• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘောလီဝုဒ်စတား အမီတာဘဂျမ်း လယ်သမား ၁ထောင်ကျော်၏ ကြွေးမြီများကို ရှင်းပေး

by ဧရာဝတီ
28 November 2018
in သတင်း
A A
ဘောလီဝုဒ် မင်းသားကြီး အမီတာဘဂျမ်း / CNN

ဘောလီဝုဒ် မင်းသားကြီး အမီတာဘဂျမ်း / CNN

6.9k
VIEWS
Share on FacebookShare on Twitter

စိုက်ပျိုးရေး အကျပ်အတည်းကြောင့် ဆင်းရဲတွင်းနက်နေသော အိန္ဒိယ ကျေးလက်နေ လယ်သမားများ တင်ရှိနေသည့် ကြွေးမြီ ဒေါ်လာ ၅၆၀၀၀၀ ကျော်ကို ဘောလီဝုဒ် စူပါစတား အမီတာဘဂျမ်းက ရှင်း ပေးခဲ့သည်ဟု CNN သတင်းကဆိုသည်။

အွန်လိုင်းပေါ်ရှိ ဘလော့ပို့စ်တခုအရ အမီတာဘဂျမ်းသည် ၎င်း၏ ဇာတိဖြစ်သည့် အိန္ဒိယမြောက်ပိုင်း ဥတာပရာဒေ့ရှ် ပြည်နယ်မှ လယ်သမား ၁၃၉၈ ဦးအတွက် စောင့်ရှောက်ကူညီသည့်အနေဖြင့် ကြွေးမြီ ကို စိုက်ဆပ်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
103
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
118
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
34

“လယ်သမားတွေ ဆက်ပြီး ဆင်းရဲပင်ပန်းနေစေမယ့် အကြွေးဝန်ထုပ်ဝန်ပိုးကို ဆပ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုဆန္ဒပြည့်ဝသွားတဲ့ အတွက် ကျနော့်စိတ်ထဲမှာ ငြိမ်းချမ်းရပါတယ်” ဟု အမီတာဘဂျမ်းက ရေးသားသည်။

အိန္ဒိယလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးကဏ္ဍတွင် မှီခိုနေရပြီး ယင်းကဏ္ဍသည် တိုင်းပြည်၏ အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) ၏ ၁၈ ရာခိုင်နှုန်းရှိသည်။

မကြာသေးမီနှစ်များက အိန္ဒိယ လယ်သမားများသည် မုတ်သုန်ရာသီသီးနှံများ ပျက်စီးခြင်း၊ လောင်စာ ဆီ ဈေးတက်ခြင်းနှင့် အစိုးရက ထောက်ပံ့မှု မရှိခြင်းတို့ကြောင့် ဒုက္ခရောက်နေသည်ဟု ဆိုသည်။

ယင်းအကျိုးဆက်အဖြစ် ထောင်နှင့်ချီသော လယ်သမားများမှာ အကြွေးနွံထဲ နစ်လာကြသည်။ အိန္ဒိယ နိုင်ငံတဝန်းရှိ လယ် သမားပေါင်း ၁၁၇၇၂ ဦးမှာ ၂၀၁၃ ခုနှစ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြ ကြောင်း အစိုးရ အချက်အလက်များအရ သိရသည်။ မကြာသေးမီက ရရှိသော အချက်အလက်များ အရ နေ့စဉ် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၄၄ မှုရှိသည်ဟု ဆိုသည်။

အမျိုးသားရေး အဖွဲ့အစည်းတခုကို ဖော်ညွှန်းထားသော အမီတာဘဂျမ်း၏ Big B ရုပ်ရှင်ဇာတ်ကား သည် အိန္ဒိယနိုင်ငံ တဝန်းတွင် အထူးအောင်မြင်ခဲ့သည်။ အမီတာဘဂျမ်းသည် ဇာတ်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

အိန္ဒိယအသွင်ပြောင်း ရိုက်ကူးခဲ့သည့် Who Wants to Be a Millionaire တွင်လည်း အမီတာဘဂျမ်း ပါဝင် သရုပ် ဆောင်ခဲ့ပြီးနောက် ဥတာပရာဒေ့ရှ် ပြည်နယ်ရှိ လယ်သမားကို ကူညီလိုသည့် ရည်ရွယ် ချက်ကို မကြာသေးမီက ထုတ်ဖော်ပြောကြား လာခဲ့သည်။

“မကြာခင်ကပဲ မဟာအက်ထရာမှာ လယ်သမား ၃၆၀ လောက်အတွက် ဘဏ်ကို ကျနော် အကြွေး ဆပ်ပေးခဲ့ပါတယ်။ ကျနော့်ရဲ့ နောက်တဆင့် ခြေလှမ်းကတော့ အူတာပရာဒတ်က လယ်သမား ၈၅၀ ကို အကြွေး ရှင်းပေးတာ ဖြစ်ပါတယ်” ဟု အမီတာ ဘဂျမ်းက ရုပ်သံစကားဝိုင်း အစီအစဉ်တခုတွင် ပြောပြသည်။

“ကျနော်တို့ လယ်သမားတွေရဲ့ ဆင်းရဲဒုက္ခကို နားလည်ပေးကြဖို့ ပြည်သူတွေကိုလည်း ကျနော့်အနေနဲ့ တိုက်တွန်းပါ တယ်။ သူတို့တတွေမှာ ဒုက္ခပင်လယ် ဝေနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပုံကြီးချဲ့ မပြော ချင်ပေမယ့် အခြေခံလိုအပ်ချက်တွေ ရှိနေတဲ့ ကျနော်တို့ လယ်သမားကို လူတိုင်းက ကူညီကြစေချင် တာ ကျနော့်ဆန္ဒပါ” ဟု သူက ဖြည့်စွက် ပြောသည်။

၂၀၁၆ ခုနှစ်၌ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍကို ၂၀၂၂ ခုနှစ် အရောက်တွင် လယ်သမားများ ဝင်ငွေ နှစ်ဆတက်လာစေခြင်းဖြင့် မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။

Your Thoughts …
Tags: ကြွေးမြီရှင်းပေးဘောလီဝုဒ်စတားလယ်သမား၁၃၉၈ဦးအမီတာဘဂျမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းသား လီယိုနာဒို ဒီကာပရီယိုနဲ့ အမီတာ ဘဂျမ်း

အမီတာဘဂျမ်းနဲ့အတူ အလုပ်လုပ်ဖူးတဲ့အကြောင်း ပြောပြတဲ့ မင်းသား လီယိုနာဒို

by မစ်ကီ
11 November 2020
8.9k

မင်းသားကြီး အမီတာကလည်း ၂၀၁၇ ခုနှစ်တုန်းကဆိုရှယ်မီဒီယာ ပို့တခုမှာ ကိန်းရုပ်ရှင်ပွဲတော်က အထူးပွဲ ပြသမှုအကြောင်း ပြောပြခဲ့ပါတယ်။

COVID-19 ကြောင့် ဘောလိဝုဒ်မှာလည်း ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အသက် ၆၅ နှစ်နှင့်အထက် ဘောလိဝုဒ် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးခွင့် ပြန်ရရှိ

by မစ်ကီ
10 August 2020
3.4k

ရုပ်ရှင်ရိုက်ကွင်းတွေမှာ အသက်ကြီးတဲ့သူတွေ ရှိနေမှုကို ကန့်သတ်မယ့် COVID-19 ဆိုင်ရာ ကန့်သတ်ချက်တွေကို အိန္ဒိယတရားရုံးတခုက ပြင်ဆင် သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသားကြီး အမီတာဘဂျမ်း

ရုပ်ရှင်အသစ်အတွက် အနှုတ် ၃၃ ဒီဂရီအောက်မှာ အလုပ်လုပ်ခဲ့ရတဲ့ အမီတာဘဂျမ်း

by မစ်ကီ
7 January 2021
3.5k

"တနေ့လုံး အလုပ်လုပ်ခဲ့ရပြီး Ladakh မြို့ကို ပြန်လာခဲ့ရပါတယ်။ အနှုတ် ၃၃ ဒီဂရီအောက်မှာပေါ့။ မျက်ရည်ကျလုမတတ် အေးခဲလွန်းပါတယ်" လို့ ဓာတ်ပုံတပုံနဲ့အတူ သူ့ရဲ့ ဘလော့မှာတင်ခဲ့တာ ဖြစ်ပါတယ်။

မင်းသားကြီး အမီတာဘဂျမ်း 

မင်းသားကြီး အမီတာဘဂျမ်း COVID-19 ကူးစက်ခံရ

by မစ်ကီ
12 July 2020
6.7k

ဆေးရုံမှာ ရှိနေတဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ မင်းသားကြီးဟာ အသက်ရှုရ ခက်ခဲမှုနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

သားဖြစ်သူ အဘီရှပ်နဲ့ မင်းသားကြီး အမီတာဘဂျမ်း

အနုပညာသက်တမ်း နှစ် ၅၀ ပြည့်သွားပြီဖြစ်တဲ့ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း

by မစ်ကီ
15 February 2019
8.1k

မင်းသားကြီး အမီတာရဲ့ သမီး ရွှေတာနန္ဒာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဖခင်ကို ဂုဏ်ပြုစကားပြောတဲ့ GIF ဖိုင်တခုကို တင်ခဲ့ပါသေးတယ်။

မင်းသားအမီတာဘဂျမ်းနဲ့  ဂျက်ကီချန်းတို့နှစ်ဦး

မင်းသားကြီး အမီတာဘဂျမ်းနဲ့ မင်းသား ဂျက်ကီချန်းတို့ ပါဝင်တဲ့ ‘Aankhen 2 ‘ ရုပ်ရှင်

by မစ်ကီ
27 August 2018
8.8k

မင်းသားကြီး ဘဂျမ်းအပြင် ကောလာဟလသတင်းတွေအရ အဲဒီရုပ်ရှင်မှာ “Raabta” ရုပ်ရှင်မင်းသား Sushant Singh Rajput နဲ့ “Sanju” ရုပ်ရှင်မင်းသား Vicky Kaushal. တို့လည်း ပါဝင်လာကြမယ်လို့ ဆိုပါတယ်။

Next Post
မသီတာအောင် / မယ်လွန်း / HI

ထီးလိုမိုးတဲ့ သမီးကြီး

အမှန်စင်စစ်အားဖြင့် ရာဇဝတ်ဆိုင်ရာ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခြင်းသည် တရားမျှတမှု ရရှိရေးအတွက် လက်နက်ကိရိယာ တခုမျှသာဖြစ်ပြီး နစ်နာဆုံးရှုံးရမှုများကို အကုန်အစင် အဖတ်ဆယ်ပေးနိုင်မည် မဟုတ်ပေ /  Asia Times

တရားမျှတမှုသို့ ဦးတည်သည့် ဥပဒေဆိုင်ရာ လမ်းကြောင်း ပေါ်ထွက်ခြင်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate