခြင်း၊ ပြဿနာ ဖြစ်ခြင်းလည်း မရှိဟု ဆိုသည်။

ဥပဒေ အရာရှိက မအေးချမ်းမြင့်အား စစ်ဆေးသည့် အဓိက ထွက်ဆိုချက်တွင်လည်း ၎င်းနှင့် ကျော်ဇောဟန်တို့သည် The One Entertainment Park ၌ ပြုလုပ်သည့် Space ပါတီပွဲသို့ သွားရောက်ကာ သားကြီး၊ အောင်လေး အပါအဝင် သူငယ်ချင်းများနှင့်အတူ ကခုန်ခဲ့ကြသော်လည်း အခင်းဖြစ်ပွားသည့် VVIP စင်ပေါ်သို့ နောက်မှ ရောက်သွားခြင်းဖြစ် ကြောင်း တွေ့ရသည်။

မအေးချမ်းမြင့်က “ကျမတို့ တက်သွားပြီးနောက် VVIP စင်ပေါ်တွင် ပြဿနာဖြစ် ရုန်းရင်းဆန်ခတ် သဘောမျိုးဖြစ်နေ ၍ ကျော်ဇောဟန်မှ ကျမ၏လက်ကို ဆွဲ၍ အောက်သို့ ပြန်ဆင်းလာခဲ့ပါသည်။ သားကြီးနှင့် အောင်လေးတို့ မည်သည့် နေရာတွင် ရောက်ရှိနေကြောင်းကို မသိပါ” ဟု ထွက်ဆိုထားသည်။

ထို့နောက် ၎င်းနှင့် ကျော်ဇောဟန်တို့က သူငယ်ချင်းများကို အပြင်ဘက် ကားပါကင်တွင် စောင့်နေခဲ့ကြောင်း၊ အခင်း ဖြစ်ကိစ္စများနှင့် ပတ်သက်၍ ၁ ရက်၊ ၂ ရက်ကြာ လူမှုကွန်ရက် စာမျက်နှာတွင် တက်လာ၍ သိရကြောင်း ၎င်းက ဆို သည်။

ယင်းကဲ့သို့ မအေးချမ်းမြင့်၏ တရားရုံးရှေ့ ထွက်ဆိုချက်သည် ရဲထံ ထွက်ဆိုချက်နှင့် ကွဲလွဲနေသည်ဆိုကာ ဥပဒေ အရာရှိက တိုက်ဆိုင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ မအေးချမ်းမြင့်က ရုံးရှေ့ ထွက်ဆိုချက်သည်သာ အမှန်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။

မအေးချမ်းမြင့်၏ ရဲထံထွက်ချက်အရ ဆိုလျှင် အခင်းဖြစ်ညက ရန်ဖြစ်နေသည်ကို တွေ့ရသဖြင့် ကြည့်ရာ ကျော်ဇော ဟန်၊ သားကြီး၊ အောင်လေးတို့ ၃ ဦးမှ အောင်ရဲထွေး ဆိုသူနှင့် စကားများ ရန်ဖြစ်နေကြသည်ကို တွေ့ရကြောင်း၊ သား ကြီးနှင့် အောင်လေးတို့သည် အောင်ရဲထွေးတို့အား ဝိုင်းဝန်းထိုးကြိတ်နေကြပြီး ကျော်ဇောဟန်မှာလည်း ၁ ချက် ထိုး လိုက်သည်ကို မြင်တွေ့ခဲ့ရသည်ဟု ထွက်ဆိုထားသည်ကို တွေ့ရပြီး မအေးချမ်းမြင့်ကမူ ယင်းသို့ ထွက်ဆိုခဲ့ခြင်းမရှိ ကြောင်း ယနေ့ ရုံးချိန်း တရားခွင်တွင် ငြင်းဆိုသည်။

အောင်ရဲထွေး အမှုတွင် တရားလိုပြ သက်သေ ၂၂ ဦး တင်သွင်းထားသည့် အနက် ယခုအခါ တရားလို ကိုသန့်ဇင်ဦး (အောင်ရဲထွေး အစ်ကို) အပါအဝင် ၁၃ ဦးကို စစ်ဆေးပြီးဖြစ်ရာ လာမည့် နိုဝင်ဘာ ၂၇ ရက် ရုံးချိန်းတွင် ကျန်ရှိသက် သေများထဲမှ ၃ ဦးကို ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲ ထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်ညပိုင်း The One Entertainment Park ၌ ပြုလုပ်သော နှစ်သစ်ကူးပွဲတွင် လူတ စုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

Your Thoughts …
Tags: အောင်ရဲထွေး အမှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

အောင်ရဲထွေး အမှု ဇန်နဝါရီလ ၅ ရက်က ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ်  / ဧရာဝတီ

အောင်ရဲထွေး ရည်းစား၏တရားရုံးနှင့် ရဲထံ ထွက်ဆိုချက်များ ကွဲလွဲမှုရှိ

by ဇူးဇူး
6 November 2018
22.2k

တရားလိုပြသက်သေ တဦးဖြစ်သည့် သေဆုံးသူ၏ ရည်းစား ဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ တရားရုံး ရှေ့ ထွက်ဆိုချက်များနှင့် ရဲထံ ထွက်ဆိုချက်များ ကွဲလွဲမှု ရှိနေကြောင်း

သရုပ်ဆောင် အောင်ရဲထွေး သတ်မှုဖြင့် ရုံးထုတ်လာမှု မြင်ကွင်း  /  ဧရာဝတီ

အောင်ရဲထွေး အမှု စွပ်စွဲခံရသူ တဦးက သမ္မတထံ အသနားခံစာ ပို့ထားရာ အကြောင်းမပြန်သေး

by ဇူးဇူး
27 February 2019
16.9k

လူသတ်မှုဖြင့် စွဲချက် တင်ခံထားရသည့် စွပ်စွဲခံရသူ အမှတ် (၃) ကျော်ဇောဟန်(ခ) ကျော်ဇော၏ မိဘများ က နိုင်ငံတော် သမ္မတထံ အသနားခံစာ ပေးပို့ခဲ့သော်လည်း ၁ လကျော်သည့်တိုင် တစုံတရာ အကြောင်းပြန်မှု မရရှိသေး ကြောင်း

ဇန်နဝါရီ လဆန်းတွင် အောင်ရဲထွေး အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇော  /  Yangon Police  / Facebook

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှု ရုပ်သိမ်းခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်

by ဇူးဇူး
26 July 2018
19.3k

နှစ်သစ်ကူးညမှာ လူသိရှင်ကြား ဟိုးလေးတကြော်နဲ့ လူအများ မြင်ကွင်းမှာ ကြမ်းကြုတ်စွာ နင်းခြေသတ်ဖြတ် ခဲ့တဲ့ အမှု။ ဒီလို အမှုမျိုးကို နိုင်ငံတော် သမ္မတကြီး တရားလွှတ်တော် ရှေ့နေဦးဝင်းမြင့် လက်ထက်မှာ တရားဥပဒေ စိုးမိုး ရေးလို့ တဖွဖွ...

အောင်ရဲထွေး အသတ်ခံရမှုတွင် တရားခံအဖြစ် သံသယရှိသူများအား ဇန်နဝါရီလ ၁၈ ရက်က သင်္ဃန်းကျွန်း တရားရုံးတွင် ကြားနာစစ်ဆေးရန် ရုံးထုတ်လာစဉ်  / ဧရာဝတီ

အောင်ရဲထွေး အမှု အစမှ ပြန်လည် စစ်ဆေးမည်

by ဇူးဇူး
9 October 2018
9.3k

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်း ခရိုင် တရားရုံးတွင် အစမှ ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း

အောင်ရဲထွေး အမှု ဇန်နဝါရီလ ၅ ရက်က ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ်  / ဧရာဝတီ

အောင်ရဲထွေး အမှု တရားလိုပြ သက်သေ ထွက်ချက်များ ကွဲလွဲမှု ရှိ

by ဇူးဇူး
27 November 2018
17.3k

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးလျက်ရှိ ရာ တရားလိုပြ သက်သေတချို့၏ တရားရုံးရှေ့ ထွက်ဆိုချက်များ ကွဲလွဲမှု ရှိနေကြောင်း

အောင်ရဲထွေး အမှု ရုံးထုတ်မြင်ကွင်း  / မျိုးမင်းစိုး / ဧရာဝတီ

အောင်ရဲထွေး အမှု ကိုယ်တိုင်မြင်တွေ့ ကြားသိခြင်း မရှိဟု တရားလိုပြ သက်သေ ထွက်ဆို

by ဇူးဇူး
13 November 2018
26.1k

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ တဦးဖြစ်သည့် ကိုရဲမင်းအောင် က အမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်မြင်တွေ့ ကြားသိခြင်း မရှိကြောင်း

Next Post
သရုပေ်ဆာင် ယွန်းယွန်း   / Yoon Yoon's Facebook

ထပ်နေတဲ့ ဇာတ်လမ်းမျိုးတွေ မရိုက်ချင်တဲ့ သရုပ်ဆောင် ယွန်းယွန်း

Android စမတ်ဖုန်း X5-Touch

ကမ္ဘာ့ပထမဆုံး Android ဂြိုလ်တုဖုန်း ထွက်ရှိ

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate