သတင်း

တတိယမြောက် လေယာဉ်တင်သင်္ဘောတည်ဆောက်နေကြောင်း တရုတ်အတည်ပြု

Want create site? Find Free WordPress Themes and plugins.

တရုတ်သည် ၎င်း၏ တတိယမြောက်လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေကြောင်း တရုတ်မီဒီယာက ပထမဆုံးအကြိမ်အဖြစ် အတိအလင်း သတင်းထုတ်ပြန်လိုက်သည်။ ယင်းသို့ သတင်းထုတ်ပြန်ချက်သည် အမေရိကန်နှင့် တရုတ်တို့ ထိပ်သီးမတွေ့ဆုံမီ ရက်ပိုင်းအလိုတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါသင်္ဘောတည်ဆောက်နေသည့် သင်္ဘောကျင်းတွင် ကျောက်ချရပ်နား၍ လုပ်ငန်းများဆောင်ရွက်နေကြောင်း ဆင်ဟွာသတင်းဌာနက Wechat လူမှုကွန်ရက်ပေါ်ရှိ ၎င်း၏ တရားဝင်စာမျက်နှာမှ ရေးသားဖော်ပြသည်။

အဆိုပါသင်္ဘော၏ စွမ်းဆောင်ရည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း တရုတ်မီဒီယာက ၎င်းသင်္ဘောသည် တိုက်လေယာဉ်များကို ဝေဟင်သို့ ပျံတက်နိုင်အောင် ပိုမို ပင့်တင်နိုင်စွမ်းရှိကြောင်း အရိပ်အမြွက်ရေးသားထားသည်။ ထိုအနေအထားမှာ တရုတ်နိုင်ငံ၏ လက်ရှိလေယာဉ်တင် သင်္ဘောများထက် ကျော်လွန်သော ယခုသင်္ဘောအသစ်၏ တိုးတက်မှုဖြစ်သည်။

ယင်းလေယာဉ်တင်သင်္ဘောသစ်သည် နျူးကလီးယားစွမ်းအင် (သို့မဟုတ်) သမရိုးကျစွမ်းအင် သုံးစွဲထားရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ နိုင်ငံပိုင်ကုမ္ပဏီ၏ငွေကြေးဖြင့် သင်္ဘောတည်ဆောက်ရေးလုပ်ကိုင်နေသော တရုတ်သင်္ဘောလုပ်ငန်းက ၎င်း၏ အနာဂတ်ရည်မှန်းချက်များ အကောင်အထည်ဖော်သည့်အနေဖြင့် နျူးကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောများကို ဖေဖော်ဝါရီလတွင် လည်ပတ်နိုင်အောင် အကြမ်းလျာထားပြီး သင်္ဘောတစီးစီးကို နျူးကလီးယားနည်းပညာသုံးစွဲနိုင်ဖွယ်ရာ ရှိသည်။

တရုတ်လုပ် လက်ရှိလေယာဉ်တင်သင်္ဘောနှစ်စီးရှိရာ လိုင်းယာနင်း(Liaoning) သင်္ဘောသည် ယူကရိန်းမှ ဝယ်ယူခဲ့ပြီး မွမ်းမံများပြုလုပ်ခဲ့သည်။ အဆိုပါသင်္ဘောသည် တရုတ်ပြည်တွင်းဖြစ် ပထမဆုံးလေယာဉ်တင် သင်္ဘောဖြစ်ပြီး ပင်လယ်ပြင်စမ်းသပ်မှုပြုလုပ်လျက်ရှိကာ နှစ်စီးလုံးကို သမရိုးကျစွမ်းအင်လောင်စာ သုံးစွဲထားသည်။ လေယာဉ်ပျံတက်နိုင်အောင် ဖန်တီးရာတွင် လေယာဉ်ပင့်တင်ကိရိယာ(catapult) များအစား လေယာဉ်လွှတ်တင်ရန် ရိုးရိုးစောက် ပြေးလမ်း (ski-jump) များသာ အဆိုပါသင်္ဘောများတွင် ပါဝင်သည်။

အဆိုပါသင်္ဘောကို ရှန်ဟိုင်းတွင် တည်ဆောက်နေသူဟု ယူဆရသော်လည်း တရုတ်အစိုးရ မီဒီယာနှင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီးကမူ တတိယမြောက်လေယာဉ်သင်္ဘော တည်ဆောက်နေကြောင်း တရားဝင် အတည်ပြုပြောကြားရန် ရှောင်ရှားခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်က လိုင်ယာနင်းသင်္ဘောပေါ်သို့ ပထမဆုံး တရုတ်တိုက်လေယာဉ် ဆင်းသက်နိုင်ခဲ့သည့် အထိမ်းအမှတ်ဆောင်းပါးရေးသားရာတွင် ယခုသင်္ဘောသစ် ထပ်ဆောက်သည့်စီမံကိန်းကို ဆင်ဟွာက ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

သင်္ဘောများသည် ကာလရှည်ကြာအချိန်ကူ၍ ထိန်းသိမ်းမွမ်းမံမှုပြုရ၍ ၃ စီးသာရှိသည့်အတွက် အနည်းဆုံး တစီး ပုံမှန်လည်ပတ် တာဝန်ထမ်းနိုင်ရန် လိုအပ်မည်ဟု မှန်းဆရသည်။ တရုတ်စစ်တပ်ကလည်း J-15 အမျိုးအစား သင်္ဘောပေါ်တက်နိုင်၊ ဆင်းနိုင်သည့် တိုက်လေယာဉ်များ မောင်းနှင်ရန် လေသူရဲများကို အပြင်းအထန် လေ့ကျင့်ပေးနေပြီး လေယာဉ်တင်သင်္ဘောကို ခြံရံစောင့်ရှောက်မည့် စစ်သင်္ဘောများကိုပါ တည်ဆောက်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading