• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အောင်ရဲထွေးအား ဒဏ်ရာ ရရှိရန် ပြုလုပ်သူများကို မသိဟု အစ်ကိုဖြစ်သူ ထွက်ဆို

by ဇူးဇူး
4 December 2018
in သတင်း
A A
အောင်ရဲထွေး အမှု ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

အောင်ရဲထွေး အမှု ရုံးထုတ်မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

21.9k
VIEWS
Share on FacebookShare on Twitter

အောင်ရဲထွေးအား ဒဏ်ရာ ရရှိစေရန် ပြုလုပ်သူများကို မသိရှိဟု အစ်ကိုဖြစ်သူ ကိုနေဇင်လတ်က ယနေ့ တရားခွင်၌ ထွက် ဆိုသည်။

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးလျက် ရှိရာ တရားလိုပြ သက်သေတဦး ဖြစ်သူ ကိုနေဇင်လတ်က အထက်ပါ အတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
26
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
57
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
265

ကိုနေဇင်လတ်က“ညီဖြစ်သူအား ဒဏ်ရာရအောင် ပြုလုပ်သူများမှာ ၃ ဦး ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ၃ ဦးကို အမည် နှင့် လူတွဲ၍ သိရှိခြင်း မရှိသကဲ့သို့ စကား ပြောဆိုဖူးခြင်းလည်း မရှိပါ”ဟု ထွက်ဆိုခဲ့သည်။

သို့သော် အဓိက စစ်မေးချက်တွင် ၎င်းက၂၀၁၇ ဒီဇင်ဘာ ၂၇ ရက် ည ၁၂ နာရီခန့်တွင် ပြည်လမ်းပေါ်ရှိ Brave Bar Club သို့ အောင်ရဲထွေးနှင့် ၎င်း၏ရည်းစား၊ သူငယ်ချင်း ရဲရင့်တို့နှင့် အတူ သွားရောက်ခဲ့ကြောင်း၊ စားသောက်ပြီး အပြန် ညီ ဖြစ်သူ တို့ ကားပေါ် ရောက်သွားချိန်တွင် ၎င်းက အပြင်ဘက်၌ သန်းထွဋ်အောင်အား တွေ့ရ၍ ၎င်းထံမှ ဆေးလိပ်သောက် ရန် မီးခြစ် ငှားခဲ့ရာ မပေးသဖြင့် အပြန်အလှန် စကားများခဲ့ဖူးကြောင်း ထွက်ဆိုထားသည်ကို တွေ့ရသည်။

ကိုနေဇင်လတ်၏ ထွက်ဆိုချက်များ အရ အောင်ရဲထွေးသည် ညီအငယ်ဆုံး ဖြစ်ပြီး ၎င်းမှာ ဒုတိယမြောက်သား ဖြစ် ကြောင်း၊ အောင်ရဲထွေးသည် ၎င်းထက် ၂ နှစ်ခန့် ငယ်ပြီး အရပ်အနည်းငယ် ပု၍ အနည်းငယ် ပိန်ကြောင်း၊ အသား အရေမှာ ၎င်းနှင့် အတူတူပင် ဖြစ်ကြောင်း သိရသည်။

ယနေ့ ရုံးချိန်းတွင် ကိုနေဇင်လတ် အပါအဝင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ဌေးဌေး ဆွေနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ လက်ထောက် မှုခင်း ဆရာဝန် ဒေါက်တာ ဘုန်းမြတ်ကျော်တို့ ၃ ဦးကို စစ်ဆေးခဲ့ ခြင်း ဖြစ်သည်။

တရားလိုပြ သက်သေတဦး ဖြစ်သူ ကိုနေဇင်လတ်သည် မူးယစ်ဆေးဝါး အမှုဖြင့် သာကေတမြို့နယ် တရားရုံးတွင် အချုပ် ဖြင့် တရား ရင်ဆိုင်နေရသူ တဦးလည်း ဖြစ်သည်။

အဓိက စစ်မေးချက်တွင် ကိုနေဇင်လတ်က ညီဖြစ်သူ ရန်ကုန် ဆေးရုံကြီး ရောက်ရှိနေသည်ကို မိခင်ဖြစ်သူက ဖုန်းဆက် ပြောမှ သိရပြီး လိုက်သွားခဲ့ကြောင်း၊ ဆေးရုံရောက်သည့် အခါ အောင်ရဲထွေး၏ မျက်နှာနှင့် ရင်ဘတ်တို့တွင် ထိုးကြိတ် ထားသော ညိုမည်းစွဲနေသည့် ဒဏ်ရာများကို တွေ့ရကြောင်း၊ အောင်ရဲထွေးမှာ စကားပြောဆိုနိုင်ခြင်း မရှိဘဲ သတိလစ်နေ ကြောင်း ထွက်ဆိုခဲ့သည်။

ဆက်လက်၍ ၎င်းက စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ ကျော်ဇောဟန်(ခ) ကျော် ဇောတို့ ၃ ဦးသည် အောင်ရဲထွေးအား မည်သည့် အတွက်ကြောင့် ထိုကဲ့သို့ (ဒဏ်ရာရရှိအောင်) ပြုလုပ်ကြောင်းကို မသိပါ ဟုလည်း ဆိုသည်။

သားကြီးနှင့် အောင်လေးတို့၏ အကျိုးဆောင် ရှေ့နေက အောင်ရဲထွေးအား ရိုက်နှက်သူများသည် စွပ်စွဲခံရသူများဟု တခြားသူပြောခြင်း၊ လူမှုကွန်ရက်ပေါ် တင်ခြင်းတို့ကြောင့် ကြားသိရခြင်းဖြစ်ကာ ထိုဖြစ်စဉ်ကို မျက်မြင်တွေ့သူ မဟုတ် ဆိုသည်ကို အတည်ပြုသည့် မေးခွန်းများ မေးမြန်းခဲ့သည်။

ရှေ့နေ၏ မေးမြန်းမှုကို နေဇင်လတ်က မှန်ကန်ကြောင်း ထွက်ဆိုခဲ့သည်။

ယင်းသို့ ထွက်ဆိုပြီးနောက် အောင်ရဲထွေးနှင့် သားကြီး၊ အောင်လေးတို့ မည်သည့် ပြဿနာမှ ခိုက်ရန်ဖြစ်ပွားခြင်း မရှိဟု ဆိုသော မေးခွန်းကို ရှေ့နေက ထပ်မံ မေးမြန်းရာတွင် ကိုနေဇင်လတ်က “မှန်ပါသည်” ဟု ဖြေဆိုခဲ့သဖြင့် အခင်းဖြစ်နေရာ တွင် ၎င်းမရှိဘဲ မည်သည့်အတွက်ကြောင့် ယင်းသို့ ဖြေဆိုရသနည်းဟု ဥပဒေအရာအရှိက ပြန်လှန် စစ်မေးမှုလည်း ပြုလုပ် ခဲ့ သည်။

ယင်းအမှုတွင် တရားလိုပြသက်သေ ၂၂ ဦး ရှိသည့် အနက် တဦးမှာ (ရှာဖွေပုံစံ သက်သေ လုပ်ပေးသူဟု သိရ) လေဖြတ် ဝေဒနာ ခံစားနေရသဖြင့် သက်သေ စာရင်းမှ ပယ်ဖျက်ထားရာ ၂၁ ဦးကိုသာ စစ်ဆေးရမည်ဖြစ်ပြီး ယနေ့ ရုံးချိန်း အပြီးထိ ၁၈ ဦး စစ်ဆေးပြီး ဖြစ်သည်။

ကျန်ရှိသည့် ၃ ဦးအနက်မှ တဦးသည်လည်း နိုင်ငံခြားသွားနေ၍ ရုံးတော်မှ ခေါ်စာထုတ်တော့မည် မဟုတ်ကြောင်း၊ သက် သေ စာရင်းမှ ပယ်မပယ်ကိုမူ ဥပဒေ အရာရှိများက ဒီဇင်ဘာ ၁၁ ရက် ရုံးချိန်းတွင် ပြန်လည် ပြောဆိုမည် ဖြစ်ကြောင်း၊ ယင်းနေ့ ရုံးချိန်းတွင် ကျန်ရှိနေသည့် သက်သေများ ဖြစ်သော အမှုစစ် ရဲအရာရှိ ရဲအုပ် ချစ်ကိုကိုနှင့် ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ မှုခင်း ဆရာဝန်တို့ကို ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်ကစတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင် ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာလ ညပိုင်းက The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

Your Thoughts …
Tags: အောင်ရဲထွေး အမှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

အောင်ရဲထွေး အမှု ဇန်နဝါရီလ ၅ ရက်က ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ်  / ဧရာဝတီ

အောင်ရဲထွေး ရည်းစား၏တရားရုံးနှင့် ရဲထံ ထွက်ဆိုချက်များ ကွဲလွဲမှုရှိ

by ဇူးဇူး
6 November 2018
22.2k

တရားလိုပြသက်သေ တဦးဖြစ်သည့် သေဆုံးသူ၏ ရည်းစား ဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ တရားရုံး ရှေ့ ထွက်ဆိုချက်များနှင့် ရဲထံ ထွက်ဆိုချက်များ ကွဲလွဲမှု ရှိနေကြောင်း

သရုပ်ဆောင် အောင်ရဲထွေး သတ်မှုဖြင့် ရုံးထုတ်လာမှု မြင်ကွင်း  /  ဧရာဝတီ

အောင်ရဲထွေး အမှု စွပ်စွဲခံရသူ တဦးက သမ္မတထံ အသနားခံစာ ပို့ထားရာ အကြောင်းမပြန်သေး

by ဇူးဇူး
27 February 2019
16.9k

လူသတ်မှုဖြင့် စွဲချက် တင်ခံထားရသည့် စွပ်စွဲခံရသူ အမှတ် (၃) ကျော်ဇောဟန်(ခ) ကျော်ဇော၏ မိဘများ က နိုင်ငံတော် သမ္မတထံ အသနားခံစာ ပေးပို့ခဲ့သော်လည်း ၁ လကျော်သည့်တိုင် တစုံတရာ အကြောင်းပြန်မှု မရရှိသေး ကြောင်း

ဇန်နဝါရီ လဆန်းတွင် အောင်ရဲထွေး အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇော  /  Yangon Police  / Facebook

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှု ရုပ်သိမ်းခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်

by ဇူးဇူး
26 July 2018
19.3k

နှစ်သစ်ကူးညမှာ လူသိရှင်ကြား ဟိုးလေးတကြော်နဲ့ လူအများ မြင်ကွင်းမှာ ကြမ်းကြုတ်စွာ နင်းခြေသတ်ဖြတ် ခဲ့တဲ့ အမှု။ ဒီလို အမှုမျိုးကို နိုင်ငံတော် သမ္မတကြီး တရားလွှတ်တော် ရှေ့နေဦးဝင်းမြင့် လက်ထက်မှာ တရားဥပဒေ စိုးမိုး ရေးလို့ တဖွဖွ...

အောင်ရဲထွေး အသတ်ခံရမှုတွင် တရားခံအဖြစ် သံသယရှိသူများအား ဇန်နဝါရီလ ၁၈ ရက်က သင်္ဃန်းကျွန်း တရားရုံးတွင် ကြားနာစစ်ဆေးရန် ရုံးထုတ်လာစဉ်  / ဧရာဝတီ

အောင်ရဲထွေး အမှု အစမှ ပြန်လည် စစ်ဆေးမည်

by ဇူးဇူး
9 October 2018
9.3k

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်း ခရိုင် တရားရုံးတွင် အစမှ ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း

အောင်ရဲထွေး အမှု ရုံးထုတ်မြင်ကွင်း  / မျိုးမင်းစိုး / ဧရာဝတီ

အောင်ရဲထွေး အမှု ကိုယ်တိုင်မြင်တွေ့ ကြားသိခြင်း မရှိဟု တရားလိုပြ သက်သေ ထွက်ဆို

by ဇူးဇူး
13 November 2018
26.1k

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ တဦးဖြစ်သည့် ကိုရဲမင်းအောင် က အမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်မြင်တွေ့ ကြားသိခြင်း မရှိကြောင်း

အောင်ရဲထွေးအမှု သံသယ တရားခံများ ရုံးထုတ်စဉ်မြင်ကွင်း  / ဓာတ်ပုံ - ဧရာဝတီ

အောင်ရဲထွေးအမှု လာဘ်ပေးသူကို တရားစွဲမည်မဟုတ်ဟု အဂတိကော်မရှင်ပြော

by ဇူးဇူး
14 September 2018
19.3k

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု၌ တာဝန်ရှိသူများကို လာဘ်ငွေနှင့် တံစိုးလက်ဆောင် ပေးခဲ့သူများကို တရားလိုပြ သက်သေအဖြစ် အသုံးပြုမည်ဖြစ်ပြီး ၎င်းတို့ကို တရားစွဲရန်မရှိကြောင်း အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ယနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီကို...

Next Post
ကမ္ဘာအေး နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) တွင် ပြုလုပ်သည့် ထေရဝါဒ ပရိယတ္တိ သာသနာတော် ဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ  / ထွန်းထွန်း / ဧရာဝတီ

ပရိယတ္တိ ပညာရေး စနစ်သစ် ရေးဆွဲရန် တိုက်တွန်း

နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံနေသည့် သူရ ဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်အရေး ဖြေရှင်းရန် ပြည်ထောင်စု တပ်မတော် တည်ထောင်ရမည်ဟု သူရ ဦးအောင်ကို ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate