သတင်း

နယူးဇီလန်က 5 G မိုဘိုင်းကွန်ရက် လက်သင့်မခံသည့်ကိစ္စ Huawei အဖြေရှာ

Want create site? Find Free WordPress Themes and plugins.

နယူးဇီလန်၏ 5 G မိုဘိုင်းလ်ကွန်ရက်စီမံကိန်းအတွက် Huawei ပစ္စည်းများသုံးမသုံးဖို့ ထောက်လှမ်း ရေး အေဂျင်စီက ပယ်ချခဲ့ပြီးနောက် နယူးဇီလန်အစိုးရထံမှ ရှင်းလင်းချက်ရရှိရန် မိမိတို့ကြိုးပမ်းနေ ကြောင်း တရုတ်နည်းပညာကုမ္ပဏီကြီး Huawei က တုံ့ပြန်ပြောကြားခဲ့သည်။

Huawei ပစ္စည်းကိရိယာများသုံး၍ 5 G ကွန်ရက်တည်ဆောက်ရန် တယ်လီကွန်အော်ပရေတာ Spark New Zealand ထံမှ အဆိုပြုချက်ကို အမျိုးသားလုံခြုံရေး စိုးရိမ်မှုအကြောင်းပြ၍ ပယ်ချခဲ့ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာဝန်ကြီးတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ အရေးပေါ်အစည်းအဝေးခေါ်ပြီးတော့ အစိုးရ ရပ်တည်ချက်ကို နားလည်ဖို့နဲ့ ဒီနေရာကနေ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ် ရှင်းလင်းချက်တွေကို ကြိုးစားအဖြေရှာခဲ့ပါတယ်” ဟု Huawei မှ နယူးဇီယန်ဆိုင်ရာ ဒုတိယမန်နေဂျင်းဒါရိုက်တာ အင်ဒရူး ဘိုဝါတာက ကြာသပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။

Huawei အနေဖြင့် နယူးဇီလန်၏ ဒေသတွင်း စီးပွားရေးကို ခြိမ်းခြောက်နေသည် ဆိုသော စွပ်စွဲချက်ကို ပယ်ချပြီး၊ အမှားအယွင်းရှိသည်ဆိုသည့် အချက်ကို နယူးဇီလန်အနေဖြင့် သက်သေပြနိုင်ခြင်း မရှိဟု လည်း ဆိုသည်။

“ဘယ်လို စိုးရိမ်မှုမျိုးမဆို ထုတ်ပြောဖို့ အခွင့်အလမ်းကို Huawei က ကြိုဆိုသွားမှာဖြစ်ပါတယ်။ ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းတခုရှာဖွေဖို့ အတူလက်တွဲသွားမှာပါ” ဟု ဘိုဝါတာက ပြောသည်။

5 G မိုဘိုင်းလ်နှင့် အခြားဆက်သွယ်ရေးကွန်ရက်များတွင် တရုတ်အစိုးရ ပါဝင်ပတ်သက်လာမှုကို အနောက်အုပ်စု အစိုးရများက သတိကြီးကြီးဖြင့် စောင့်ကြည့်နေသည်။ သို့သော မိမိတို့ကုမ္ပဏီအပေါ် ဘေဂျင်း၏ သြဇာလွှမ်းမိုး မှုမရှိကြောင်း Huawei ကလည်း အခိုင်အမာပြောခဲ့ပြီးဖြစ်သည်။

နယူးဇီလန် ထောက်လှမ်းရေးဝန်ကြီး အင်ဒရူးလစ်တဲက ပြောကြားရာတွင် 5 G ကွန်ရက်ကို ပြည်တွင်းသုံးစွဲရန် ပထမဆုံးတောင်းဆိုခဲ့သူ Spark အနေဖြင့် ဘေးအန္တရာယ်လျော့ပါးစေရေးအတွက် မိမိတို့ထောက်လှမ်းရေးအေဂျင်စီနှင့် ပူးပေါင်ဆောင်ရွက်နိုင်ကြောင်း ဆိုသည်။

ဟွာဝေးကုမ္ပဏီသည် နယူးဇီလန်နိုင်ငံတွင် ၂၀၀၅ နှစ်ကတည်းက လာရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း 4 G မိုဘိုင်းလ်စနစ်ကွန်ရက်အတွက် ပစ္စည်းများတင်သွင်းပေးခဲ့ကာ ယခုနှစ်အစောပိုင်း တွင် နယူးဇီလန်ကုမ္ပဏီဖြစ်သော Spark နှင့် 5 G ကွန်ရက်နည်းပညာ စမ်းသပ်နေခဲ့သည်။

“Huawei ဟာ အစိုးရနဲ့ရော တခြား လုပ်ငန်းရှင်တွေ နဲ့ပါ ကောင်းမွန်တဲ့ယုံကြည်ချက်နဲ့ အစဉ်သဖြင့် လုပ်ကိုင်ခဲ့ပါတယ်” ဟု ဘိုဝါတာက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading