ထောင်နှင့်ချီသော ရွှေ့ပြောင်းလာသူများက မက္ကစီကိုမြို့ တီဂျူအာနာ၏ ခြံစည်းရိုးကို ချိုးဖောက်ရန် ကြိုးစားကြပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ ်တောင်ပိုင်းရှိ နယ်စပ်ကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက ကြေညာသည်။
ကယ်လီဖိုးနီးယား၊ ဆန်ဒီယေဂိုမြို့ရှိ အမေရိကန်အကောက်ခွန်နှင့်နယ်စပ်လုံခြုံရေး(CBP)က တွီတာ လူမှုကွန်ရက်တွင် ကြေညာရာတွင် နယ်စပ်မှလူများ ဖြတ်ကျော်ဝင်ရောက်မလာမီ ဆန်စီဒရိုနယ်စပ် စခန်းများရှိ ယာဉ်အသွားအလာ လမ်း ကြောင်းများကို မြောက်ဘက်ရော တောင်ဘက်တွင်ပါ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဆိုသည်။
“တကယ်လို့ ထိန်းလို့မရတော့တာ (ဒါမှမဟုတ်) လူတွေက နယ်စပ်ခြံစည်းရိုး ချိုးဖောက်ပြီး ဝင်လာ တာမျိုးဖြစ်ရင် မက္ကစီကို နယ်စပ်တလျှောက်လုံးကို ပိတ်ပစ်မှာဖြစ်ပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောကြားလိုက်ပြီး နောက် အထက်ပါအတိုင်း နယ်စပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
တနင်္ဂနွေနေ့က တွီတာလူမှုကွန်ရက် ပေါ်တက်လာသည့် ဗီဒီယိုမှတ်တမ်းများအရ ရွှေ့ပြောင်းလာသူ အများအပြားသည် နယ်စပ်ရှိ ကွန်ကရစ ်ရေပြွန်တခုမှနေ၍ ဖြတ်သန်းဝင်ရောက်ရန် စုပြုံတိုးဝှေ့ နေသည်ကို မြင်တွေ့ရပြီး၊ ကလေးများနှင့် အမျိုးသမီးများ အပါအဝင် ၎င်းတို့အထဲမှ အနည်းဆုံး လူ ၅၀၀ သည် နယ်စပ်ရှိ ပထမသတ္တုတံတိုင်းကို ကျော်နိုင်ရန် မကြိုးစားမီ တီဂျူအာနာမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။
မက္ကစီကိုဘက်ခြမ်း ဘာဟာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တီယူအာနာမြို့တွင် ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် ရွှေ့ ပြောင်းသမားများသည် အမေရိကန်နယ်စပ်ထိန်းချုပ်ရေးတပ်များက မောင်းထုတ် နေစဉ် အတွင်း နယ်စပ်ဖြတ်ကျော်ရန် လူအင်အားအလုံးအရင်းဖြင့် ကြိုးစားနေပြီး ၊ အမေရိကန်နယ် စပ်ထိန်းချုပ်ရေးတပ်ဖွဲ့ က ရာဘာကျည်ဆန်များဖြင့် ခြောက်လှန့်ပစ်ခတ်သဖြင့် နောက်ပြန်ဆုတ်ပြေး လာသော ရွှေ့ပြောင်းသမား လူအုပ်ကြီးကို တွေ့ရသည်။
သို့ရာတွင် နယ်စပ်ဖြတ်ကျော်ရေးမအောင်မြင်သော အဆိုပါအုပ်စု သည် နယ်စပ်ထိန်းချုပ်တပ်ဖွဲ့များ အလစ်ကို စောင့်ဆိုင်း၍ အတင်းအဓမ္မဝင်ရောက်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
အခြားဗီဒီယိုဖိုင်တခုတွင်လည်း အမေရိကန်နိုင်ငံဘက်ခြမ်းမှ မျက်ရည်ယိုဗုံးခွဲ၍ လူစုခွဲသည့်ပုံရိပ်များ တွေ့ခဲ့ရသည်။
အဆိုပါလူအုပ်ကြီးသည် အမေရိကန်ပိုင်နက်ထဲဝင်ရောက်၍ ရာဇဝတ်မှုများနှင့်အကြမ်းဖက်မှုများ ကျူးလွန်နိုင်ကြောင်း သမ္မတ ထရမ့်က အကြိမ်ကြိမ်သတိပေးပြောကြားခဲ့ပြီး ၎င်းတို့အပေါ် တစုံ တရာအထောက်အပံ့မပေးရန် မှာကြားထား သည်။
အမေရိကန်အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေး(CBP) အထောက်အကူရစေရန်အတွက် အမေရိကန် တပ်အင်အား ၉ထောင်ကို လည်း ထရမ့်က နယ်စပ်တလျှောက် ဖြန့်ကြက်နေရာယူစေခဲ့သည်။