• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ-ဘင်္ဂလားနယ်စပ်အနီး AA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

by နန်းလွင်နှင်းပွင့်
30 November 2018
in သတင်း
A A
ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များ  / ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များ / ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

27.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲဖြစ်ကာ အခြေအနေ တင်းမာနေဆဲ ဖြစ်ကြောင်း AA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက “မနေ့က နိုဝင်ဘာ၂၉ ရက်မှာ ဘူးသီးတောင်မြို့နယ် အထက်ပိုင်း၊ နဟန်းရွာနဲ့ ဝါးနက်ရုံရွာကြားမှာ ဖြစ်နေတာဗျ။ တိုက်ပွဲက မနက် ၁၁ နာရီ ၄၀ ကနေ ညနေ ၅ နာရီထိ ပြင်းပြင်းထန်ထန် ဖြစ်တယ်” ဟု ပြောသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
42
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
177
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
615

၎င်းက ဆက်လက်ပြီး ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေဖြင့် နှစ်ဖက်တပ်များ ဆိုင်ထားဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။

တိုက်ပွဲကြောင့် AA ဘက်မှ တပ်သားအချို့ လက်နက်ကြီးကျည် ထိမှန်ကာ ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း သိရပြီး တပ်မတော်ဘက်ကမူ ယင်းတိုက်ပွဲနှင့် ပတ်သက်၍ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဘူးသီးတောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “တိုက်ပွဲဖြစ်တဲ့နေရာတွေက ဘင်္ဂလားဘက်ရောက်တဲ့နယ်စပ်မှာ။ ကျနော်တို့မြို့နဲ့ဆို မိုင် ၄၀ နဲ့ ၅၀ ကြားလောက် ဝေးတယ်။ ဒီဘက်ကိုတော့ ဘာမှထိခိုက်တာ မရှိဘူး။ အဲဒီဘက်က အခြေအနေတော့ ကျနော်လည်း အတိအကျ မသိဘူး”ဟု ပြောသည်။

ရက္ခိုင့်တပ်မတော် (AA) သည် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားသော်လည်း ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

၂၀၁၅ ခုနှစ်မှ စကာ ရခိုင်နှင့် ချင်းပြည်နယ် ဒေသအချို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်ကလည်း အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းနှင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသအချို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားထားသည်။

AA သည် မြောက်ပိုင်းနှင့် တရုတ် – မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့နှင့် မဟာမိတ်ပြုလုပ် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး ကော်မတီ (FPNCC) မှ တဆင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းလျက်လည်း ရှိသည်။

တပ်မတော်ဘက်ကမူ AA အပါအဝင် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်သည်ဟူသည့် ထုတ်ပြန်ချက်ထုတ်ပြီးမှ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ကိစ္စဆွေးနွေးရန် ပြောဆိုထားသည်။

လက်ရှိတွင် AA ၊ MNDAA ၊ TNLA နှင့် တပ်မတော်အကြား အပစ်ရပ်ဆိုင်ရာ သဘောတူစာချုပ် တခု ချုပ်ဆိုနိုင်ရန် စာအပေးအယူဖြင့် ညှိနှိုင်းလျက်ရှိသည်ဟုလည်း သိရသည်။

Your Thoughts …
Tags: တိုက်ပွဲဘူးသီးတောင်ရက္ခိုင့်တပ်မတော်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.5k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.1k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်

စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်

by ဧရာဝတီ
23 March 2024
10.4k

တိုက်ပွဲများတွင် ရှုံးနိမ့်နေသော ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အခြေစိုက် စစ်တိုင်းမှူးများ မကြာသေးခင်ရက်ပိုင်း၌ ရာထူးမှဖယ်ရှားခံလိုက်ရကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။

Next Post
မန္တလေးမြို့ ကျုံးဘေးတွင် စက်ဘီးစီးလာသူတဦး / ဧရာဝတီ

စမတ်စီးတီး အိပ်မက်နဲ့ မန္တလေး

ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ပြပွဲ ၂၀၁၈ / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံသူများအား ကူညီပေးမည်ဟု ဝန်ကြီးချုပ်ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate