• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုယ်ပိုင်ကား အသုံးပြုမှု လျော့ချ၍ ရန်ကုန် ယာဉ်ကြောကျပ်မှု ဖြေရှင်းနိုင် ဟုဆို

by ထက်နိုင်ဇော်
1 December 2018
in သတင်း
A A
ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ သုတေသန အရ ယာဉ်ကြော ပိတ်ဆို့မှု၏ အဓိက ပြဿနာမှာ ကားပါကင်ကြောင့် ဖြစ် / ဧရာဝတီ

ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ သုတေသန အရ ယာဉ်ကြော ပိတ်ဆို့မှု၏ အဓိက ပြဿနာမှာ ကားပါကင်ကြောင့် ဖြစ် / ဧရာဝတီ

32.2k
VIEWS
Share on FacebookShare on Twitter

အစိုးရက အများ ပြည်သူ သယ်ယူ ပို့ဆောင်ရေး စနစ်များ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်သည့် အခါ ကိုယ်ပိုင်ကား အသုံးပြုမှု လျော့ပါးစေခြင်းဖြင့်လည်း ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုနှင့် ကားပါကင် ပြဿ နာများ ဖြေရှင်းသွားနိုင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ပို့/ဆက်)ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်တွင် လှိုင်မြို့နယ် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာနှင့် ကားပါကင် အခက်အခဲကို မည်သို့ စီမံ ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း မေးခွန်းကို ဖြေကြားရာတွင် ဒုဝန်ကြီး က အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

RelatedPosts

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
106
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
88
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
366

ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ကိုယ်စား ဒုဝန်ကြီး ဦးကျော်မျိုးက “အများပြည်သူသုံး စနစ် တိုးတက် ကောင်းမွန်လာ သဖြင့် ကိုယ်ပိုင်ကား အသုံးပြုမှု လျော့ပါးစေခြင်း တို့ဖြင့်လည်း ယာဉ်ကြော ကျပ်တည်းမှု ပြဿနာနဲ့ ကားပါကင် ပြဿနာများ ဖြေရှင်းသွားနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။

ကားပါကင် အခက်အခဲများ ဖြေရှင်းနိုင်ရန် လမ်းမကြီးများတွင် လမ်းနယ်နိမိတ် တိုးချဲ့၍ ယာဉ်ရပ်နားနေရာများ တည် ဆောက်ပေးလျက် ရှိကြောင်း၊ မြို့တွင်းမြို့နယ်များတွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းပြီး Smart ကားပါကင် လုပ် ငန်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး “ရန်ကုန်မြို့ရဲ့ ကားပါကင်က ရပ်စရာကို နေရာ မရှိဘူး။ မူလ ရှိပြီးသား ကားပါကင်တွေကလည်း နေရာဦးကြနဲ့ ကားရပ်ဖို့ နေရာ မရှိတော့ဘူး။ ကားတွေသာ တိုးလာတာ ကားပါကင် နေရာက တိုးမလာဘူး။ ကျနော့် မြို့နယ်ထဲမှာတင် ကားပါကင် လုရင်း ရိုက်မှုတွေ၊ လူသတ် မှုတွေ ဖြစ်တယ်။ လှိုင်မြို့နယ် ဆိုရင် ထိခိုက် နာကျင်မှုရဲ့ ၆၈ ရာခိုင်နှုန်းက ကားပါကင်ကြောင့် ဖြစ်တာ”ဟု လွှတ် တော် အပြီး တွင် ဧရာဝတီသို့ ပြောသည်။

ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ သုတေသန အရ ယာဉ်ကြော ပိတ်ဆို့မှု၏ အဓိက ပြဿနာမှာ ကားပါကင်ကြောင့် ဖြစ်ကြောင်း၊ အစိုးရက ကားပါကင်များ မပြုလုပ်သေးသဖြင့် လွှတ်တော် ဘက်မှ တိုက်တွန်းရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးအောင်ကျော်ကျော်ဦးက ဆက်လက်၍ “ရန်ကုန်မြို့မှာတော့ အစိုးရပိုင် အဆောက်အအုံ၊ Public ဧရိယာ တော်တော် ရှားသွားပြီ။ နောက် ကားပါကင်ကို Business အနေနဲ့ လုပ်ဖို့က မလွယ်လှဘူး။ အစိုးရကပဲ ဦးဆောင်ပြီးတော့ လုပ်ရမှာ။ ဒါကြောင့်မိုလို့ အစိုးရပိုင်တဲ့ နေရာတွေမှာ ဥပမာ ဈေးပေါ့။ ကျနော့် မြို့နယ်ထဲမှာ ဆိုရင် ဈေး ၆၀ ရှိတယ်။ ဈေးကို ၁၀ ထပ်၊ ၁၂ ထပ်လောက် ဆောက်ရမယ်။ ၆ ထပ်လောက်ကို ကားပါကင် ဆောက်လိုက်ရင် အဆင်ပြေနိုင် ပါတယ်”ဟု ပြောသည်။

ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် ကလည်း ရန်ကုန်မြို့၏ လူဦးရေနှင့် ကားအရေ အတွက် အလွန်များလာသည့် အပေါ် အစိုးရ အနေဖြင့် ကိုင်တွယ်ရန် ခက်ခဲနေချိန်တွင် ပြည်သူများက စည်းကမ်းရှိမှု နှင့် ပါဝင် ကူညီသင့်ကြောင်း ပြောသည်။

“ကျမ ဆိုလိုချင်တာက လမ်းဘေးဈေးသည် ဆိုရင်လည်း စည်ပင်ကနေမှ ရောင်းဖို့ ချထားတဲ့ နေရာအတွင်းမှာပဲ စီမံ ခန့်ခွဲလို့ ရအောင် နယ်မြေတွေ တအားမချဲ့ နဲ့ပေါ့။ နောက်တခုကတော့ ကားပါကင်လို့ ပြောရင် ကားရပ်ခိုင်းတဲ့ နေရာ မှာပဲ ရပ်တာမျိုးပေါ့။ ဒါမျိုး လေးတွေကတော့ ကြိုးစားပြီးတော့မှ စည်းကမ်း လိုက်နာသင့်တယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း အတွင်း မြေနေရာ ရှားသော်လည်း အစိုးရက လုပ်နိုင်သည်မှာ ယာဉ်များ ရပ်နားနိုင်သည့် အထပ်မြင့် အဆောက်အအုံ (Multi-story) ကားပါကင်မျိုး ပြုလုပ်ပြီး အစားအသောက်လည်း ရောင်းချခွင့် ပေးသင့်ကြောင်း၊ လမ်းဘေး ဈေးသည်များလည်း ထိုပေါ်သို့ ရောက်ရှိ သွားမည် ဖြစ်သလို ကားများလည်း ရပ်ရန် နေရာ ရှိလာနိုင် ကြောင်း စီးပွားရေး လုပ်ငန်းရှင် တဦးလည်း ဖြစ်သူ ဒေါ်သက်သက်ခိုင်က သုံးသပ် ပြောဆိုသည်။

“ပြည်သူ လူထုရဲ့ စည်းကမ်း လိုက်နာမှုနဲ့လည်း ဆိုင်တယ်။ အဲဒါကြောင့် မြို့သစ်တွေ ချဲ့တဲ့နေရာမှာ စနစ်တကျ ချဲ့ဖို့ ပေါ့နော်။ ဥပမာ နေပြည်တော်လိုမျိုး ဆိုရင် သိပ်ပြီးတော့မှ ကျယ်ဝန်းတယ်လေ။ အဲဒီလိုမျိုးပေါ့။ အနာဂတ်ကို မျှော် မှန်းပြီးတော့ အနာဂတ်မှာ တိုးပွားလာမယ့် လူဦးရေ၊ အနာဂတ်မှာ တိုးပွားလာမယ့် ကားအရေအတွက်နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် အမျှော်အမြင် ရှိရှိ မြို့သစ်တွေကို တည်ဆောက်ရမှာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့မှ ကားဆရာ ကိုနိုင်က သက်ဆိုင်ရာက ရန်ကုန်တွင် ကားရပ်နား၍ ရနိုင်သည့် နေရာမှန်သမျှ ကားရပ်နား ခွင့် ရှိအောင် ဆောင်ရွက်ပေးနေသော်လည်း ကားစီးရေ အဆမတန် များနေခြင်းကြောင့် ယခုလို ပြဿနာများ ပေါ် ပေါက်နေခြင်း ဖြစ်ကြောင်း ပြောသည်။

“ပါကင် ကတော့ ကားတခါ ရပ်ဖို့ အတွက်ကို အနည်းဆုံး မိနစ် ၂၀၊ ၂၅ ကတော့ နေရာရဖို့ ပတ်နေရတာပဲ။ တော် တော်ခက်တယ်။ တချို့ လမ်းတွေမှာ ခုံချတာတို့၊ ကားတာယာချတာတို့ အဲဒါတွေကလည်း ရှိသေးတယ်။ အဲဒါတွေက စည်ပင် ကတော့ စည်ပင်က ကားကြီးနဲ့ ပတ်သိမ်းသွားတာတွေ လုပ်ပေမယ့် အမြဲတမ်း မလုပ်နိုင်တော့ ရှေ့ကသွား နောက်က ပြန်ချတာပဲ။ အဲဒီ ပြဿနာလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့သည် ၂၀၁၀ ပြည့်နှစ် မတိုင်မီက ကားစီးရေ ၁ ဒသမ ၆ သိန်း ရှိခဲ့ရာ ၂၀၁၁ ခုနှစ် ကားမူဝါဒ ပြောင်းလဲပြီး နောက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကုန် အထိ လူစီး မော်တော်ယာဉ် ၁၀ သိန်း ၆ သောင်း ကျော် အထိ တိုးတက် လာခဲ့ကြောင်း၊ ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသည့် လူစီး မော်တော်ယာဉ် ၅ သိန်း ၆ သောင်းကျော် ရှိကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် လမ်းပေါ်ရှိ စည်းကမ်းမဲ့ ယာဉ်များ ရပ်နားခြင်း၊ မောင်းနှင်ခြင်းနှင့် လမ်းပေါ် လမ်းဘေး ဈေးသည်များကို ပိုမို ထိရောက်စွာ အရေးယူနိုင်ရေး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အသစ်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ပြဋ္ဌာန်းနိုင်ခဲ့၍ ယင်းဥပဒေသစ်နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်မည်ဟု ဒုဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

Your Thoughts …
Tags: ရန်ကုန် ကားပါကင်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်ပြိန်းကျေးရွာအနီးမှာ RCSS နှင့် SSPP တို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က တိုက်ပွဲဖြစ်ရာ အသက် (၆၀) ကျော် ဒေသခံ အမျိုးသမီး ဒေါ်မာလွတ် သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်  / ခွန်ဇော်ဦး Facebook

ရှမ်းပြည်က တိုက်ပွဲတွေက ဘယ်သူ့အတွက်လဲ

ဟာဟာ့ပဲ ရမယ်

ဟာဟာ့ပဲ ရမယ်

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate