ပါကစ္စတန်နိုင်ငံ ကရာချိမြို့ သံတမန်ရပ်ကွက်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် နိုဝင်ဘာလ ၂၃ ရက်နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမား ၃ ဦးနှင့် ရဲ ၂ဦးသေဆုံးခဲ့သည်။
အကြမ်းဖက်သမား ၃ ဦး သို့မဟုတ် ၄ဦးခန့်သည် မော်တော်ယာဉ်တစင်းဖြင့် အဆိုပါ ရပ်ကွက်သို့ ရောက်ရှိခဲ့ပြီး ယင်းနေရာတဝိုက် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်အား လက်ပစ်ဗုံးဖြင့် စတင်ပစ် ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အလားတူ မရှေးမနှောင်းမှာပါ ပါကစ္စတန် မြောက်ပိုင်း လူစည်ကားရာ ဈေးရုံတရုံတွင် အသေခံဗုံးခွဲမှု ထပ်မံဖြစ်ပွားသည့် အတွက် ၂၅ဦး သေဆုံးသွားကြောင်း သိရသည်။
နိုင်ငံမြောက်ပိုင်း အိုရက်ဇိုင်းခရိုင်၊ ကလာယာမြို့ရှိ ဈေးအတွင်းသို့ မော်တော်ဆိုင်ကယ် စီးနင်းဝင်လာ သူက ဈေးလယ် ခေါင်အရောက်တွင် အသေခံဗုံးခွဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဈေးမှာ တပတ်တရက်ဈေးဖြစ်ပြီး လူစည် ကားချိန် သောကြာနေ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ယနေ့ညနေပိုင်းတွင် ပါကစ္စတန်အာဏာပိုင်များက အာဖဂန်နစ္စတန်နယ်စပ်ဘက်သို့ လုံခြုံရေးတိုး မြှင့်ထားပြီး ကင်းလှည့် စောင့်ကြပ်မှုများ အရေးပေါ်ထုတ်ပြန်ထားသည်။ နံနက်ပိုင်းက သေနတ် သမားများ ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ရာ ကရာချိမြို့တွင် လည်း အရေးပေါ်သတိပေးချက်များ ကြေညာထားသည်။