သတင်း

လုပ်ငန်းရှင်များ ကိုယ်ကျိုးတခုတည်း မကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ကျိုးအတွက်သာမကပဲ နိုင်ငံအတွက်ပါ လုပ်ဆောင်ခြင်းဖြစ် သည် ဆိုသည့် စိတ်ဓာတ် မွေးမြူကြရန် နိုင်ငံတော်၏ အတိုင်ပင် ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က တိုက်တွန်းပြောကြား လိုက်သည်။

ယနေ့ နေပြည်တော်ရှိ MICC 2 တွင် မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ အခမ်းအနား အဖွင့်အမှာစကားပြောကြားစဉ်က ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “စီးပွားရေးလုပ်တယ်ဆိုတာ ငါတို့အတွက်သာ မဟုတ်ဘူး။ ငါတို့နိုင်ငံအတွက် လုပ်တယ် ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူကြပါ။ ဒါဟာ ခေတ်မရှိတဲ့ စိတ်ဓာတ်လို့ မထင်ပါနဲ့။ ခေတ်မရှိဘူးလို့ဆို လို့ရှိ ရင် လည်း ခေတ်ကို ရှေ့ပြေးနေလွန်းလို့ ခေတ်မရှိတာပါ။ ခေတ်နောက်ကျတာမဟုတ်ပါဘူး။ ရှေ့ကို ခေတ် ပြေး တဲ့အနေနဲ့ကိုယ့်နိုင်ငံကို တကယ်ကို ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ဖို့ ကျမတို့ လူ ငယ်စီးပွား ရေးလုပ်ငန်းရှင်တွေကကူညီစေချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံ အများစု စီးပွားရေး လုပ်ရာတွင် စီးပွားရေးကိုပဲ ဇောက်ချ လုပ်ကိုင်ခြင်းမှာ စီးပွားရေး တိုးတက်ရန်အတွက် အဓိကကျသည်ဟု ထင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသည့် လူငယ်များမှာ တမူခွဲခြား၍ ဆောင်ရွက် စေရွက်စေလို ကြောင်း၊ တီထွင်လိုသည့် စိတ်နှင့် အသစ်မြင်တတ်သည့်စိတ် ရှိရန်လိုအပ် ကြောင်း ကိုလည်း အတိုင်ပင်ခံက တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ပြင်ကိစ္စတစ်ခုကို လုပ်မကြည့်ရသေးဘဲ မရနိုင်ဟူသည့် စိတ်ဓာတ်မျိုးမထားရှိဘဲ မိမိမလုပ်ဖူးသည့် ကိစ္စ၊ မဖြစ်ဖူးးသော ကိစ္စများကို ဖြစ်အောင် လုပ်မည်ဟူသော စိတ်ဓာတ်မျိုးဖြင့် ဆက်သွားရမည်ဖြစ်ကြောင်း အတိုင် ပင်ခံ ပုဂ္ဂိုလ်က ဆက်လက်၍ တိုက်တွန်းပြော ကြား ခဲ့သည်။

ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကလည်း “အဓိကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အခွန်ဆောင်ဖို့ပေါ့နော်။ အခွန်ပေးဆောင်ပြီးရင်လည်း တဖက်က နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး အတွက် ပြည်သူတွေကို ပြန်ပြီးထောက်ပံ့တဲ့ အလှူဒါန်း တဲ့ ပုံစံမျိုးဝင်လာအောင် နိုင်ငံတော် အစိုးရ ၊နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်မျိုးက အမျိုးသားရေး စိတ်ဓာတ်မျိုး ဝင်လာအောင် ပြော ပေးရင်တော့ ပိုကောင်းပါတယ်။ အဲ့ဒီလိုပြောပေးရင်တော့ လူတွေရဲ့ စိတ်ဓာတ် ၊ပြောင်းလဲလာမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုက်ဆံရှိရုံဖြင့်မရဘဲ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ လုံခြုံရန် လိုအပ်ကြောင်း၊ လူငယ်လုပ်ငန်းရှင်များအနေဖြင့် လည်းနိုင်ငံကို မတူသည့် ပုံစံနှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝိုင်ဝန်းစဉ်းစားစေလိုကြောင်း အတိုင်ပင် ခံပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတွင် အမျိုးသမီးလုပ်ငန်းရှင် ဦးရေသည် တနှစ် ထက်တနှစ် တိုးတက်လာ ကြောင်း ၊ ယခုနှစ်တွင် အမျိုးသမီး ပါဝင်မှု ၅၈ ရာခိုင်နှုန်း ပါဝင်လာကြောင်း၊ လုပ်ငန်းရှင် အမျိုးသား၊ အမျိုးသမီးဦးရေ မျှမျှတတတိုး တက် စေလိုကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် လူငယ်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခေတ်အတွက်တင်မဟုတ်ဘဲ နောင်လာနောင်သားများ၏ စီးပွားရေးလမ်း ကြောင်းဖြောင့်ဖြူးသွားစေရန်နှင့် နိုင်ငံ၏ လူမှုရေး တောင့်တင်းခိုင်မာလာပြီး နိုင်ငံသူ နိုင်ငံသားများ စိတ် ဓာတ်မြင့်မား လာစေရန် စီးပွား ရေးလုပ်ငန်းမှ တစ်ဆင့် လုပ်ကြရန် အတိုင်ပင်ခံက မေတ္တာရပ်ခံခဲ့သည်။

အတိုင်ပင်ခံမိန့်ခွန်း ပြောပြီးချိန်တွင် လူငယ်လုပ်ငန်းရှင်အချို့နှင့်တွေ့ဆုံရာ၌ အစိုးရနှင့် ပုဂ္ဂိလိက လုပ်ငန်းရှင်တို့ မှန်မှန်တွေ့ဆုံ၍ ဆွေးနွေးနိုင်သည့် အခြေနေတခု လိုချင်ကြောင်း တောင်းဆိုခဲ့သည်။ အဆိုပါ အချက်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်က တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် စဉ်းစားရန် ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်းများအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင် သူရက ပြောသည်။

၎င်းက “မိမိတို့ နိုင်ငံ ကံကြမ္မာကို ဖန်တီးရန် နိုင်ငံရေး တစ်ခုထဲနှင့် မပြည့်စုံဘဲ စီးပွားရေး တောင့်တင်းရန် လိုအပ်သည့်အတွက် လူငယ် လုပ်ငန်းရှင်များက ပံ့ပိုးပေးစေလိုပါတယ်” ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading