ဝီဂါအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ ထိပ်တန်းအရာရှိတဦးကို လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်ဖြင့် အမေရိကန်က ပိတ်ဆို့ အရေးယူမည်ဆိုပါက တရုတ်အစိုးရ အနေဖြင့် ထိရောက်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမေရိ ကန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက Retures သတင်းကို ပြောသည်။
Reuters သတင်းနှင့် တရုတ်သံအမတ်ကြီး ချွေထျန့်ခိုင်တို့ တွေ့ဆုံရာတွင် ယင်းဒေသနှင့် ပတ်သက်၍ တရုတ်၏ မူဝါဒမှာ အကြမ်းဖက်သမားများကို ပညာပေးရန် ဖြစ်ကြောင်း၊ အီရတ်နှင့် ဆီးရီးယားတို့၌ IS တို့ကို အမေရိကန်တပ်များ တိုက်ပွဲဝင်ပုံနှင့် ရှင်ကျန်းပြည်နယ်အရေး တရုတ်၏ ကိုင်တွယ်ပုံကို နှိုင်းယှဉ်ကြည့်ပါက နိုင်ငံတကာ အကြမ်းဖက်ဝါဒ နှိမ်နင်းရေး အတွက် တရုတ်ကြိုးပမ်းချက်မှာ ပိုမိုအဆင့်အတန်းရှိပါကြောင်း ပြောသည်။
အမေရိကန်အစိုးရအနေဖြင့် အကြမ်းဖက်သမားများကို ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များကို သုံး၍ သတ်ဖြတ်နေခြင်း ဖြင့် နှိုင်းယှဉ်ပြောကြားသည်။
“ISIS တွေကို တိုက်နေတဲ့ အမေရိကန်စစ်အရာရှိတချို့ကို ပိတ်ဆို့အရေးယူသလားဆိုတာ ခင်ဗျား စဉ်းစားကြည့်ပါ။ ဒါမျိုးကို အရေးယူမယ် ဆိုရင်တော့ ကျနော်တို့ကလည်း တုံ့ပြန်ရမှာပဲ”ဟု ၎င်းက ထပ်လောင်းပြောသည်။
တရုတ်က မည်သို့တုံ့ပြန်အရေးယူမည်ကိုမူ သံအမတ်ကြီး ချွေထျန့်ခိုင်က ပြောကြားခဲ့ခြင်းမရှိပေ။
ရှင်ကျန်းဒေသတွင် မွတ်ဆလင် ဝီဂါလူနည်းစုနှင့်အခြားမွတ်ဆလင်အုပ်စုတို့အပေါ် အစုလိုက် အပြုံ လိုက် ထိန်းသိမ်းခြင်း၊ တင်းကြပ်စွာ စောင့်ကြည့်ခြင်းတို့ကြောင့် ဘေဂျင်းအစိုးရကို တက်ကြွလှုပ်ရှား သူများ၊ ပညာတတ်များ၊ ပြည်ပ အစိုးရများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိသည်။
သြဂုတ်လအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က လက်ခံရရှိသည့် အစီရင်ခံစာများအရ တရုတ် နိုင်ငံ၏ ဧရာမအကျဉ်းစခန်းတခုတွင် လူပေါင်းများစွာကို ချုပ်နှောင်ထားကြောင်း ပြောကြားခဲ့သည်။
တရုတ်အစိုးရက လူနည်းစု မွတ်စလင်များအပေါ် နှိမ်နင်းနေခြင်းနှင့်ဆက်စပ်သည့် တာဝန်ရှိသူများ၊ ကုမ္ပဏီများကို ပစ် မှတ်ထားပိတ်ဆို့ ဒဏ်ခတ်ရန် ထရမ့်အစိုးရ စိတ်ဝင်စားနေကြောင်း အမေရိကန် အစိုးရဘက်က ပြောကြားခဲ့ပြီး ယင်းပိတ် ဆို့ မည့်အထဲတွင် ရှင်ကျန်းပြည်နယ် ကွန်မြူနစ် ပါတီ အထွေထွေအတွင်းရေးမှူး ချင့်ချွမ့်ကူးဝေါ့လည်း ပါဝင်ကြောင်း သိရသည်။
၎င်းသည် သြဇာကြီးမားသည့် ပေါ်လစ်ဗျူရို(ကွန်မြူနစ်ပါတီ နိုင်ငံရေးဦးဆောင်အဖွဲ့) အဖွဲ့ဝင်တဦး ဖြစ်ပြီး တရုတ်ခေါင်းဆောင်ပိုင်းတွင် ထိပ်တန်းအရေးပါသူဖြစ်သည်။
တရုတ်သံအမတ်ကြီး ချွေထျန့်ခိုင်က “ကျနော်တို့က သူတို့ကို ပြန်ပညာပေးဖို့ ကြိုးစားနေ တာပါ။ သူတို့ကို ပုံမှန်လူတွေ၊ ပုံမှန်ဘဝတွေ ပြန်ရဖို့အတွက် ကြိုးစားနေတာပဲဖြစ်ပါတယ်” ဟု ပြောသည်။
ရှင်ကျန်းပြည်နယ် အရေးကိစ္စအပေါ် အမေရိကန် ခြိမ်းခြောက်မှု မကျရောက်သေးသော် လည်း သံအမတ်ကြီး ချွေထျန့်ခိုင်၏ ပြောကြားချက်မှာ အပြင်းထန်ဆုံး တုံ့ပြန်မှု အဖြစ် ရှိနေသည်။
အမေရိကန်၏ တရုတ်အဆင့်မြင့် အရာရှိတဦးကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ကြုံတောင့်ကြုံခဲ အရွေ့တခုဖြစ်ပြီး တချိန်တည်းတွင် အမေရိကန်က တရုတ်နှင့် ကုန်သွယ်စစ်ပွဲ စေ့စပ်ညှိနှိုင်းနေသည့် နည်းတူ မြောက်ကိုရီးယား နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးအတွက် ဘေဂျင်းက ပံ့ပိုးပေးနေ ချိန် ဖြစ်သည်။
တရုတ်အာဏာပိုင်များက ရှင်ကျန်းဒေသတွင် မည်သည့်လူမျိုးရေး သို့မဟုတ် ဘာသာရေးဖိနှိပ်မှုမှ မရှိကြောင်း ငြင်း ဆို ထားပြီး၊ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်း ရလုနီးနီးအခြေအနေများ၊ ရဲစစ်ဆေးရေး ဂိတ် များ၊ အကျဉ်းစခန်းများ၊ အစုလိုက်အပြုံလိုက် DNA စုဆောင်းခြင်းများသည် အစွန်းရောက်အုပ်စုများ တိုက်ဖျက်ရေး အတွက် လိုအပ်၍လုပ်သင့်လုပ်ထိုက်သော လုံခြုံရေး ဆောင်ရွက်ချက်များသာ ဖြစ် ကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။
ထိန်းသိမ်းရေးစခန်းများနှင့်ပတ်သက်၍ ကနဦးငြင်းဆိုခဲ့ပြီးနောက် သေးငယ်သည့်ပြစ်မှု ကျူးလွန်သူ များကို ၎င်းတို့အလုပ် အကိုင်အခွင့်အလမ်းတိုးတက်စေရန် အသက်မွေးဝမ်းကျောင်း သင်ကြားပေး သည့်ဌာနများသို့ ပို့ပေးခြင်းသာ ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဆိုသည်။
ရှင်ကျန်းဒေသတွင် အခြေအနေအရပ်ရပ်ကို လွတ်လပ်စွာ ထိတွေ့သတင်းယူရန်မှာ သတင်းထောက် များကို သွားရောက်ခြင်း ကန့်သတ်ထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မီချဲဘားကလပ်က ရှင်ကျန်းဒေသတွင် စောင့်ကြည့်ခွင့်ပြုရန် တရုတ်အစိုးရကို တိုက်တွန်းပြီး တရုတ်ကမူ ၎င်း၏ အချုပ်အခြာအာဏာကို လေးစားရန် တုံ့ပြန်သည်။