ဆင်များအပေါ် ငဲ့ညှာခြင်း” အမည်ပေးထားသည့် ၂၀၁၈ ခုနှစ် ဆင်များဖြင့် သွားလာခြင်း ခရီးသွား လုပ်ငန်းပြပွဲ ကို ဆင်ကယ်တင်ရေး ဖောင်ဒေးရှင်း (Save Elephant Foundation) နှင့် အာရှဆင် စီမံကိန်း(Asian Elephant Projects ) တို့က ဦးစီးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ယနေ့ပြုလုပ် ကြောင်းသိရသည်။
ဆင်ခရီးသွားလုပ်ငန်း(Elephant tourism)သည် ထိုင်းနိုင်ငံတွင် လုပ်ကိုင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ် သော်လည်း မကြာ သေးမီနှစ်များကမှ ဆင်စီးခြင်း (သို့မဟုတ်) ဆပ်ကပ်ပွဲပုံစံ ပြသခြင်းအစီအစဉ် တို့မှာ ဆင်များအပေါ် ငဲ့ညှာမှုအနေဖြင့် ခရီးသွားလုပ်ငန်းများတွင် လျှော့ချလာခဲ့ပြီး ဆင်များသက် တောင့်သက်သာစွာဖြင့် ကျန်းမာအသက်ရှည်ရေး ဦးစားပေးလုပ်ဆောင်လာကြသည်။
ဆင်များအပေါ် ငဲ့ညှာမှုဝတ္တရား ဦးစားပေးသည့် ခရီးသွားလုပ်ငန်းရှင်များက ပြည်တွင်းခရီးသွား အေဂျင်စီများ နှင့်အတူ လက်တွဲ၍ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဆင်များ၊ သဘာဝပတ်ဝန်းကျင်၊ လူမှု အသိုင်းအဝိုင်းငယ်များနှင့် ထိုင်းစီးပွားရေးအတွက် အကျိုးရှိ စေပုံများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်ဆောင်နိုင်မည် ဟု ဆင်ကယ်တင်ခြင်း ဖောင်ဒေးရှင်း (Save Elephant Foundation) တည်ထောင်သူ Sangduen Chailert က ယုံကြည်နေသည်။
အဆိုပြပွဲကို ချင်းမိုင်ကောလိပ်မှ ထူးခြားသောအနုပညာသရုပ်ဖော်ပြကွက်များဖြင့် စတင်ဖွင့်လှစ်ပြီး၊ ဆင်ခရီးသွား လုပ်ငန်းရှင်များနှင့် ခရီးသွားအေဂျင်စီများအကြား စီးပွားရေးနှီးနှောဖလှယ်ပွဲများ၊ ခရီးသွားကွန်ရက်ချိတ်ဆက်ခြင်းအတွက် အချိန်တိုတင်ဆက်မှုများ ပါဝင်သည်။
ပြပွဲအဓိကနေရာတွင် သမရိုးကျဆင်စီးခြင်းကို အသွင်ပြောင်းလဲတင်ဆက်ထားသည့် ဆင်ပုခက် နှင့် ပတ်သက်၍ ဆိုင်ရာ စီမံလုပ်ဆောင်ထားမှုများအား အာရှဆင်စီမံကိန်း(Asian Elephant Projects) က ပြခန်းပေါင်း ၃၀ ဖြင့် ခင်းကျင်းပြသသွားရန် စီစဉ်ထားသည်။
ပြပွဲအပြီးတွင် ညစာစားပွဲတခုနှင့် Rose Sirinthip, Baitoey R-SIAM, King The Star နှင့် Bow Benjasiri တို့အပါအဝင် နာမည်ကျော်ထိုင်းအနုပညာရှင်များ၏ ဖျော်ဖြေမှုအစီအစဉ်များဖြင့် အခမ်းအနားရုတ်သိမ်းမည်ဖြစ်သည်။