• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမီးအရင်းကို အဓမ္မပြုကျင့်သည့် ဖခင်အား ထောင်ဒဏ် နှစ် ၂၀ ချမှတ်

by ဆလိုင်းသန့်စင်
7 December 2018
in သတင်း
A A
မြောင်းမြခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခြင်းခံရသည့်  ဦးကိုနိုင် (ခ) ဦးစန်းအေး  / ရဝေမောင် (မြောင်းမြ)

မြောင်းမြခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခြင်းခံရသည့် ဦးကိုနိုင် (ခ) ဦးစန်းအေး / ရဝေမောင် (မြောင်းမြ)

45.1k
VIEWS
Share on FacebookShare on Twitter

အသက် ၁၅ နှစ်အရွယ် သမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် ဖခင်ဖြစ်သူအား မြောင်းမြခရိုင်တရားရုံးက သက်ငယ်မုဒိန်းမှု၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက်၌ နောက်အိမ်ထောင်နှင့် နေထိုင်သော ဦးကိုနိုင် (ခေါ်) ဦးစန်းအေး (အသက် ၄၂ နှစ်) မှာ မိမိသမီးအရင်းဖြစ်သူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် မြောင်းမြခရိုင်တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

8 July 2025
27
သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

8 July 2025
60
စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

8 July 2025
400

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ပြစ်မှုထင်ရှားတဲ့ အတွက် မြောင်းမြခရိုင် တရားရုံး က သက်ငယ်မုဒိန်းအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

၎င်းကဆက်၍ “တရားခံ ကိုနိုင် (ခေါ်) စန်းအေးဟာ ရန်ကုန်မှာ နောက်အိမ်ထောင်ကျနေတယ်။ သူ့ရဲ့ပထမအိမ်ထောင်နဲ့ ရတဲ့သမီးဖြစ်သူကို မြောင်းမြမှာရှိတဲ့ သူ့မိခင်အရင်းဆီ ပြန်ပို့ပေးမယ် ဆိုပြီး ခေါ်လာရင်းကနေ လမ်းခရီးမှာရော၊ မြောင်းမြမြို့က တည်းခိုခန်းမှာရော ၃ ကြိမ်တိုင်တိုင် သားမယားအဖြစ်ပြုကျင့်တာ ဖြစ်တယ်” ဟု ရှင်းပြသည်။

အခင်းဖြစ်စဉ်မှာ ယခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညီမဖြစ်သူအား အဓမ္မပြုကျင့်သည့်ကိစ္စကို အစ်ကိုရင်း ဖြစ်သူ ကိုကျော်မင်း သိရှိသွားပြီးနောက် ဖခင်ဖြစ်သူ ဦးကိုနိုင် (ခ) ဦးစန်းအေးအား မြောင်းမြမြို့မရဲစခန်းတွင် တရားလို ပြုလုပ်၍ မုဒိန်းမှုဖြင့်အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား မြောင်းမြခရိုင် တရားရုံးတွင် ၄ လကျော် ကြားနာပြီးနောက် သက်ငယ်မုဒိန်းအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မြို့မှ အထက်တန်းရှေ့နေ ဦးဇော်ဝင်းအောင် က “ရုံးတော်က ချမှတ်ခဲ့တဲ့ ပြစ်မှုပြစ်ဒဏ် က လက်ရှိအခြေအနေမှာ လူတွေရဲ့စရိုက်နဲ့ ပတ်သတ်တာဖြစ်တဲ့အတွက် တရားသူကြီးရဲ့ ဆုံးဖြတ်လိုက်တဲ့အမိန့်ဟာ မျှတတယ်၊ မှန်ကန်တယ်လို့ ပြောချင်တယ်။ နောင်လူတွေ အတွက်လည်း သင်္ခန်းစာ တရပ် အနေနဲ့ ပြစ်မှု ထပ်မံမကျူးလွန်ရအောင် ဟန့်တားတဲ့အနေနဲ့ ဆောင်ရွက်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးဒေသမှ ဦးဟံငွေမှာ ၎င်း၏သမီးအရင်းဖြစ်သူ အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့် ခဲ့သည့်အတွက် မြောင်းမြခရိုင် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: ဖခင်အဓမ္မပြု
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ကျိုက်လတ်မြို့မရဲစခန်း  / ဆလိုင်းသန့်စင် / ဧရာဝတီ

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်သည့် ကျောင်းဆရာကို အရေးယူ

by ဆလိုင်းသန့်စင်
29 September 2016
1.9k

ကျောင်းဆရာ ဦးရန်နိုင်မှ အသက် ၁၅ နှစ်အရွယ်ကျောင်းသူကို ၅ ကြိမ်တိုင် သားမယားပြုကျင့်ခြင်းကို အရေးယူပေးရန် ဖခင် ၂ ဦး၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း သိရသည်။

အမျိုးသမီးတွေရဲ့ ဘဝမှာ ဖခင်က အရေးပါတဲ့ အကြောင်းရင်း

အမျိုးသမီးတွေရဲ့ ဘဝမှာ ဖခင်က အရေးပါတဲ့ အကြောင်းရင်း

by ရေဗန်
21 February 2019
70.2k

မိန်းကလေးတွေ ငယ်ငယ်လေးကတည်းက အနီးဆုံးနေခဲ့ရတဲ့ အမျိုးသားဟာ အဖေဖြစ်လို့ ချစ်သူရည်းစား ထားတော့မယ့် အချိန်မှာ သူမရဲ့ ဖခင်လိုဖြစ်မယ့် အမျိုးသားကို ရှာဖွေလေ့ရှိပါတယ်။

အလှမယ် ထားထက်ထက်တို့ သားအဖ / Htar Htet Htet's Facebook

ဖခင် ဆုံးရှုံးမှုအတွက် ယူကြုံးမရ ခံစားနေရတဲ့ အလှမယ် ထားထက်ထက်

by ဧရာဝတီ
27 July 2021
9.9k

ထားထက်ထက်ရဲ့ ဖခင်ဟာ လွန်ခဲ့တဲ့ ၂ ရက်ခန့်က နေမကောင်းဖြစ်ပြီး၊ ယမန်နေ့ (ဇူလိုင် ၂၆ ရက်) နေ့လယ်ပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

လက်တွေ့ဘဝမှာ ဆိုရင်လည်း သမီး မိန်းကလေးတွေက ဖခင်ကို ပိုခင်တွယ်တာ တွေ့ရပါတယ်။

သမီး မိန်းကလေးရှိတဲ့ ဖခင်တွေဟာ အသက်ပိုရှည်ကြကြောင်း လေ့လာတွေ့ရှိ

by ဟယ်လ်သင်
24 November 2019
15.2k

သမီး မိန်းကလေးရှိတဲ့ ဖခင်တွေဟာ အသက်ပိုရှည်ကြကြောင်း လေ့လာတွေ့ရှိလက်တွေ့ဘဝမှာ ဆိုရင်လည်း ဖခင်တော်တော်များများဟာ သမီး မိန်းကလေးတွေကို ပိုမို အချစ်ပိုကြပြီး သမီးတွေနဲ့ အချိန်ကုန်ဆုံးရတာကို နှစ်ခြိုက်ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ မိသားစု  / Htoo Paing Zaw Oo's Facebook

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင် COVID-19 ရောဂါကြောင့် ကွယ်လွန်

by ယုဖြူဟန်
28 September 2020
42k

ပြီးခဲ့တဲ့ ၉ ရက်က အစာမကြေ ရင်ပြည့်၍ ၈ ရက်မြောက်နေ့မှာတော့ ဖျားတာကြောင့် ဂျပန်ဆေးရုံမှာ ပြခဲ့ရပြီး Swab Test ယူခဲ့ရာမှ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဟာ COVID-19 ရောဂါ Positive ဖြစ်ခဲ့ပါတယ်။

ဖခင်ဖြစ်လာပြီးနောက်ပိုင်းမှာ ပိုမိုဝလာတတ်ကြတာဟာ ကလေးအတွက် အချိန်ပေးရတဲ့ အပိုင်းတွေကြောင့်ပါ

အမျိုးသားတွေဟာ ဖခင်ဖြစ်လာပြီးနောက်ပိုင်းမှာ ပိုမိုဝလာတတ်ကြတယ်လို့ လေ့လာတွေ့ရှိ

by ဟယ်လ်သင်
1 February 2020
4.4k

ဒါနဲ့ပတ်သက်ပြီး Dr.Craig F က “ အမျိုးသမီးတွေမှ မဟုတ်ပါဘူး၊ အမျိုးသားတွေလည်းပဲ ဖခင်ဖြစ်သွားပြီးချိန်မှာ အရင်ကထက် ကိုယ်အလေးချိန်ပိုမိုမြင့်တက်လာကြတာပါပဲ။

Next Post

ရေခဲတောင်သာယာလှပရေးကို အလေးထားပေးပါ (ရုပ်/သံ)

တကိုယ်တည်း ခရီးသွားခြင်းဟာ ခရီးသွားခြင်းအရသာကိုပိုမိုခံစားတတ်စေပါတယ်

ခရီးသွားတဲ့အခါ တကိုယ်တော်ခရီးထွက်သင့်တဲ့ အကြောင်းရင်း ၅ ချက်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.2k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

1 week ago
6.2k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate