သတင်း

ကပ္ပလီကျွန်းစု၌ အသတ်ခံရသည့် အမေရိကန်၏ ရုပ်အလောင်း ပြန်ဖော်ခြင်း လူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယသမုဒ္ဒရာ ကပ္ပလီပင်လယ်ပြင်ရှိ ကျွန်းစုများမှ စန်တီကျွန်းသို့ ဝင်ရောက်စဉ် မျိုးနွယ်စု၏ သတ်ဖြတ်ခြင်း ခံရသည့် အမေရိကန် ခရစ်ယာန်သာသနာပြု ဂျွန်အလန်ချူး၏ ရုပ်အလောင်းကို ပြန်လည်ဖော်ထုတ်မည့် အစီအစဉ်အား ဖျက်သိမ်းရန် အိန္ဒိယရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးအဖွဲ့တဖွဲ့က တိုက်တွန်းလိုက်သည်။

အသက် ၂၆ နှစ်ရှိ ဂျွန်အလန်ချူးမှာ ဘင်္ဂလားပင်လယ်အော်အတွင်း ကပ္ပလီပင်လယ်နှင့် နီကိုဘား ကျွန်းစသည့် အိန္ဒိယ ကျွန်းစုအစိတ်အပိုင်းပါဝင်သည့် မြောက်ပိုင်းစန်တီနယ်ကျွန်းဆီသို့ ခရစ်ယာန် သာသနာပြုရန် သွားရောက် ခဲ့ပြီး နောက် ယခင်ရက်သတ္တပတ်က သတ်ဖြတ်ခံခဲ့ရသည်ဟု ယုံကြည် ရသည်။

၎င်း၏ရုပ်အလောင်းကို ပြန်လည်ဖော်ထုတ်သည့် အစီအစဉ် ဖြစ်မြောက်ရန် အိန္ဒိယရဲများက မနုဿ ဗေဒပညာရှင်များ၊ စိတ် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အရာရှိတဦးက တနင်္လာနေ့တွင် ပြောသည်။

သို့ရာတွင် ဌာနတိုင်းရင်းသားမျိုးနွယ်စုများ အခွင့်အရေးအတွက် လှုပ်ရှားနေသည့် Survival International အဖွဲ့ က ပြော ကြားရာ၌ ယင်းသို့ ရုပ်အလောင်းဖော်ရန်ကြိုးစားမှုသည် အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် ကျွန်းသားမျိုးနွယ်စုများ အတွက် ပါ အန္တရာယ်ရှိကြောင်း၊ ယင်းကျွန်းသားမျိုးနွယ် စုသည် ၎င်းတို့ပြင်ပမှ ကူးစက်ရောဂါ စတင်ဝင်လျှင် သုတ်သင်တတ်ကြောင်း ဆိုသည်။

“သေစေနိုင်တဲ့ တုပ်ကွေး၊ ဝက်သက် (ဒါမှမဟုတ်)တခြားပြင်ပကူးစက်ရောဂါအန္တရာယ်က တကယ်ရှိ ပါတယ်။ ကူးလူးဆက် ဆံဖူးသူတိုင်း ကူးစက်ခံရမှု တိုးပွားလာနေပါတယ်” ဟု ၎င်းတို့က ပြောသည်။

ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရစ်သည့် ရှားပါးမျိုးနွယ်စုဟု ယေဘုယျမှတ်ယူကြသော စန်တီနီလပ် ကျွန်းသားများသည် ပြင်ပမှ ၎င်းတို့ကို လာရောက်ဆက်သွယ်လာသူမှန်သမျှ ကြမ်းတမ်းတုံ့ပြန် တတ် ကြပြီး၊ အိန္ဒိယအစိုးရက ၎င်းမျိုးနွယ်စုကို ကာကွယ်ရန် ခရီးသွားများ ထိုကျွန်းပေါ်သွားလာခြင်းအား ကန့်သတ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

ကပ္ပလီပင်လယ်နှင့်နီကိုဘားကျွန်းစုတို့ကို တာဝန်ယူထားရသည့် အိန္ဒိယ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒီပန္ဒရာပါသက်က ၎င်းတို့အနေဖြင့် မနုဿဗေဒပညာရှင်များ၊ စိတ်ပညာရှင်များနှင့် စဉ်ဆက်မပြတ်ထိ တွေ့မှုရှိနေကြောင်းဟု ပြောသည်။

“တကယ်လို့ ဒီမျိုးနွယ်စုကို မထိခိုက်စေမယ့် အပြန်အလှန်ဆက်နိုင်တဲ့နည်းလမ်းကို ပညာရှင်တွေ အကြံပြုရင် ကျနော်တို့က မဟာဗျူဟာရေးဆွဲနိုင်မှာဖြစ်ပါတယ်။ အဲဒီအဆင့်မှာ စန်တီနီလပ် ကျွန်းသား တွေနဲ့ ထိပ်တွေ့ဖို့ ဘာအစီအစဉ်မှ ကျနော်တို့ မရှိပါဘူး” ဟု သူက ပြောသည်။

မနုဿဗေဒပညာရှင်များ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများ ပူးပေါင်း၍ ကြေညာချက် တစောင်ထုတ်ပြန်ရာ တွင် ချူး၏ ရုပ်အလောင်း ပြန်ဖော်ရန် ကြိုးပမ်းနေခြင်းသည် နောက်ထပ် အကြမ်းဖက်မှုနှင့် မလိုလားအပ်သည့် နောက်ထပ် အသက်ရှုံးမှုဖြစ်ပွားရန် ဦးတည်နေကြောင်း ဆိုထားသည်။

စန်တီလပ်ကျွန်းသားတွေရဲ့ဆန္ဒနဲ့အခွင့်အရေးကို လေးစားဖို့လိုပါတယ်။ ပဋိပက္ခနဲ့တင်းမာမှုတွေ မြင့် တက်နေလို့ ဘာမှ အောင်မြင်မှုမရှိဘဲ ပိုဆိုးလာနိုင်ပါတယ်။ ဒီ့ထက်ပိုဆိုးတဲ့အခြေအနေ တရပ်ဖန်တီး နေသလိုဖြစ်ပါလိမ့်မယ်” ဟု ၎င်းတို့က ပြောသည်။

၎င်းကိုယ်ကို စွန့်စားရှာဖွေသူတဦးအဖြစ် လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ ဖော်ပြခဲ့သူ ချူးသည် အဆိုပါကျွန်းသို့ နိုဝင်ဘာလ ၁၅ ရက်က ကနူးလှေဖြင့် အကြိမ်ကြိမ်သွားရောက်ခဲ့ကြောင်း၊ ကပ္ပလီ ပင်လယ်နှင့်နီကိုဘားကျွန်းစုတို့ကို တာဝန်ယူထားရသည့် အိန္ဒိယ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒီပန္ဒရာပါသက်၏ အဆိုအရ ၎င်းကို ထိုကျွန်းပေါ်သို့ ခေါ်ဆောင်သွားသူ တံငါသည်များနှင့် စကား ပြောဆိုပြီး နောက်တနေ့တွင် ၎င်း ပြန်ရောက်လာခြင်းမရှိတော့ဟု သိရသည်။

ချူးကို အဆိုပါကျွန်းပေါ်ရောက်အောင် ကူညီခဲ့သူ ၇ ဦးကို ဖမ်းဆီးထားကြောင်းလည်း ၎င်းကဆိုသည်။

ယင်းကျွန်းပေါ်သို့ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်အပန်းဖြေခြင်းမှ ကန့်သတ်ထားကြောင်း မီဒီယာအချို့က သတင်း ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံခြားသားများအပြင် အိန္ဒိယနိုင်ငံသားများပါ အဆိုပါ ကျွန်းသို့ မသွားရန် ဟန့်တားထားခဲ့ကြောင်း ကပ္ပလီပင်လယ်နှင့်နီကိုဘားကျွန်းစု အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်၍ ထပ်လောင်း အတည်ပြု ပြောကြားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading