ကနေဒါ စီးပွားရေးသမား မိုက်ကယ် စပေဗာ ကို တရုတ်အာဏာပိုင်များက စစ်ကြောမေးမြန်း နေကြောင်း သတင်းပို့ပြီး နောက်ပိုင်း ၎င်းထံသို့ ဆက်သွယ်၍မရတော့ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန် ကြောင်း Bangkok Post ကဆိုသည်။
မိမိတို့၏ ကနေဒါနိုင်ငံသား ဒုတိယတဦးသည် တရုတ်နိုင်ငံတွင် ဒုက္ခရောက်နေနိုင်ဖွယ်ရှိကြောင်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီး ခရစ္စတီးယားဖရီးလန်းက သတင်းထောက်များကို အစောပိုင်းတွင် ပြောကြားခဲ့သည်။ တရုတ်အာဏာပိုင်များသည် ယခင်ကနေဒါသံတမန်ဟောင်း မိုက်ကယ် ကော့ဗရစ်ကို တနင်္လာနေ့က ဖမ်းဆီးထားခဲ့ပြီးဖြစ်သည်။
မိုက်ကယ်စပေဗာ ပျောက်ဆုံးနေခြင်းကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက နိုင်ငံရေးခြားရေးပြောရေးဆိုရှိသူ ဂယ်လန်းဘယ်ရူဘီ က ကနေဒါနိုင်ငံတွင် ကြေညာချက်တစောင်ထုတ်ပြန်၍ ထုတ်ဖော်ပြောခဲ့ သည်။ စပေဗာ သည် တရုတ်နိုင်ငံမြောက်ပိုင်း ဒန်ဒုံမြို့အခြေစိုက် စီးပွားရေးသမားတဦးဖြစ်ပြီး မြောက် ကိုရီးယားနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆောင်ရွက်နေသည်။
စပေဗာ ရှိနိုင်မည့်နေရာကို ဖော်ထုတ်နိုင်ရန် ကနေဒါအစိုးရက အပူတပြင်းရှိနေပြီး ထိုကိစ္စပေါ်ပေါက် ရေးအတွက် တရုတ်အစိုးရနှင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဘဲရူဘယ်က ပြောကြားခဲ့သည်။
Huawei ဘဏ္ဍာရေးမှူးချုပ် ဖမ်းဆီးခံရမှု တရုတ်နိုင်ငံက လက်တုံ့ပြန်မည်ဆိုသည်ကိုမူ ကနေဒါရှိ သုတေသီတချို့က ဟောကိန်းထုတ်ပြီးဖြစ်သည်။