သတင်း

မူပိုင်ခွင့်အငြင်းပွားနေသည့် iPhoneများ ရောင်းချမှု တရုတ်တားမြစ်

Want create site? Find Free WordPress Themes and plugins.

မူပိုင်ခွင့်အငြင်းပွားနေသည့် iPhone နှင့် ပတ်သက်၍ တရုတ်တရားရုံး တရုံးက ပြည်တွင်း၌ ရောင်းချ ခြင်းအား တားမြစ်မိန့် ထုတ်ပြန်လိုက်ကြောင်း အမေရိကန် Chip ထုတ်လုပ်သည့်အကြီးစားကုမ္ပဏီ Qualcomm က တနင်္လာနေ့တွင် ပြောကြား ကြောင်း Bangkok Post သတင်းကဆိုသည်။

Qualcommက ထုတ်ပြန်သည့်ကြေညာချက်တွင်  Apple ၏ လက်ခွဲလုပ်ငန်း ၄ ခုကို ပစ်မှတ်ထား၍ အကြိုတရားရုံးအမိန့် ၂ ခုကို ဖူကျင့်ပြည်နယ်၏ မြို့တော် ဖူကျုတ် ဥပစာ ပြည်သူ့တရားရုံးက တောင်းခံခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမိန့်များအရ iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus and iPhone X များ တရုတ်ပြည်တွင်း ရောင်းချနေ ခြင်းကို ချက်ချင်း ရပ်တန့်ရန် ဆိုထားကြောင်း တွေ့ရသည်။

ပဏာမ တားဝရမ်းသည် Apple AAPL, +0.66% နှင့်Qualcomm QCOM, +2.23% တို့အကြား ရှည်ကြာသော တရားစွဲ ဆိုမှုတွင် နောက်ဆုံး အလှည့်အပြောင်းဖြစ်ပြီး ဆန်ဒီယေဂို အခြေစိုက် Qualcomm QCOM, +2.23% သည် တရုတ်နိုင်ငံတွင် မူပိုင်ခွင့် ချိုးဖေါက်မှုဖြင့် Apple ကို အမှုပေါင်း တဒါဇင်ကျော် စွဲဆိုထားသည်။

အဆိုပါအရွေ့မှာ ကာလီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး ၂ ခုအကြား ကမ္ဘာနှင့်အဝှန်း အုပ်ချုပ်ရေး ယန္တရားနှင့် တရားရေးဆိုင်ရာနယ်ပယ်တို့တွင် အပြိုင်အဆိုင်ဖြစ်ပွားနေသည့် မူပိုင်ခွင့် နှင့်အခကြေးရပိုင်ခွင့်တို့အပေါ် ကာလရှည်ကြာ အငြင်းပွားနေမှု၏ နောက်ဆုံးဖြစ်စဉ်ဟု သတ်မှတ်ကြသည်။

“ကျနော်တို့ကို လျော်ကြေးပေးဖို့ ငြင်းနေတုန်းမှာပဲ Apple က ကျနော်တို့ ဉာဏပစ္စည်းပိုင်ဆိုင်မှုကနေ အကျိုးအမြတ်တွေ ဆက်ရနေတုန်းပါပဲ။ အခုတရားရုံးအမိန့်တွေက Qualcomm ရဲ့ကျယ်ပြန့်တဲ့ မူပိုင်ခွင့်အခိုင်အမာရှိတယ်ဆိုတာ နောက်ထပ် အတည်ပြုပေးလိုက်တာပဲဖြစ်ပါတယ်” ဟု Qualcomm ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌနှင့်အထွေထွေအတိုင်ပင်ခံ ဒွန်ရို ဆန်ဘတ် က တနင်္လာနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားထားသည်။

တရုတ်နိုင်ငံတွင် တရားဆိုင်ခဲ့သော အဆိုပါအမှုသည် Touchscreen စနစ်သုံး၍ မိုဘိုင်း App များစီမံရာတွင် ဓာတ်ပုံများ ထွက်ပေါ်လာမှုနှင့် ပုံအရွယ်အစားတို့ကို သုံးစွဲသူများအနေဖြင့် ချိန်ညှိနိုင်၊ ပြန်ဖျက်နိုင်သည့် လုပ်ဆောင်ချက်၏ မူပိုင်ခွင့် အပေါ် အခြေခံကြောင်း Qualcomm ကုမ္ပဏီက ဆိုသည်။

Apple ကမူ Qualcomm ၏ ကြိုးပမ်းနေမှုနှင့် ပတ်သက်၍ ကမ္ဘာတလွှားရှိ စည်းမျဉ်း စည်းကမ်းများ အောက်တွင် ရှိနေသည့် ကုမ္ပဏီတခု၏ တရားမဝင် လက်တွေ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ် တုံ့ပြန်သည်။

ထို့အပြင် Qualcomm ကုမ္ပဏီအနေဖြင့် ၎င်းတို့ ဘယ်တုန်းကမှလုပ်ဆောင်ခဲ့ဖူးခြင်းမရှိသော မူပိုင်ခွင့် ၃ ခုနှင့်ပတ်သက်၍ အခိုင်အမာပြောကြားနေကြောင်း၊ ယင်းတို့ပါဝင်သည့် တခုမှာလည်း မှန်ကန်မှုမရှိဟု ပေါ်ပေါက်ခဲ့ကြောင်း Apple က ၎င်းကြေညာချက်တွင် ဖြည့်စွက်ပြောသည်။

အဆိုပါတရားရုံးအမိန့်ကို နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရုံးတော်တွင် ဥပဒေကြောင်း ဆောင်ရွက်၍ ရသမျှကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Apple က ဆိုသည်။

ဝေါ်စထရိ ဂျာနယ်ကမူ iPhone  များကို တရုတ်နိုင်ငံထဲတွင် ရောင်းဝယ်ဖောက်ကားဆဲဖြစ်ကြောင်း ရေးသားထားပြီး၊ တရားရုံးက ထုတ်သည့် စာလွှာတွင်  iPhone Xs နှင့် Xr တို့အပါအဝင် နောက်ဆုံးပေါ်မော်ဒယ်များအပေါ် သက်ရောက်မှုမရှိကြောင်း သိရသည်။

ယခုတရုတ်တရားရုံး၏ အမိန့်သည်လည်း ကနေဒါနိုင်ငံတွင် တရုတ်နည်းပညာ ကုမ္ပဏီကြီး Huawei ၏ ထိပ်တန်း အမှုဆောင်တဦးကို အမေရိကန်ဖမ်းခိုင်း၍ ဖမ်းထားခြင်း၊ ဝါရှင်တန်နှင့် ဘေဂျင်းတို့ အကြား ကုန်သွယ်ရေး စစ်တင်းမာမှု တိုးပွားနေခြင်းတို့ ဖြစ်ပေါ်နေသည့်ကာလနှင့် တိုက်ဆိုင်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading