သတင်း

ပြင်ဦးလွင် ပန်းပွဲတော်၌ ပန်းအစစ် ၉၀ ရာခိုင်နှုန်း ထည့်သွင်း ပြသမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ပန်းပွဲတော်တွင် ပန်းအစစ် ၉၀ ရာခိုင်နှုန်း ထည့်သွင်း ပြသပေး သွားမည်ဟု အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှ သိရသည်။

အမျိုးသား ကန်တော်ကြီး ဥယျာဉ် စီမံကိန်း ဒါရိုက်တာ ဦးဝေမျိုးအောင်က “အရင်နှစ်တွေက ပန်း အတု ပါဝင်မှုနှုန်းက တော်တော် များခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံခြားမျိုးတွေ အပါအဝင် ပြည်တွင်း မျိုးတွေကိုပါ စိုက်ပျိုးပြီး ပန်းအစစ်ရဲ့ အရ သာကို ပြည့်ပြည့်ဝဝ ခံစားလို့ရအောင် ဖန်တီးပေးခဲ့ပါ တယ်။ ဒါကြောင့် ပန်းအတု ပါဝင်မှုနှုန်းကို အတတ်နိုင်ဆုံး လျှော့ချ ပေးထားပါတယ်။ ဒီနှစ်ဆိုရင် ပန်းအတု ၁၀ ရာခိုင်နှုန်းပဲ ပါဝင်မှာပါ” ဟု ပြောသည်။

၁၃ ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ထိ ကျင်းပမည် ဖြစ်ကာ ထိုင်းနှင့် ဂျပန် ပန်းပညာရှင်များဖြင့် ပူးပေါင်းကာ ယခင်နှစ်များနှင့် မတူစေရန် ထူးထူးခြားခြား လုပ်ဆောင်သွားမည်ဟု သိရသည်။

“ကျနော်တို့ရဲ့ပန်းပွဲတော်မှာလည်း အရင်နှစ်တွေထက် ရောင်စုံပန်းတွေနဲ့ ပိုမို လှပသာယာအောင် လုပ် ထားတယ်။ ပန်း အရုပ်တွေ အပြင် ပန်းပျိုးပင် မျိုးစိတ်တွေ ပိုစုံအောင်လည်း လုပ်ထားပါတယ်။ ပွဲတော်ချိန်မှာ လာရောက် အပန်းဖြေသူတွေ လုံခြုံရေး၊ လွယ်ကူစွာ သွားလာကြည့်ရှု အပန်းဖြေနိုင်ရေး အတွက်လည်း လုပ်ဆောင်ပေးထားပါတယ်”ဟု ဦးဝေမျိုးအောင် က ဆိုသည်။

၁၂ ကြိမ်မြောက် ပန်းပွဲတော်၌ ပန်းအတု ၃၀ ရာခိုင်နှုန်း ပါဝင်၍ တရုတ်နှင့် ထိုင်းနိုင်ငံများမှ မှာယူ တင်သွင်း စိုက်ပျိုးသည့် ပန်း အမျိုးအစား ၄၈ မျိုး၊ အရောင်ကွဲ ပန်းပင်ပေါင်း ၁၅၃၀၀၀ ကျော် ပါဝင် ပြသခဲ့သည်။

ယခုနှစ်တွင် ပန်းပင်၂ သိန်းကျော် ပါဝင် ပြသမည် ဖြစ်ကာ ပန်းများဖြင့် ပုံဖော်ထားသော ရုပ်လုံး ရုပ်ကြွများ၊ ကျားပါးစပ်၊ ဒေါင်းမြီးကွက်၊ တိုးနယား၊ ကြက်မောက်၊ ကျောက်ချဉ်၊ ပန်းဂေါ်ဖီ၊ ဇော်မွှား၊ ပင်စိမ်းနီ၊ စတော့၊ ဂျပန်ဒါန်း၊ ရွှေတဆုပ်၊ ပေါက်ပေါက်ဆုပ်၊ ချစ်တီး၊ နှဲပန်း၊ ကြွေပန်း စသော ပြည်တွင်း၊ ပြည်ပ ပန်းအမျိုးအစား ၆၀ ကျော် ပြသသွားမည် ဖြစ်သလို သစ်ခွ အလှပြိုင်ပွဲကိုလည်း ကျင်းပသွားမည်ဟု သိရသည်။

ပန်းပွဲတော် အတွက် သြဂုတ်လလောက်မှ စ၍ မျိုးစေ့များ မှာယူပြီး အောက်တိုဘာလတွင် စတင် စိုက်ပျိုးခြင်း ဖြစ်သည်။

ယခင်နှစ် ပန်းပွဲတော် ကာလ အတွင်းက ပြည်တွင်း၊ ပြည်ပ ဧည့်သည် ၃ သိန်း ၆ သောင်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ် တွင် ဧည့်သည် ပိုမိုဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဦးဝေမျိုးအောင်က ပြောဆိုသည်။

ပွဲတော် လုံခြုံရေး အတွက် လုံခြုံရေး အင်အား ၆၀ ခန့် ချထားပေးမည် ဖြစ်သလို ကမ္ဘာလှည့် ခရီးသွား တပ်ဖွဲ့ (Tourist Police) ၆ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အပြင် CCTV ကင်မရာ အလုံး ၄၀ ကိုလည်း တပ်ဆင်သွားမည် ဟု ၎င်းက ဆိုသည်။

ပြင်ဦးလွင် ဒေသခံ ကိုလွမ်းနောင် က“ပန်းပွဲတော်က တနှစ်ထက် တနှစ် ပိုပြီး စည်ကားလာတော့ လုံခြုံရေး အပိုင်းကို ပိုပြီး ဂရုစိုက်စေချင်တယ်။ နောက် ပန်းမျိုး စိတ်အသစ်တွေကိုလည်း များများ ပါဝင်စေချင်တယ်။ ဒီပွဲတော်ဟာ ယဉ်ကျေးမှု ပွဲတော်လည်း ဖြစ်နေတဲ့ အပြင် ဒေသ ထွက်ကုန် ပစ္စည်းတွေကို မိတ်ဆက်ပေးတဲ့ ပွဲတော်ပါ ဖြစ်နေတဲ့ အတွက် လူမှုစီးပွား အတွက်ပါ အကျိုးရှိပါတယ်” ဟု ပြောသည်။

ပန်းပွဲတော်၌ ပန်းမျိုးစုံ ပြသထားမည့် အပြင် လိပ်ပြာ ပြတိုက်၊ အင်ကြင်း ပြတိုက်၊ ရုပ်ကြွင်း ပြတိုက်၊ သစ်ခွ ဥယျာဉ်နှင့် ဒေ သ ထွက်ကုန်များဖြစ်သည့် ဆွယ်တာ အထည်များ၊ လက်မှု ပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ ရောင်းချပေးသည့် ဈေး ရောင်းပွဲတော်ကိုလည်း ထည့်သွင်း သွားမည် ဖြစ်ပြီး ဂီတ ဖျော်ဖြေပွဲများကိုလည်း ကျင်းပရန် စီစဉ်ထားကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading