• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆေးဝင်ခွင့် ပယ်ခံရသည့် ဂုဏ်ထူးရကျောင်းသား ၂၀၀ ကျော် ပညာသင်ခွင့် မရေရာသေး

by ဒီလှိုင်းဝင်း
7 December 2018
in သတင်း
A A
ပညာသင်ခွင့် ဆုံးရှုံးနေရခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂ ရက်က မန္တလေးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ  / ဒီလှိုင်းဝင်း / ဧရာဝတီ

ပညာသင်ခွင့် ဆုံးရှုံးနေရခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂ ရက်က မန္တလေးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ / ဒီလှိုင်းဝင်း / ဧရာဝတီ

31k
VIEWS
Share on FacebookShare on Twitter

ဆေးတက္ကသိုလ် ဝင်ခွင့် ပယ်ချခံရသည့် တက္ကသိုလ်ဝင်တန်း ဘာသာစုံ ဂုဏ်ထူးရှင်များ အပါအဝင် ကျောင်းသား ၂၁၇ ဦး၏ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရေးမှာ ယခုအချိန်အထိ မရေရာသေးကြောင်း သိရသည်။

ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် ယခင်နှစ် (၂၀၁၇-၁၈ ပညာသင်နှစ်) က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မှတ်စုစုပေါင်း ၄၉၃ မှတ် သတ်မှတ်ခဲ့ရာမှ စနစ်သစ်တွင် ကျောင်းသား ၅၀၅ မှတ်၊ ကျောင်းသူ ၅၁၅ မှတ်အထိ တိုးမြှင့် သတ်မှတ်ခဲ့သည့် အတွက် စနစ်ဟောင်း အောင်မှတ် သတ်မှတ်ချက် မီသော်လည်း စနစ်သစ်သတ်မှတ်ချက်ကြောင့် ဆေးတက္ကသိုလ်တက်ခွင့် ဆုံးရှုံးရခြင်း ဖြစ်သည်။

RelatedPosts

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

25 June 2025
101
တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

25 June 2025
104
မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
244

ဆေးတက္ကသိုလ် တက်ခွင့် ဆုံးရှုံးရသူ ခြောက်ဘာသာ ဂုဏ်ထူးရှင် စောကျော်ဇံလွင်၏ ဖခင်ဖြစ်သူ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ သင်္ချာဌာနမှ တွဲဖက်ပါမောက္ခ ဦးစန်းလွင်က “ကျနော့်သားက ဘာသာစုံဂုဏ်ထူး အမှတ်ပေါင်း ၅၀၃ မှတ်ပါ။ ဆရာဝန်ပဲ ဖြစ်ချင်တယ်ဆိုလို့ လျှောက်တဲ့အချိန်က ဆေးတက္ကသိုလ် တခုပဲ လျှောက်ခဲ့တယ်။ နောက်တော့ ဝင်ခွင့်မရဘူးဆိုပြီး ဖြစ်တယ်။ ကျောင်းတွေ လိုက်စုံစမ်းတဲ့အခါကျ အထက်က ညွှန်ကြားချက် မရှိဘူးလို့လည်း သိရတယ်” ဟု ပြောသည်။

၂၀၁၇ – ၁၈ ပညာသင်နှစ်တွင် အောင်မြင်ခဲ့သည့် ယင်းကျောင်းသားများအနက် ၈၀ ရာခိုင်နှုန်းခန့်မှာ တက္ကသိုလ်တက်ရောက်ခွင့်အတွက် ဆေးတက္ကသိုလ် တခုတည်းကိုသာ ဦးစားပေး လျှောက်ထားခဲ့သူများ ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်သည့် စနစ်သစ် တက္ကသိုလ်ဝင်ခွင့်ကြောင့် ဆေးတက္ကသိုလ်အပြင် အခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်များအား တက်ရောက်ခွင့် မရှိတော့ခြင်းနှင့် ပတ်သက်၍ ကျောင်းသားနှင့် မိဘများက ဒီဇင်ဘာလက ၂ ရက်ကလည်း မန္တလေးမြို့ Community Center တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

ဘာသာစုံဂုဏ်ထူးရှင် မအေးငြိမ်းငြိမ်းမော်၏ မိခင်ဖြစ်သူ တောင်ကြီး တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ကထိက ဒေါ်ခင်ငြိမ်းငြိမ်းအေးက “ဝင်ခွင့်ရွေးချယ်စိစစ်ရေးအဖွဲ့က အခြားတက္ကသိုလ်တခုခု ထပ်ဖြည့်ပါဆိုပြီး SMS ပေးပို့လာတဲ့ အတွက် သွားဆေး (သွားဆေးတက္ကသိုလ်) ကို ထပ်ဖြည့်ခဲ့ပါတယ်၊ အဲဒီလိုလျှောက်ထားခဲ့တာကို သူတို့က ပယ်ထားခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလိုကြောင့် ကျမ စုံစမ်းမေးမြန်းတဲ့အခါမှာ အမှတ်မမီတဲ့အတွက် တက်ရောက်ခွင့် မရှိဘူး” ဟု ပြောသည်။

စနစ်သစ်ဟုဆိုကာ ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်များအား ပြောင်းလဲသတ်မှတ်ခြင်းမှာ ပြဋ္ဌာန်းပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေအရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပညာရေးဝန်ထမ်းများထံမှ သိရသည်။

ရတနာပုံတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန ကထိက ဦးသုတ က “အမှတ် ၅၀၀ ကျော်နဲ့ အောင်မြင်ခဲ့တဲ့ ကလေး ၂၁၇ ယောက်ဟာ ဘယ်တက္ကသိုလ်မှ တက်ခွင့်မရဘူးဆိုတာ ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲ့မှု အလွန်ညံဖျင်းတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ၊ ဆက်စပ်ဝန်ကြီးဌာနတွေ ညံ့ဖျင်းလို့ ဒီလို ဖြစ်ရတာကို ကျနော်တို့ ပြည်သူတွေက ခံကြရဦးမှာလား။ ဒါကို သက်ဆိုင်ရာကနေ ဘယ်လို ကုစားပေးမလဲဆိုတာ သိပ်ကို အရေးကြီးပါတယ်” ဟု ဆိုသည်။

လက်ရှိ ပညာသင်နှစ်အတွက် မြန်မာတနိုင်ငံလုံးရှိ ဆေးတက္ကသိုလ် ငါးခုအတွက် ကျောင်းသား ၂၀၀၀ ခေါ်ယူရန် အစိုးရက စီစဉ်ထားပြီး ယင်းတက္ကသိုလ်များတွင် ဝင်ခွင့်ရမည့်သူများအား ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်သွားမည်ဟု သိရပြီး အချို့သော တက္ကသိုလ်များတွင်မူ ဘာသာရပ်အလိုက် တက်ရောက်ခွင့် ရရှိသူများစာရင်းကို ကြေညာနေပြီ ဖြစ်သည်။

ဆေးတက္ကသိုလ် တက်ရောက်ခွင့် ပယ်ခံရကာ အခြားတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပါ ဆုံးရှုံးနေသည့် ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများက နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်က အသနားခံစာ ပေးပို့ထားသည်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “ဆေးကျောင်းတွေအားလုံးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ကိုင်တာပါ။ ဒါကြောင့် သူတို့ကပဲ ပိုပြီး မှန်အောင် ပြောနိုင်ပါလိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအား မေးမြန်းရာ ဌာနညွှန်ကြားရေးမှူး ဒေါက်တာကျော်ခိုင်ဦးက “ကျနော်တို့ ဌာနအနေနဲ့က ဝန်ထမ်းရေးရာကိုပဲ အဓိက ကိုင်ထားပါတယ်။ ကျောင်းသားရေးရာကဏ္ဍက ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး ခင်ဗျ၊ တက္ကသိုလ်ဝင်ခွင့်က တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ကနေ ကိုင်တွယ်တာပါ” ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်အဖွဲ့မှ အမည်အဖော်လိုသူ တာဝန်ရှိသူတဦးက “ဝင်ခွင့်ရွေးချယ်တဲ့အခါမှာ မှန်မှန် ကန်ကန်ပဲ လုပ်ခဲ့ကြတာပါ။ အခုဖြစ်တဲ့ ပြဿနာကို ပြောရမယ်ဆိုရင် ဆေးတက္ကသိုလ် ဝင်ခွင့်တခုထဲပဲကို သူတို့က Choice (ရွေးချယ်) လုပ်ခဲ့ကြတာ။ အချို့ဆိုရင် ဆေးတခုတည်းပဲ ပါလာတယ်။ အဲဒီတော့ အမှတ်တွေနဲ့ ဖြတ်တဲ့အခါမှာ အမှတ်မမီတဲ့အတွက် ပယ်ခဲ့ရတာပါ။ ရှမ်းပြည်တောင်ပိုင်း အနေနဲ့ကတော့ အဲဒီလိုပယ်ခံရတဲ့အတွက် အခြားတက္ကသိုလ်တခုခုကို လျှောက်ထားလို့ရအောင်အတွက် အချိန်မီ အကြောင်းကြားပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပညာသင်ခွင့် ဆုံးရှုံးရသူ ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့်မြင့်ပညာဦးစီးဌာနက မန္တလေးနှင့် ရန်ကုန်မြို့ရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ပညာရေး တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၈ ခုတွင် လျှောက်ထားခွင့် ပြုထားကြောင်း သိရသည်။

ပြည်သူ့ကျန်းမာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်၊ ဒေါက်တာသောင်းလှိုင် ကလည်း “အဲဒီကလေးတွေအတွက် နောက်ထပ်ပြန်ပြီး စဉ်းစားပေးတာကို လုပ်မယ်၊ မလုပ်ဘူးဆိုတာကတော့ ပညာရေးဌာနနဲ့ လက်ရှိတက္ကသိုလ်တွေနဲ့ပဲ ဆိုင်မယ်လို့တော့ ကျနော်ထင်ပါတယ်။ ခေတ်စနစ်အရ အင်ဂျင်နီယာ၊ ဆရာဝန်ဘက်မှာပဲ လူတော်ဆိုတာမျိုးက မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဗမာအသိုင်းအဝိုင်း မိဘတွေက မပြောင်းလဲကြသေးဘူး။ လုပ်ငန်းခွင် အခွင့်အလမ်းက နည်းနည်းရှားနေဆဲမို့လေ။ တကယ်တမ်းမှာက နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာက ဘက်ပေါင်းစုံက ပညာရှင်တွေ၊ လူတော်တွေ အများကြီး လိုအပ်ပါတယ်” ဟု ဆိုသည်။

ဝင်ခွင့် ပယ်ခံရသူများအနက် ကျောင်းသားအချို့မှာ တက္ကသိုလ်များတွင် တက်ရောက်ခွင့်ရှိသူ စာရင်း၌ နာမည် မပါဝင်ခြင်း၊ ဆေးတက္ကသိုလ်နှင့်အတူ လျှောက်ထားခဲ့သည့် အခြားသော တက္ကသိုလ်များတွင် နာမည်စာရင်းနှင့် Roll နံပါတ်များ ထွက်နေသည့် ဖြစ်စဉ်များ ရှိသည်ဟုလည်း သိရသည်။

ဆေးတက္ကသိုလ် ဝင်ခွင့်ရသူများ စာရင်းကြေညာသည့်အခါ အရေအတွက် မပြည့်ပါက ပယ်ချခံထားရသူများကို ဦးစားပေး စဉ်းစားစေလိုသည်ဟုလည်း ဝင်ခွင့်ပယ်ချခံထားရသည့် ကျောင်းသားများက ပြောဆိုလျက် ရှိသည်။

ဘာသာစုံဂုဏ်ထူးရှင် မအေးငြိမ်းငြိမ်းမော် က “သမီးက အမှတ် ၅၀၈ မှတ်၊ ဘာသာစုံဂုဏ်ထူးနဲ့ အောင်တယ်။ ဆေးကျောင်း လျှောက်တယ် မရဘူး။ သွားဆေးကို လျှောက်တယ်၊ ဒါလည်း မရဘူး။ သမီးကို ဘယ်တက္ကသိုလ်ကမှ လက်မခံဘူးဆိုတော့ အရမ်းခံစားရပါတယ်။ အခုက အဝေးသင်နဲ့ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ပဲ တက်ရမလို ဖြစ်နေတယ်။ သမီး တကယ်ဝါသနာပါတဲ့ ဆေးကျောင်းကိုပဲ တက်ချင်လို့ အခက်အခဲတွေ အများကြီးကြားမှာ သင်ကြားခဲ့ရပြီး အရမ်းကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဆေးကျောင်းကိုပဲ တက်ချင်ပါတယ်” ဟု ပြောသည်။

Your Thoughts …
Tags: ဂုဏ်ထူးရကျောင်းသားဆေးတက္ကသိုလ်ဆေးဝင်ခွင့်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေသည့် ကျောင်းသားအရေအတွက် ယခုနှစ်တွင် ၂၀၁၉ ခုနှစ်က အရေအတွက်ထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်

စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်

by ဖီးနစ်
21 June 2023
12.4k

စစ်ကောင်စီအစိုးရမှ ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ အောင်စာရင်းများနှင့် အမှတ်စာရင်းများ ထွက်လာခဲ့သည်။

မန္တလေး တိုင်းရင်းဆေးရုံကြီးရှေ့ ပုဒ်မ ၁၅(စ)အပေါ် ကန့်ကွက်ခြင်း လှုပ်ရှားမှု တခု  /  Myat Sukyi

ဝေဖန် ကန့်ကွက်မှုများ နှင့် တိုင်းရင်းဆေး ဥပဒေသစ် အသက်ဝင်မလား

by သဇင်လှိုင်
15 December 2018
17.3k

မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်က ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုလိုက်သည်။

Next Post
မငြိမ်းချမ်းခြင်းရဲ့ မြေစာပင်များ (ရုပ်/သံ)

မငြိမ်းချမ်းခြင်းရဲ့ မြေစာပင်များ (ရုပ်/သံ)

အလှမယ် ရွှေအိမ်စည် / Shwe Eain Si's Facebook

Miss Supranational မှာ အားပေးတဲ့ ပရိသတ်မျက်နှာမငယ်ရအောင် ယှဉ်ပြိုင်မယ့် ရွှေအိမ်စည်

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate